Arc 2_5

21 4 1
                                        

"Boss သခင်လေးဝမ်က boss နဲ့တွေ့ချင်လို့ပါတဲ့"

"အင် ရုံးခန်းထဲစောင့်နေခိုင်းလိုက် အစည်းဝေးပြီးရင် လာခဲ့မယ်"

"ဟုတ်ကဲ့ boss"

"ဒီတစ်ခေါက် project ကို mr.ven တို့ဖက်ကအပြည့်ဝယုံကြည်ပေးဖို့လိုတယ်.. ရင်းနှီးမှုများတယ်ဆိုပေမဲ့ အရင်းထက်သုံးဆပြန်ရနိုင်တဲ့ project ဆိုတာကျွန်တော့်ဘက်ကအာမခံတယ်ဗျ"

"Mr.Han ကိုကျွန်တော်တို့ဖက်ကအပြည့်ဝယုံပါတယ် project အတွက်လုံလောက်တဲ့အရင်းနှီးကိုအပြည့်ဝထုပ်ပေးပါ့မယ် ထက်ပြီးလိုအပ်တာရှိရင်လည်း ဆက်သွယ်လို့ရပါတယ်"

"ဟုတ်ပြီ ဒါဆိုဆွေးနွေးပြီးပြီးဆိုတော့ ဒီနေ့အစည်းဝေးကဒီလောက်ဘဲ မနက်ဖြန်မှ ဆောက်လုပ်ရေးဘက်မှာတွေ့တာပေါ့ဗျာ"

"ဟုတ်ပြီ"

ဟန်ကျစ်မင် အစည်းဝေးအပြီး ယန်ရှင်းရောက်နေတဲ့စကားကြောင့်ရုံးခန်းဘက်ကိုဦးတည်လိုက်သည်။

"ယန်ရှင်း ဘာကိစ္စရှိလို့လဲ "

"အာ~~ ဟိုထွေထွေထူးထူးတော့မဟုတ်ပါဘူး ကျစ်မင်နဲ့တိုင်ပင်စရာလေးရှိလို့"

Phuwin ဇာတ်လိုက်ဆိုတဲ့ဟန်ကျစ်မင်နဲ့ပတ်သက်ပြီး mission ရှိနေတဲ့အတွက်ကြောင့် လာတွေ့တာဖြစ်သည်။
အစကဇာတ်လိုက်ကြီးဆိုတော့ ဩဇာတွေပါဝါတွေပြည့်နေပြီး အရှိန်ကြီးပြီးချောသည်ဟုထင်ခဲ့သည်။ အခုက တွေ့ကြည့်လိုက်တော့ ဇာတ်လိုက်ကချောပါသည် ဒါမဲ့ ဘာလို့ချောတာထက်ချစ်စရာကောင်းနေသလိုလိုပင်။အရှိန်တစ်ခုရှိပေမဲ့ကြောက်စရာကောင်းတာမျိုးမဟုတ်ဘဲလောကကြီးနဲ့မသတ်ဆိုင်တဲ့နတ်သားတစ်ပါးလိုလိုဘဲ ။

"တိုင်ပင်ဖို့ ဘာများလဲ အလုပ်ကိစ္စဆိုရင်ထွေးထွေထူးထူးမရှိဘူးထင်တာဘဲ"

"ဟိုအဲ့တာကလေ ကျစ်မင်ဆီနှလုံးသားရေးရာနဲ့ပတ်သတ်ပြီးတိုင်ပင်ချင်လို့ ဟို..အသိသူငယ်ချင်းဆိုလို့ မင်းဘဲရှတော့တာဆိုတော့"

"ဟမ်!"

"အာ ဟို သူငယ်ချင်းအရင်းကြီးတစ်ယောက်ရှိပေမဲ့လို့ အခုကိစ္စက သူနဲ့ပတ်သတ်နေတော့ သူ့ကိုတိုင်ပင်လို့မှမရတာ သူပြီးရင် သူငယ်ချင်းဆိုလို့မင်းဘဲရှိတာကို အဲ့ကြောင့်"

Host^ Phuphu^Donde viven las historias. Descúbrelo ahora