Korea နိုင်ငံရဲ့ နံပါတ်၂စာရင်းဝင်ဖြစ်ပြီး ဒိတ်ဒိတ်ကြဲ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီး Mr.Do နှင့် စိန်တိုက်အများစားပိုင်ဆိုင်တဲ့ သူဌေးမကြီး Mrs.Do မှ မွေးဖွားလိုက်တဲ့ တစ်ဦးတည်းသော သမီးလေး Do Kyung Soo ....
အသက် ၁၆ နှစ်အရွယ် Soo ဆိုတဲ့ ကောင်မလေးတစ်ယောက်က သူဌေးသမီးပီပီ Night Club အမြဲသွားတတ်တယ် အရမ်းကို Sexy ကျပြီး ထူးခြားတဲ့အလှတွေကို ပိုင်ဆိုင်ထားလေရဲ့ စွာတာကလည်းနှစ်ယောက်မရှိ သူမနားကို ကပ်ချင်တဲ့သူဌေးသားတွေမှဒုနဲ့ဒေး အဝေးကသာချင်းကပ်ကြတာ တိုက်ကွမ်ဒို ကရာတေး ဂျူဒို အားလုံးတတ်ထားတော့ အထိနာမှာလည်းကြောက်ကြတယ်လေ Soo နဲ့ တိုက်ကွမ်ဒိုကစားဖက်ကတော့ Tao ပေါ့
Soo မှာ အရမ်းချစ်ရတဲ့ သူငယ်ချင်းတွေရှိတယ် Soo ရဲ့အချစ်ဆုံးသူငယ်ချင်းတွေကတော့ lulu Baek နဲ့ Tao တို့ပဲပေါ့ သူတို့လေးယောက်က မူကြိုအရွယ်ထဲက တွဲမိကြတာလေ အခုအထက်တန်းပထမနှစ်ထိပေါ့ စိတ်တူကိုယ်တူ သူငယ်ချင်းတွေဖြစ်သလို တစ်ယောက်စိတ်ညစ်ရင် အားလုံးမျှဝေခံစားပေးတတ်တယ်
Soo သူငယ်ချင်းတွေရဲ့မိဘတွေကလည်း ထိတ်တန်းဝင် သူဌေးတွေပဲလေ ဒါ့အပြင် သူတို့လေးတွေကလည်း အခုအရွယ်ထဲက အရည်ချင်းတွေရှိကြတယ် Tao ဆို Eldorado Night Club ရဲ့ပိုင်ရှင်ဖြစ်တယ် lulu မှာတော့ ကိုယ်ပိုင် Deer Brand တံဆိပ်နဲ့ ဒီဇိုင်းတွေထုတ်ပီး Fashion ဆိုင် အကြီးကြီးရှိတယ် Baek မှာတော့ နာမည်ကြီး Brand တွေပဲတင်တဲ့ Cosmetic ဆိုင်ကြီး ဖွင့်ထားတယ် နောက်ဆုံး အဖွဲ့ရဲ့ခေါင်းဆောင် ဖြစ်တဲ့ Soo မှာတော့ နာမည်ကြီး Cafe တစ်ခုဖွင့်ထားတယ်
ဒီပိုင်ဆိုင်မှုတွေကို သူတို့အချင်းချင်းပဲ သိကြတယ် အများအမြင်မှာတော့ သူတို့လေးတွေဟာ လွတ်လပ်ပေါ့ပါ့းပြီး ချောမောလှပတဲ့ သူဌေးသမီးကျောင်းသူလေးတွေပေါ့
သူတို့တက်တဲ့ကျောင်းက XoXo University အဲ့ဒီကျောင်းကမူကြိုကနေ တက္ကသိုလ်အထိရှိတယ် သူဌေးသားသမီးတွေပဲတက်တဲ့ကျောင်းပေါ့လေ မူကြိုသာတက်ခွင့်ရရင် တက္ကသိုလ်ထိ ဆက်တက်နိုင်ပီလေ ဒီကျောင်းမှာနာမည်ကြီးတာတော့ Queen 4 ယောက်ပေါ့ အားလုံးနဲ့ခင်ခင်မင်မင်နေတယ် မရိုးမသားသူတို့နားကပ်လာတဲ့ ယောက်ျားတွေကိုတော့ပညာပေးတတ်တယ်
YOU ARE READING
ကိုယ့်ရဲ့ဘုရင်မလေး [completed]
Romanceအချစ်ကြောင့်ပြောင်းလဲသွားတဲ့ ကောင်မလေး Do Kyung Soo အချစ်ကို ပထမဆုံးတွေ့ဖူးတဲ့ ကောင်လေး Kim Jongin အရမ်းချစ်ကြပေမယ့် အချစ်စစ်တို့မည်သည် ဖြောင့်ဖြူးခြင်းသိပ်မရှိ ကံကြမ္မာရဲ့လှည့်ကွက်တွေကြားက ချစ်သူနှစ်ဦး ကျောင်းတော်ကြီးက ချစ်ဇာတ်လမ်းလေး