Chapter Ten {Z+U}

6.3K 632 7
                                    


Zawgyi

Baek Hyun's pov :

သူတို့အခေါ် " ဆောင်ကြာမြိုင် " သို့ ရောက်တာနှင့် မိန်းမကြီးတစ်ယောက်က ကျွန်တော်တို့ကို ပျူငှာသည်ထက်ပိုသော ချွဲပျစ်သည့် ဘက်ရောက်သည့် အသံမျိုးနှင့် လာကြိုဆို၏ ။

" ဟယ် ! သခင်လေး Kim လာတာပဲ ။ ကြွပါရှင် ကြွပါ ။ အဟင်း ... မလာတာတောင် ကြာပြီနော် သခင်လေး ... "

ကြည့်ရတာ Jong Dae က ဒီကို မကြာခဏ လာတတ်ပုံ ရပါသည် ။ သို့သော် ကျွန်တော် ထိုမိန်းမကြီး၏ အပြင်အဆင်နှင့် စကားပြောဆိုပုံကို သဘောမကျ ။

" အခန်းတစ်ခန်း ပေးပါ မမကြီး ... ဒီတစ်ခါတော့ ရိုးရိုးတန်းတန်း သောက်ရုံပါပဲ ။ အေးအေးဆေးဆေး ဖြစ်မယ့် နေရာတစ်ခုပဲ စီစဉ်ပေးပါ "

" အိုး ... ကောင်းပါပြီရှင် "

ပြောပြီး တခစ်ခစ်ရယ်ကာ ကျွန်တော်တို့ကို ဦးဆောင် ခေါ်သွားသည် ။ ကျွန်တော်လည်း ဟိုငေးသည်ငေးနှင့် လိုက်ပါသွားသည် ။

ကျယ်ဝန်းလှပပြီး ညဘက်မို့ မီးပုံးကလေးများဖြင့် အလှဆင်ထား၏ ။ သို့ပေမယ့် သည်လှပသော နေရာတွင် လူတို့ ဖြစ်ပျက်နေပုံကို ကျွန်တော် သဘောမကျပါ ။ သေရည်ဟု ခေါ်သော အရာကို သောက်သုံး၍ ယောက်ျားတို့မှာ မူးရူးနေပြီး မိန်းကလေးများနှင့် မိုးမမြင် လေမမြင်ဖြစ်နေသည် ။ မိန်းကလေးတို့ကလည်း ရှက်ရွံ့ခြင်းမရှိ ။ အပေါ်ဝတ်အင်္ကျီတောင် မပါဘဲနှင့် ယောက်ျားတို့နှင့် ပျော်မြူးနေသည် ။ သည်မိန်းကလေးတွေ အရှက်တရားရော ရှိကြသေးရဲ့လား ??

ကျွန်တော် စိတ်ပျက်စွာဖြင့် မျက်မှောင်ကြုတ်လျက် လှည့်ပတ်ကြည့်နေစဉ် Chan Yeol ကျွန်တော့်ဘေး ရောက်လာသည် ။

" စိတ်ညစ်နေပြီလား ?? "

" အင်း ... ဒါ ဘယ်လို နေရာကြီးလဲကွာ ?? မြင်ရတွေ့ရတာ အော်ဂလီဆန်ချင်စရာတွေချည်းပဲ "

မျက်နှာကို ရှုံ့မဲ့ရင်း ကျွန်တော် ပြောလိုက်တော့ Chan Yeol က တစ်ချက် ရယ်လိုက်သည် ။

" မျိုးနွယ်ကြီးက လူတွေ လာလေ့ရှိတဲ့ ဆောင်ကြာမြိုင် ပေါ့ကွာ ။ လူချမ်းသာတွေက ဒီမှာ လာပြီး အပန်းဖြေလေ့ရှိကြတယ် ။ အရက်သောက်တယ် ။ မိန်းမတွေနဲ့ စိတ်ကြိုက်ပျော်မြူးတယ် "

SUPERNATURALWhere stories live. Discover now