မြေအောက်ခန်းကြီးထဲတွင် ရှိနေသည့် တစ်ဦးတည်းသော သက်ရှိလူသားတစ်ယောက်မှာမူ လက်၊ခြေ အကုန်လုံး ကြိုးတုပ်ထားခြင်းကို ခံရထားသည့်အပြင် ကျောဘက်၌ မြှားတစ်ယောက်စိုက်ဝင်နေလျက် သတိလစ်မေ့မျောနေ၏ ။
ထို့နောက် နန်းတွင်းအပျိုတော် ဝတ်စုံဖြင့် မိန်းမပျို တစ်ယောက် ရောက်လာပြီးလျှင် သတိလစ်နေသော ယောက်ျားငယ်ဆီ ဖြည်းညှင်းသော ခြေလှမ်းများဖြင့် လျှောက်သွားကာ ထိုင်ချလိုက်သည် ။

သူမ မျက်နှာမှာ လှပသော်လည်း မနှစ်မြို့ဖွယ် ကောင်းသော အပြုံးတစ်ခုနှင့် ~~

" Park Chan Yeol နဲ့ သွားပတ်သက်မိတာကိုက ရှင့်အမှားပဲ ! "

စကားသံအဆုံးမှာ ထိုမိန်းမပျိုသည် သတိလစ်နေသော ယောက်ျားငယ်၏ ကျောဘက်မှ မြှားကို ဆတ်ခနဲ ဆွဲနှုတ်လိုက်သည် ။

စိုက်ဝင်နေသော မြှားကို ဆတ်ခနဲ ဆွဲနှုတ်ယူ ခံလိုက်ရသည့် ဒဏ်ကြောင့် ထိုယောက်ျားငယ်လေး၏ ခန္ဓာကိုယ်မှာ အနည်းငယ်မျှ လွန့်လူးလာပြီးနောက်တွင် မျက်တောင်များ တဖျတ်ဖျတ် ပွင့်လာလေ၏ ။

" Na Na ! "

Na Na အမည်ရှိ မိန်းမပျိုမှာ မြှားဒဏ်ရာနှင့် လဲကျနေသူ Byun Baek Hyun က သူမ၏ အစ်ကိုအရင်းမှန်း မသိဘဲ Chan Yeol အပေါ် ထားသော အငြိုးတွေကြောင့် အသက်ခြွေရန် စီစဉ်နေလေပြီ ။

" မင်း ... မင်း ဘာလို့ ??? "

အံ့အားသင့်မှုကြောင့် မှေးစင်းနေသော မျက်လုံးများပင် ပြူးကျယ်ချင်လာ၏ ။ ကျောဘက်မှ မြှားဒဏ်ရာက ဆစ်ခနဲ ... ။ ခန္ဓာကိုယ်တစ်ခုလုံး ချုပ်ထားခြင်း ခံရသဖြင့် နာကျင်နေသော်လည်း သည်းခံကာ Baek Hyun ထထိုင်လိုက်သည် ။

" ရှင် အခု အဆိပ်ပြင်းပြင်းမိထားတယ် ! "

တုံးတိတိ သူမစကားကြောင့် Baek Hyun ဘာမျှပြန်မပြောနိုင်ဘဲ ဒီအတိုင်း ကြည့်နေမိသည် ။

" မနက်ဖြန် နေမွန်းတည့်ချိန်မှာ ရှင်သေရမှာ ... "

ရုတ်တရက် အသည်းနှလုံးကို ဆုပ်ခြေလိုက်သလို ခံစားမှုမျိုးဖြင့် Baek Hyun တကိုယ်လုံး စိုးထိတ်မှုကြောင့် ကြက်သီးများ ထသွားရသလို မျက်ရည်များပင် လည်ချင်လာ၏ ။

SUPERNATURALWhere stories live. Discover now