Part - 11

2.6K 190 0
                                    

Kai : Soo !

Soo တစ်ယောက် Kai ရဲ့ ရင်ခွင်ထဲကို လဲကျသွားတယ် အဲ့အချိန်မှာပဲ Yeol တို့တတွေ ရောက်လာကြတယ် ဓားနဲ့ထိုးတဲ့ကောင်လေးအုပ်စုကတော့ ထွက်ပြေးသွားတာပေါ့လေ

Yeol : Kai

Kai : Soo Soo ကို လုပ်ပါအုံး

Kai မှာ Soo ကို ဖက်ထားပီး အရူးတစ်ယောက်လို အော်နေလေရဲ့

Baek : Soo Soo သတိထားအုံးလေ နင်ဘာမှမဖြစ်ရဘူးနော်

lulu : Soo Soo ဓားထိထားတယ်

Tao : ဒီတိုင်းနေလို့မဖြစ်ဘူး ဆေးရုံမြန်မြန်ပို့ရမယ်

Yeol နဲ့ Sehun က Soo ကို မြန်မြန်မပြီး ကားထဲကိုထည့်လိုက်တယ် ကားထဲမှာတော့ Tao က Soo ကို ထိန်းပေးထားတာပေါ့ Baek နဲ့ Luhan ကတော့ တစ်လမ်းလုံး ငိုနေလေရဲ့ Kai ကိုတော့ Yixing က ခေါ်လာခဲ့တယ် Kai မှာလည်းအသက်မရှိတော့တဲ့ လူတစ်ယောက်လိုပဲ သွေးရူးသွေးတန်းနဲ့ Soo နာမည်တစ်လုံးကိုပဲ ရေရွတ်နေတယ် ဆေးရုံရောက်တော့ Soo ကို Operation အခန်းထဲတန်းပို့တာပေါ့ Baek တို့ကတော့ အပြင်ကစောင့်နေကြတယ် တစ်နာရီလောက် ကြာရော Doctor ထွက်လာတယ်

Tao : ဆရာ လူနာအခြေနေ ဘယ်လိုရှိလဲဟင်

Doctor : စိုးရိမ်စရာမရှိတော့ပါဘူး ဓားကရှပ်ထိသွားတာဆိုတော့ မေ့ဆေးပေးပြီး ချုပ်ထားလို့ သတိမေ့နေတာပါ တစ်ယောက်ခန်းထဲပို့ဖို့ စီစဉ်ပေးမယ်

Tao : Nae ကျေးဇူးတင်ပါတယ် Doctor

ဓားထိုးခံရတုန်းက Soo က ဝင်ကာပြီး Kai ကိုဖက်လိုက်တော့ ဓားကSooရဲ့ခါးဘေးဘက်ကို ရှပ်ထိသွားတာပေါ့

2 Hours Later ;

လူနာတစ်ယောက်ခန်း ကုတင်ပေါ်မှာ Soo က လဲလျောင်းနေတယ် Kai ကတော့ ကုတင်ဘေးမှာထိုင်ပြီး Soo လက်ကို ကိုင်ထားကာ Soo သတိရလာဖို့ ဆုတောင်းနေတယ် Baek တို့ကတော့ လိုအပ်တဲ့ပစ္စည်းတွေသွားဝယ်တယ် Yeol တို့ကတော့ စားစရာသွားဝယ်ကြတယ် အခန်းထဲမှာ Kai Soo နှစ်ယောက်ထဲ ကျန်ခဲ့တာပေါ့

Soo : အာ့

Kai : Soo Soo သတိရလာပီနော်

Soo : ကို ဘာဖြစ်သွားသေးလဲ

Kai : ကိုဘာမှမဖြစ်ဘူး ဘာလို့ Soo က ကိုယ့်အစားဝင်ခံလိုက်တာလဲ

ကိုယ့်ရဲ့ဘုရင်မလေး [completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ