Part - 15

2.3K 195 8
                                    

ညနေခင်းပိုင်းအတန်းမရှိတဲ့အတွက် Kai တို့ကိုယ့်အိမ်မှာကိုယ် ရှိနေကြတယ် Yeol နဲ့ Yixing ကတော့ ဂီတာ သွားဝယ်တယ်
အိမ်မှာ Kai နဲ့ Sehun ပဲ ကျန်ခဲ့တာပေါ့

Kai : Sehun ငါမင်းကို မေးစရာရှိလို့

Sehun : အင်းမေးလေ

Kai : ငါ Soo အကြောင်းသိချင်တယ်

Sehun : မင်းပဲ Soo ကို စိတ်မဝင်စားဘူးဆို
သူ့အကြောင်းဘာလို့သိချင်တာလဲ

Kai : သူကငါ့အတိတ်ကချစ်သူဆိုတော့ ငါသိထားသင့်တယ်ထင်လို့

Sehun : အင်းငါပြောပြမယ်လေ ငါတို့ LA ကနေ Korea ကို ရောက်ရောက်ချင်း ငါတို့တွေ Sooတို့အဖွဲ့နဲ့ Club မှာစတွေ့တာ ပြီးတော့အတန်းလည်းတူတယ် နောက်တော့ သူငယ်ချင်းတွေဖြစ်သွားတယ် မင်းကြောင့် Soo က စိတ်ဓာတ်ကျနေရာကနေ ပုံမှန်ပြန်ဖြစ်သွားတာ ပြီးတော့ ငါတို့မှာမမေ့နိုင်တဲ့နေ့ရှိတယ် အဲ့ဒါ King&Queen ရွေးတဲ့နေ့လေ အဲ့နေ့မှာ မင်းနဲ့Yeolက King & Smart King ဆိုပြီးရတယ် Soo ကတော့ Queen ပေါ့ မင်းတို့နှစ်ယောက် အဲ့တုန်းက Soo ရဲ့ပါးတစ်ဖက်စီကို ပြိုင်တူနမ်းခဲ့ကြတယ် ငါတို့တောင်မထင်ထားဘူး အဲ့အချိန်တုန်းက ငါတို့တတွေအရမ်းကို ပျော်စရာကောင်းခဲ့တာ ပြီးတော့ ငါနဲ့lu အရင် ချစ်သူတွေဖြစ်တယ် နောက်တော့ မင်းနဲ့ Soo ချစ်သူတွေဖြစ်ကြတယ် မင်းတို့အတွဲကတော့ လူတိုင်းအားကျရတဲ့အတွဲပေါ့ Sooကလည်းမင်းကို သူ့အသက်ထက်ကို ပိုချစ်ခဲ့တာဘယ်လောက်ထိလဲဆို မင်းဓားထိုးခံရမှာကိုသူဝင်ခံခဲ့ဖူးတယ် အဲ့လောက်ထိပဲ

Kai : ငါကဘယ်လိုကနေ အတိတ်မေ့သွားတာလဲ

Sehun : အင်းတနေ့မှာငါတို့တတွေ ကစားကွင်းသွားခဲ့ကြတယ် ဖြစ်ချင်တော့အဲ့နေ့ကကြက်သားဆန်ပြုတ်ဆိုင်ရဲ့ နှစ်ပတ်လည်နေ့ဖြစ်လို့ကစားကွင်းမှာ စုံတွဲတွေအတွက်ပြိုင်ပွဲလုပ်ပေးတယ် မင်းနဲ့Soo ငါနဲ့lulu ဝင်ပြိုင်ကြတာပေါ့ ငါတို့တတွေဆုရပြီး ဆန်ပြုတ်ဆိုင်မှာ free စားခွင့်ရတယ် ငါတို့တွေဆိုင်မှာစားရင်း မင်းကSooအတွက်ရေခဲမုန့်သွားဝယ်ပြီး ပြန်အလာမှာကားတိုက်ခံရပြီးပျောက်သွားတာ
အဲ့နောက်မှာမင်းကိုပြန်တွေ့တော့ မင်းကငါတို့ကိုမမှတ်မိတော့ဘူးလေ

ကိုယ့်ရဲ့ဘုရင်မလေး [completed]Where stories live. Discover now