Chapter One {Z+U}

25.8K 1.2K 14
                                    

{Zawgyi}

ကျယ်ပြန့်သော လွင်ပြင်တစ်ခုတွင် ....

ကောင်းကင်ပြာပြာ လေတဖြူးဖြူး မြက်ခင်းစိမ်းစိမ်း စသော သဘာဝမြင်ကွင်းတို့ဖြင့် သာယာလှပနေသော လွင်ပြင်ကလေး။

ထိုသို့သော သဘာဝရှုခင်းကို ထောင်ချီသော လူစုတို့က ဖျက်စီးပစ်လိုက်လေသည်။

သာယာလှပနေသော ရှုခင်းလေး ရုပ်ဆိုးအကျည်းတန်သွားခဲ့ရပြီ။

ကောင်းကင်ပြာပြာကြီးလည်း မလှပနိုင်တော့ပါ။

လေထုထဲမှာလည်း အော်ဟစ်သံတွေ ညည်းညူသံတွေနှင့် ညစ်ညမ်းနေခဲ့ပြီ။

မြက်ခင်းများမှာလည်း ထောင်ချီသော လူတို့၏ နင်းခြေခြင်း ခံရသောကြောင့် ပျက်စီးခဲ့ရပြီ။

မြေပြင်ပေါ်မှာလည်း သွေးစက်များဖြင့် ရဲရဲတောက်ခဲ့ပြီ။

သာယာလှပနေသော မြင်ကွင်းတစ်ခုကို ရုတ်ချည်း ရုပ်ဆိုးအကျည်းတန်အောင် လုပ်ခဲ့သူမှာ မည်သူနည်း?

အဖြေက 'စစ်ပွဲ' ပါ။

အကြောင်းအမျိုးမျိုးကြောင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်တိုက်ကြသည်။

ရှုံးနိမ့်သူတို့အတွက် ကျွန်ခံ သို့မဟုတ် သေလမ်း။

ထိုသို့သော စစ်ပွဲမျိုးကို ဘာကိစ္စဖန်တီးကြပါသနည်း?

အကြောင်းအရင်းများစွာ ရှိပါသည်။

ကိစ္စသေးသေးလေးနှင့်လည်း စစ်တိုက်ကြသည်။

ကိစ္စကြီးကြီးနှင့်လည်း စစ်တိုက်ကြသည်။

အကြောင်းအရင်းမျိုးစုံဖြင့် စစ်တိုက်ကြသည်။

ယခုစစ်ဖြစ်နေသူများမှာ မည်သူနည်း??

ဂိုဂူလျော နှင့် ဘတ်ဂျယ်။

ဘတ်ဂျယ်သည် ဂိုဂူလျောပိုင်မြေတစ်နေရာကို ကျူးကျော်သိမ်းပိုက်ရာ ဂိုဂူလျော စစ်သူကြီး Park Chanyeol က ထိုနယ်မြေကို ပြန်ရယူနေခြင်းပင်။

လောလောဆယ်အခြေအနေကို ပြောရလျှင်တော့ ဂိုဂူလျောဘက်က အရေးနိမ့်နေလေသည်။

'' တပ်ပြန်ဆုတ်ကြဟေ့ စစ်သားတွေ တပ်ပြန်ဆုတ်ကြ !! ''

သြဇာအာဏာအပြည့်ပါဝင်သော အသံသြသြနှင့် Chanyeol အော်ဟစ်အမိန့်ပေးလိုက်သောအခါ ဂိုဂူလျောစစ်သားများလည်း တိုက်ခိုက်ရင်းကနေ နောက်ကြောင်းပြန်ပြေးရလေ၏။

SUPERNATURALWhere stories live. Discover now