Arc 2_2

10 1 0
                                        

"မင်း တအားတွေ အားယားနေတာဘဲ ကိုယ့်ကိုယ်ကို ဘယ်သူလဲဆိုတာကောမှတ်မိသေးရဲ့လား"

"ကျွန်တော်ကလား အကိုတော်ရဲ့ညီလေ.."

"မင်း !!!!..ဟူးး ..လူကိုရွဲ့နေတာတော်လိုက်တော့ Nara မင်းကိုယ်မင်း နယ်မြေတစ်ခုရဲ့ အုပ်ချုပ်သူဆိုတာ သတိရအုံး ဘယ့်နှယ် နယ်မြေအုပ်ချုပ်သူက နယ်မြေမှာရှိမနေဘဲ အားအားယားယားပုံရိပ်ယောင်ကမ္ဘာတွေထဲလိုက်နှောင့်ယှက်နေရတာလဲ."

"အကိုက system god ဘဲမဟုတ်ဘူးလား .. ကျွန်တော် ဘာကြောင့် ဝင်တာလဲ အကိုတော်က အသိဆုံးပါ..ဟုတ်တယ်ဟုတ်..?"

"ဟူးးးး မင်းတကယ်သေချာပြီလား ညီတော် သူကလူသားတစ်ယောက်သာသာဘဲ ..."

" သူမှသူဘဲ... သူမဟုတ်ရင်မဖြစ်လို့.. အင်းး ပြီးတော့ အကိုတော့်ကိုအကူညီတောင်းစရာလေးရှိလို့"

".........?"

"သူလေးရဲ့ missionကမ္ဘာကို တစ်ဝက်လျှော့ချပေးရမယ်"

"ဘာ! "

"ညီတော် အကြားကြီးမစောင့်နိုင်ဘူး "

"ဟူးးး....အပေးအယူတော့ရှိသင့်တယ်မလား..?"

"Of course ပြော..ဘာပြန်လိုချင်လဲ"

"မင်းရဲ့မှတ်ဉာဏ်တွေကိုဖျောက်ပစ်မယ် ညီတော်.."

"................"

"မင်း ပုံရိပ်ယောင်ကမ္ဘာထဲကို မှတ်ဉာဏ်‌ဖျောက်ပြီး ဇာတ်ကောင်နဲ့တစ်သားထဲနေရမယ် ဘယ်လိုလဲ"

Pond သဘောတူလားဆိုတဲ့အထားနဲ့ သူ့ကို့ မျက်ခုံးပင့်ပြနေတဲ့ အကိုတော်ကို တစ်ကယ်ကြည့်မရ။ ဒါမဲ့လည်း give and take ဆိုတော့လည်း...

"အွန် ပြီးရော "

"Ok ဒါဆို အပေးအယူတည့်သွားပြီ ငါ့ဘက်ကလည်း မင်းလူရဲ့ missionကိုတစ်ဝက်လျှော့ချပေးမယ် "

"ဟက်..."

__________________________

Phuwin အခုရောက်နေတဲ့နေရာကို လေ့လာကြည့်တော့...တော်တော်လေးမိုက်သည် ဒီကိုယ်က ဆက်ခံသူတစ်ယောက်ဆိုတဲ့အတိုင်း နေတဲ့နေရာကလည်း တကယ့်သခင်လေးတေ‌ွနေတဲ့အတိုင်းဘဲ.. အရင်ကမ္ဘာက နွေးသစ္စာရဲ့ အခန်းထက် 3 ဆကျယ်သည်။ ဒါမဲ့..ထူးခြားတာက အခန်းက အဖြူရောင်တို့ ရွှေရောင်နုနုလေးတို့ ... ဘာလို့အနက်ရောင်မဟုတ်လဲ။ movie တွေထဲမှာဖြစ်ဖြစ် အပြင်မှာဖြစ်ဖြစ် Boss တွေဆိုတာ အနက်ရောင်ကြိုက်၊ အနက်ရောင်အခန်း၊ အနက်ရောင်ကား၊အကုန်လုံးက All black type တွေပါဘဲ... ခုက ဝမ်ယန်ရှင်းရဲ့အခန်းက အရောင်နုနုလေးနဲ့ ရိုးရှင်းသည်။ ဒါမဲ့ ကြည့်လိုက်တာနဲ့လည်း အထက်တန်းဆန်သည့် ခံစားချက်ပင်ရနေသေးသည်။

Host^ Phuphu^Where stories live. Discover now