Arc 2-5

19 4 3
                                        

"ဒီမှာ ကိုယ်ပြင်ထားပေး......."

Phuwin သူ့ကိုစိုက်ကြည့်နေတဲ့ ကျန်မင်ရှင်းကြောင့်အနည်းငယ်ချောင်းဟန့်လိုက်သည်။

"အဟမ်း!!!"

"ကိုယ်ရေချိုးအုန်းမယ် တစ်ယောက်ထဲပြန်ဖို့မစဉ်းစားနဲ့နော်.. ကိုယ့်ယန်ယန်လေးကရေခဲမုန့်စားချင်တယ်ဆိုလို့ booking တင်ထားတယ် ပြီးတော့ ညဘက်ကြီးဗိုက်ထဲအစာမရှိဘဲရေခဲမုန့်မစားကောင်းဘူး အဲ့ကြောင့် ကိုယ်အစာပြေပေါင်မုန့်ဝယ်ထားတယ် စားလိုက်နော်"

"အွန်း"

ပြောပြီးရေချိုးခန်းထဲဝင်သွားတဲ့ လူကိုကြည့်ပြီး ဝင်သွားတာသေချာမှ
သက်ပြင်းချလိုက်သည်။

"ဟူးးးး"

*လောလောဆယ် missionကတစ်ဝက်နီးပါးအောင်မြင်နေပြီ ကျန်တဲ့ ရာခိုင်နှုန်းတိုးလာဖို့ plan ချမှဖြစ်မယ် *

*Host!! *

*အင် ဘာလဲ*

*အထက်ကအမိန့်ကျလာတယ်ဗျ *

*ဘာကိုလဲ*

*အခြေနေတစ်ခုကြောင့်Host ရဲ့ missionကမ္ဘာကို တစ်ဝက်လျှော့ချလိုက်တယ် hostသွားရမယ့် ကမ္ဘာက သုံးခုဘဲကျန်တယ်*

*........... အာ~~ မိုက်တာပေါ့ မြန်မြန်ပြီးတော့ကောင်းတာပေါ့ ဒါမဲ့ ဘာအခြေနေကြောင့်လဲ*

*အမ်..? ကျွန်တော်လဲဘယ်သိမလဲဗျ*

*အွန်*

*ဒါနဲ့ host missionကမ္ဘာကိုလျှော့ချထားရတာမို့ hostက missionတိုးပြီးလုပ်ဆောင်ရလိမ့်မယ်*

*ဟမ်?*

*အခု hostအတွက် missionက ပစ်မှတ်တွေဆီကအချစ်ပုလဲကိုရယူဖို့တစ်ခုထဲမဟုတ်ဘဲ ရောက်ရှိနေတဲ့ ကမ္ဘာရဲ့ဇာတ်ကြောင်းအလိုက် missionအသစ်တွေတိုးသွားမှာ*

*ဟာ .. mission လျှော့ပေးလို့ ကျေးဇူးတင်ရမယ်မှတ်ပါတယ် လတ်စသတ်တော့ အချိုကြွေးပြီး အခါးသက်ချင်နေတာ *

*Host အတွက်တိုးချဲ့ထားတဲ့ ဒီကမ္ဘာရဲ့ mission က ဇာတ်လိုက်နဲ့အဓိကဇာတ်ကောင်မညားဖို့ရန်နဲ့ ဇာတ်လိုက်သဘောကျနေတဲ့လူနဲ့အဆင်ပြေစေရန်ပါ*

*အမ်.. မင်းmissionကလည်း ဇာတ်လိုက်သဘောကျနေတဲ့လူနဲ့အဆင်ပြေခိုင်းသေးတယ်အဓိကဇာတ်ကောင်နဲ့ကလည်းမညားစေနဲ့ဆိုတော့ ငါကဘာလုပ်ရမှာလဲ*

Host^ Phuphu^Where stories live. Discover now