Arc 1_2

27 3 0
                                        

Phuwin ဒီကမ္ဘာက mission အတွက်နည်းနည်း... မဟုတ်ဘူး တော်တော်လေးကိုအများရီးပူပန်မိသည်။ သူ့ဘဝတုန်းက Ran ကိုချစ်ခဲ့တုန်းက‌တောင်
အရမ်းအနေမနီးခဲ့၊သူလေးဖြစ်ချင်တစ်မျှကိုလိုက်လျောပေးခဲ့တာများပေမဲ့သူလေးကတော့ကိုယ့်ကိုအနမ်းတစ်ပွင့်တောင်မစွန့်ကျဲခဲ့ပေ၊အခုတော့နားလည်လိုက်သလိုပါဘဲ..Ran ကမှသူ့ကိုမချစ်ခဲ့တာ .. ဟန်ဆောင်ခြင်းသက်သက်ဆက်ဆံရေးတစ်ခုပင်၊အဲ့အကြောင်းရာတွေကိုတွေးမိရင် အောင့်တက်လာတဲ့ရင်ဘက်တစ်နေရာကိုလျစ်လျူရှုမိသည် ။ သူRan ကိုမမုန်းပါ၊ ကလဲ့စားတွေဘာတွေလည်းသူမသိ၊အခုဆိုရင်ရောသူအဆင်ပြေနေပြီလား၊သူတစ်ကယ်ချစ်တဲ့သူနဲ့အတူရှိနိုင်ပြီဆိုတော့လေ..... phuwin တွေးလက်စကိုဖြတ်လိုက်ပြီး ရေချိုးခန်းဖက်ကိုဦးတည်လိုက်သည်။ဒီခန္တာပိုင်ရှင်ကမနက်ဆိုသူ့အမကိုဆေးရုံကိုလိုက်ပို့ပေးပြီးမှ
တက္ကသိုလ်သို့သွားသည်၊ဒါမဲ့ဆေးရုံအထဲထိတော့မပို့ပေးပေ၊ဒါကြောင့်လည်းဇာတ်လိုက်နဲ့စောစောမတွေ့သလို၊ဒုတိယဇာတ်လိုက်နဲ့လုံးလုံးမသိခဲ့တာပင်။

အခုတော့ phuwin ကမူလပိုင်ရှင်မဟုတ်၊ရရင်ရသလောက်အခွင့်ရေးယူပြီဆေးရုံအတွင်းကိုဝင်မည်၊ဒါမှဒုတိယဇာတ်လိုက်နဲ့တွေ့နိုင်မည်မဟုတ်ပါလား။

'A/N_ဒီနေရာကစပြီး phuwin ကို နွေးသစ္စာလို့သုံးနှုန်းပါမည်'

နွေးရေးချိုးခန်းအထဲအရောက် ကိုယ့်ကိုယ်ကိုအကဲခတ်မိသည်။ ဝိုးးးးးး
ချစ်စရာလေးးး ဘဲ၊နွေးသစ္စာဆိုသည့်ကောင်လေးကိုချောသည်ဆိုတဲ့အသုံးနှုန်းထက်ချစ်စရာလေးလို့ပြောရပါမည်။ ပယင်းရောင်မျက်ဝန်းလက်လက်လေးတွေ၊ဆံပင်အုပ်အုပ်ကလေး၊နှာတံလုံးလုံးလေးနဲ့အသည်းပုံသဏ္ဌန်နှာခမ်းကလေးကော၊အသားကလည်းအရမ်းမဖြူဘဲကြည်ကြည်‌လေး၊အူယားစရာလေးပင်၊နောက်ဆုံးအချက်ကတော့ ပြုံးလိုက်ရင်ပေါ်လာတဲ့ ပါးချိုက်ကလေး၊အားးးးးးး ဒီကလေးအရမ်း‌အသဲယားစရာဘဲ၊နွေးတစ်ယောက်သူ့ကိုသူငမ်းနေတာဘယ်လောက်ကြာသွားမှန်းမသိdodoလေးရဲ့အချက်ပေးသံကြားမှအသိစိတ်ပြန်ကပ်မိသည်။

"အဟမ်းး host!!!! 8:00ထိုးတော့မယ်ဗျ
မြန်မြန်လေးပြင်ပါတော့ ဇာတ်လိုက်မကိုဆေးရုံလိုက်ပို့ပေးရအုံးမယ်လေဗျ"

Host^ Phuphu^Where stories live. Discover now