Chapter Fifteen {Z+U}

4.8K 535 7
                                    

Zawgyi

<<<<<<<

ကျွန်တော့်စကားအဆုံးမှာ မယ်တော် သက်ပြင်းချပါ၏ ။ ခဏမျှ တိတ်ဆိတ်နေပြီးနောက် ... ...

" မင်းချစ်နေတဲ့ မိန်းကလေးက ဘယ်သူလဲ ?? "

အမှန်အတိုင်း ဖြေဖို့မဖြစ်နိုင်သည့် မေးခွန်းကို မေးနေတော့လည်း မဖြေပဲ ဆိတ်ဆိတ်နေရုံကလွဲ တခြားရှိပါဦးမလား ။

" မချစ်သင့်တဲ့သူကိုမှ ချစ်မိနေရင် ခုတကတည်းက မင်းရဲ့ ခံစားချက်တွေကို ထိန်းချုပ်ထားတော့ Chan Yeol ... မဖြစ်သင့်တာတွေ မဖြစ်လာအောင် ကြိုကာကွယ်ထားတာ အကောင်းဆုံးပဲသား ။ "

လူ့စိတ်ဆိုတာက ထိန်းချုပ်ချင်တိုင်း ထိန်းချုပ်လို့မှ မရဘဲ ။ ဒီအချစ်တွေ ဒီခံစားချက်တွေကို အကြိမ်ကြိမ်အခါခါ ထိန်းချုပ်ဖို့ ဖျက်ဆီးဖို့ ကြိုးစားခဲ့ပြီးပြီ ။ ဒီထက်ပိုပြီး ဖြစ်သင့် မဖြစ်သင့်တာတွေကို မတွေးတောနိုင်တော့လို့ပါ ။ ကျွန်တော့်ကို နားလည်ပေးပါ ။

" တောင်းပန်ပါတယ် Omoni ... "

ကျွန်တော့်ရဲ့အဖြေက " ဟုတ်ကဲ့ " ဟူသော အဖြေမျိုး မဟုတ်သဖြင့် မယ်တော် စိတ်တိုင်းမကျသည်ကို ကျွန်တော် သိပါ၏ ။ သို့ပေမယ့်လည်း ... ...

" ဒါနဲ့ မင်းမနေ့က တစ်ညလုံး ဘယ်ရောက်နေတာလဲ ? "

တစ်ခါတလေမှာတော့ အမှန်တရား၏ တစ်ဝက်မျှသာ ထုတ်ဖော်ပြောပြဖို့ သင့်တော်သောကြောင့် ..

" ဆောင်ကြာမြိုင်မှာပါ ... "

မယ်တော့်မျက်နှာမှာ အလိုမကျမှုတို့ လွှမ်းမိုးလာ၏ ။ တွန့်ချိုးထားသော မျက်ခုံးနက်နက်တို့က ကျွန်တော့်အပေါ် စိတ်အလိုမကျမှုတို့ကို ပြသနိုင်သည် ။

" မင်း ဒီအကျင့်တွေ ဘယ်က တတ်လာတာလဲ ? မင်းသားတစ်ပါးက ဆောင်ကြာမြိုင်မှာ တစ်ည အိပ်တယ် တဲ့လား ? Chan Yeol ... မင်းကိုယ်မင်း မရှက်ဘူးလား ? မင်းအရင်ကနဲ့ မတူတော့ဘူး ... မယ်တော် သားကို အကဲခတ်နေခဲ့တယ် ။ မင်းအချိုးတွေ ပြောင်းနေတယ် "

ခေါင်းငုံ့ထားရာကလွဲပြီး ဘာမှ မတတ်နိုင်တော့သည်မို့ ...

SUPERNATURALWhere stories live. Discover now