Chapter Twelve {Z+U}

5.6K 581 14
                                    

Zawgyi

Park Chan Yeol's pov :

" မင်းသားလေး ... မယ်တော် ကြွချီလာပါတယ် "

နန်းဆောင်အပြင်ဘက်မှ အထိန်းတော်ကြီး အကြောင်းကြားမှုကြောင့် ကျွန်တော် လှဲအိပ်နေရာမှ ကုန်းရုန်းထပြီး ကိုယ့်ကိုကိုယ် သေသေသပ်သပ် ဖြစ်သွားအောင် ပြင်ဆင်လိုက်သည် ။

သိပ်မကြာလိုက် ... မယ်တော်သည် ကျွန်တော့် နန်းဆောင်ခန်းထဲ ဝင်လာပါ၏ ။ ကျွန်တော်လည်း နေရာမှ ထကာ မိခင်အတွက် နေရာပေးရ၏ ။

" Omoni ... ကျွန်တော့်အဆောင်ကို ကြွမလာတာတောင် ကြာပြီ ။ "

" အင်း ... ငါ့သားမျက်နှာတောင် မတွေ့ရတာ ကြာလို့ ဝင်လာလိုက်တာ ။ "

" ဘယ်လိုလဲ ? ကျွန်တော် ချောလာတယ်မလား ? "

ကျွန်တော် မေးစေ့ကို လက်ဖြင့် ပွတ်သပ်လိုက်ရင်း ပြုံးပြီး မေးခွန်းထုတ်လိုက်သောအခါ မိခင်က အသံလွင်လွင်ဖြင့် ရယ်လိုက်သည် ။

" ဟုတ်ပါတယ် ။ ငါ့ရဲ့ Chan Yeol လေးက ကြာလေ ချောလေပဲ ။ "

ထို့နောက် အပျိုတော် တစ်ယောက် ဝင်လာပြီး ရေနွေးကြမ်း တစ်ခွက်ချပေးကာ ပြန်ထွက်သွား၏ ။ မယ်တော်က ရေနွေးကြမ်းကို ယူကာ သောက်လိုက်ရင်း ...

" အင်း ... အရသာလေး မဆိုးပါလား ။ ဒါ ဘာရေနွေးကြမ်းလဲ သား "

" ပြည်မကြီးကလာတဲ့ ရေနွေး တစ်မျိုးပဲ Omoni ... သစ်ခွပန်းနံ့ထည့်ထားလို့ အနံ့ကောင်းတယ် "

" သြော် ! "

အာမေဋိတ်သံ တစ်ခုပြုရင်း ရေနွေးကို တစ်ငုံ့ ထပ်သောက်လိုက်ပြီး ... ။

" ဒါနဲ့ သားတော်ကို ပြောစရာ ရှိလို့ ... ဘတ်ဂျယ်က မင်းသမီးနဲ့ သား လက်ဆက်ရမှာ သိတယ်မလား ? "

" ဟုတ်ကဲ့ ... ကျွန်တော် သိပြီးပါပြီ ။ "

" ဒါဆိုလည်း သွားနှုတ်ဆက်ပြီး စကားတွေဘာတွေ ပြောကြပေါ့ကွယ် ။ ခုချိန်ထိ မတွေ့ရသေးဘူးမလား ? "

ကျွန်တော် ခေါင်းအသာငုံ့ကာ သက်ပြင်းတစ်ချက်ချရင်း ...

" ကျွန်တော် သူနဲ့ လက်မဆက်ချင်ဘူး Omoni ... ဒါပေမယ့် ... "

SUPERNATURALWhere stories live. Discover now