Chapter Eleven {Z+U}

5.8K 584 10
                                    


Zawgyi

Baek Hyun's point of view :

လုံခြုံနွေးထွေးလွန်းတဲ့ ရင်ခွင်တစ်ခုထဲ ရောက်နေသလို ခံစားမှုဖြင့် ကျွန်တော် နိုးထလာခဲ့သည် ။

မျက်လုံးအစုံကို ဖွင့်လိုက်သည်နှင့်အတူ ဆီးကြိုနေသော မြင်ကွင်းက ... ... ... ... ... ။

Chan Yeol ၏ မျက်နှာ ။

ကျွန်တော် အိပ်နေတာကလည်း သူ့ရင်ခွင်ထဲမှာ ... ။

ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ကြည့်မိတော့ ... မိန်းကလေး အဝတ်အစားကိုမှ အပေါ်ရုံ အဝတ် ကျွတ်လို့ ... ရင်လျှားနှင့် ဖြစ်နေသည် ။

* ughh ... ညက စိတ်ရှုပ်လို့ ဆွဲချွတ်ထားတာပဲ ဖြစ်မယ် *

ဒါပေမယ့် ... ကျွန်တော် Chan Yeol ရင်ခွင်ထဲ ဒီလို အနေအထားနဲ့ ရောက်နေတယ်ဆိုတာ သိသွားလည်းပဲ ... ... ကျွန်တော် လန့်ပြီး မရုန်းမိပါလား ????

ဟော ... ... လက်တစ်ဖက်က Chan Yeol မျက်နှာပေါ်တောင် ရောက်သွားပြီ ။

သူ့နဖူးပြင်ပြေပြေလေး ... သူ့မျက်ခုံး တန်းတန်းလေး ... မျက်လုံးမှိတ်ထားသဖြင့် ပေါ်ထွက်နေသော နုဖတ်နေသည့် မျက်ခွံလေး ... နှာတံစင်းစင်းလေး ... ပါးပြင်နုနုလေး ... နောက်ပြီး ... ... ဆွဲဆောင်မှုရှိသည့် နှုတ်ခမ်းသား ...

ကျွန်တော့်ကိုယ် ကျွန်တော် မသိလိုက်ပါဘဲနှင့် သူ့မျက်နှာ နေရာအနှံ့လိုက်ကိုင်တွယ်နေမိသည် ။

သူ့မျက်ခုံးလေး တစ်ချက်တွန့်ကာ ကျုံ့သွားပြီး သူ့မျက်နှာပေါ်က ကြွက်သား တချို့ လှုပ်ရှားသွားသဖြင့် သူ နိုးလာပြီ ဆိုတာ သိပေမယ့်လည်း ကျွန်တော် မရပ်နိုင်ပဲ သူ့ပါးပြင်ကို လက်ဖြင့် ထိထားမိ၏ ။

* ကျွန်တော် လုံးဝ စိတ်လွတ်နေတာပဲ *

နောက်ပြီးတော့ ... ... ...

Chan Yeol ပါးပြင်ပေါ်မှာ ရပ်နားနေတဲ့ ကျွန်တော့်လက်ကို ကြီးမားကျယ်ပြန့်တဲ့ လက်ဖဝါးတစ်ခုက လာအုပ်ကိုင်ပြီးနောက် ... ... ။

Chan Yeol မျက်လုံးတို့ ပွင့်လာပြီး ကျွန်တော့် မျက်လုံးတည့်တည့် ရီဝေဝေ ကြည့်နေသည် ။

ကျွန်တော့် ဦးနှောက်လည်း ခေတ္တချို့ယွင်းသွားတယ် ထင်ပါရဲ့ ... ဘယ်လို တုံ့ပြန်ရမယ်ဆိုတာကို ခိုင်းစေလို့ မရတော့တာ ဖြစ်မည် ။

SUPERNATURALWhere stories live. Discover now