"အော် ကိုယ်သိပါပြီ  "

ပစ်မှတ်၏ နှစ်သက်မှု _ 5

"............."

"ကိုယ်ပြန်တော့မယ် မနှောက်ယှက်တော့ဘူး "

"ဟို...... "

လူကိုအကြည့်တစ်ချက်တောင်မပို့ဘဲ ထပြန်သွားသူကိုကြည့်ပြီး phuwin စုတ်တစ်ချက်သပ်လိုက်မိသည်။

"ကျစ်.!!....."

*အလုပ်ကလည်းတစ်ကယ် ထားခဲ့လို့မှမရတာ ဟူးး ပြန်လာမှဘဲချော့တော့မယ်*


________________________________

"ကောကော!!"

"ကော ~~ ကျွန်‌တော်ရောက်... ဟာ!!"

ကောအခုကိုယ်တိုင်ဟင်းချက်နေတာထင်၏ မီးဖိုချောင်တစ်ခုလုံးပွစာသတ်လို့ မီးတူးနံ့တွေနဲ့ ယောင်းမဇွန်းကြီးကိုကိုင်ပြီ မျက်လုံးအပြူးသားလေးနဲ့လှည့်ကြည့်လာသည့် ကောကောက ချစ်စရာအတိ ဟင်းမချက်တက်တဲ့ အသစ်စက်စက် အိမ်ရှင်မလေးကျလို့။
မျက်နှာမှာလည်း အိုးမဲတွေနဲ့..

"ရှောင်ယွီ ဘယ်လိုလုပ်အစောကြီး ..."

"ကောဗျာ ဘာလို့ကိုယ်တိုင်မီးဖိုကျောင် ဝင်နေတာလဲ ‌ကြီးနု ကဘယ်ရောက်နေလို့လဲ ကျွန်တော့်ကိုမှာတာမဟုတ်ဘူး တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မှာလဲ !"

"ငါ~~ငါက ဒီတိုင်း ကိုယ်တိုင်ချက်ကျွေးချင်လို့ပါ ဒါမဲ့ ဟင်းချက်တာ ဒီလောက်ခက်မယ်လို့မှမထင်တာ"

ကိုယ်ကစိတ်ပူပြီး အလျင်စလို‌ပြောပြတော့အသံအနည်းငယ်မာသွားသလိုဖြစ်သွားသည်လေ။ခုကြည့်.. ကောကသူ့ကိုဆူတယ်ထင်ပြီး မျက်နှာကဇီးရွက်လောက်ဘဲရှိတော့တယ်။

"ကောဗျာ ကျွန်တော်ကစိတ်ပူသွားလို့ပါ တစ်ခုခုအပူလောင်ကုန်ရင်ဘယ်လိုလုပ်မလဲ ကြည့်ပါအုံး မျက်နှာမှာလည်း အိုးမဲတွေနဲ့ လျှပ်စစ်နဲ့ဟင်းချက်တာတောင် ဘယ်ကအိုးမဲက ပေနေရတာတုန်း ဟား.ဟားး."

"အာ~~ တစ်ကယ်ရီးလား အဲ့ဆို ဟို
ရှောင်ယွီ ဟိုနားခဏသွားထိုင်နေ ကိုယ်ဒီနားလေးရှင်းပြီး online ကဘဲညစာမှာပေးတော့မယ် ပြီးရင် ကောရေချိုးပြီးရင်တူတူစားမယ်လေ"

You've reached the end of published parts.

⏰ Last updated: 3 days ago ⏰

Add this story to your Library to get notified about new parts!

Host^ Phuphu^Where stories live. Discover now