Chapter Twenty-Three {Z+U}

4.6K 491 33
                                    

Zawgyi

" ဟုတ်ကဲ့ ... ကျွန်တော်နဲ့ Chan Yeol မင်းသားနဲ့က ယောက်ျားချင်း ချစ်နေကြတာပါ "

သည် ဝန်ခံစကားလေးတစ်ခွန်းနဲ့ပဲ ညှင်းပန်းနှိပ်စက် ခံရမှုတွေကြားက Baek Hyun ခဏတာ အသက်ရှူချောင်သွားခဲ့သည် ။ သို့ပေမယ့် ထိုခံဝန်စကားမှ ရလာမယ့် အကျိုးဆက်မှာ သေဒဏ်မှ လွဲ၍ အခြားမရှိ ။

အဆုံးထိ တင်းခံရင်း နေသွားမည် စိတ်ကူးထားသော်လည်း Lu Han ၏ စကားကို နားထောင်ပြီးသာ ဝန်ခံလိုက်ရခြင်း ... Lu Han မှာ သူ့ကို ကယ်တင်ပေးမည် ဟု ပြောထားသော်လည်း မည်သို့မည်ပုံ ကယ်တင်မည်ကို မသိရ ။ ဝန်ခံလိုက်တော့ ဆိုလို့ ဝန်ခံရပေမယ့် စိတ်ထဲ ထိတ်လန့်နေသည် ။

ငါ သေရမှာလား အသက်ရှင်ရမှာလား ??

တကယ်တော့ Chan Yeol နှင့် Baek Hyun ၏ ရှေ့ဆက်အတူရှိနိုင်ဖို့ အနာဂတ်မှာ Lu Han နှင့် Jong Dae တို့ပေါ်တွင် မူတည်နေခဲ့ပါသည် ။

     _________________________

" အကျဉ်းသား Baek Hyun ဟာ သူနဲ့ Chan Yeol တို့ ယောက်ျားချင်း ချစ်ကြိုက်နေကြကြောင်း ဝန်ခံသွားပါပြီ ခမည်းတော် "

ညီလာခံ ခန်းမထဲ ရွှေအတိပြီးသော ပုလ္လင်ပေါ်တွင် ဂိုဂူလျော ဘုရင်မင်းမြတ်မှာ စိတ်ရှုပ်ထွေးနေသော မျက်နှာအမူအရာဖြင့် တည်ရှိနေသည် ။

အိမ်ရှေ့စံမင်းသား Sun Yeol ၏ လျှောက်တင်မှုတွင် အမတ်များအားလုံး ခေါင်းချင်း ဆိုင်ကာ ဆိုင်ကာဖြင့် တစ်ယောက်တစ်ပေါက် ပြောဆိုနေကြကာ ညီလာခံ ခန်းမ တစ်ခုလုံး ပွက်လောရိုက်သွားလေပြီ ။

အိမ်ရှေ့စံမင်းသား Sun Yeol ကတော့ အမတ်များ၏ ထိပ်ဆုံးတွင် ထိုင်နေပြီး အပြုံးတစ်ခုကို ဆင်မြန်ထား၏ ။

" ယောက်ျားချင်း ချစ်ကြိုက်တယ် ဆိုတာဟာ ဘယ်လိုမှ မဖြစ်သင့်တဲ့ အရာပါ မင်းကြီး "

" သဘာဝကို လွန်ဆန်နေပါတယ် ။ ကြီးလေးသော အပြစ်ကို ပေးသင့်ကြောင်းပါ မင်းကြီး "

အမတ်များ တစ်ယောက်တစ်ပေါက် လျှောက်တင်နေကြသည် ။ ' ယောက်ျားချင်း ချစ်ကြိုက်ခြင်း ' ဟူသည့် ကိစ္စကို ဆန့်ကျင်နေကြသူချည်းသာ ရှိပြီး လက်ခံသည့်သူ တစ်ယောက်မျှ မရှိပေ ။ Chan Yeol မင်းသားဘက်က အမတ်များကတော့ Baek Hyun ကိုသာ သေဒဏ်ပေးပြီး Chan Yeol ကို ဘာမျှ မလုပ်ရန် တောင်းဆိုနေသော်လည်း အမတ်အများစုကမူ Chan Yeol ကိုရော Baek Hyun ကိုပါ ကြီးလေးသည့် အပြစ်ဒဏ်ပေးရန် လျှောက်တင်နေကြ၏ ။

SUPERNATURALWaar verhalen tot leven komen. Ontdek het nu