dodo လေးလောလောဆယ် host ကိုတစ်ရက်စိတ်ကောက်မယ်ဆိုတဲ့အကြံလေးတောင် ဘယ်ပျောက်လို့ပျောက်သွားမှန်းမသိပေ၊သူစိတ်တာကောက်တာ host ကိုစကားမပြောပေမဲ့ တစ်ချိန်လုံးစောင့်ကြည့်နေတာဖြစ်သည်။
ပစ်မှတ်ရဲ့hostအပေါ်စိတ်ဝင်စားမှုကဒီလောက်တောင်မြင့်တက်နေပြီမှန်းထင်ကိုမထင်ထားတာဖြစ်သည်။အခုထိမနက်ကပစ်မှတ်ရဲ့လုပ်ရပ်ကိုအံ့ဩလို့မဆုံးပေ၊ host ကိုဖက်နမ်းလိုက်သည်မဟုတ်ပါလား၊တော်တော်လေးလက်ရဲဇာတ်ရဲနိုင်တာဘဲ၊ဒါတောင် ရာခိုင်နှုန်းတစ်ဝက်ပင်ရှိသေးသည်လေ၊ရာခိုင်နှုန်းသာပြည့်သွားရင်ဖြစ် host အတွက်တွေးတောင်မတွေးရဲပင်။
Host ကိုကြည့်ရတာ စိတ်နဲ့လူနဲ့မကပ်သလိုဖြစ်နေသည်၊မနက်ကပစ်မှတ်စီကပြန်လာကတည်းကတိတ်ဆိတ်နေတာဖြစ်သည်၊အိမ်ပြန်ရောက်တာနဲ့ချက်ချင်းအိပ်ရာပေါ်မှာဟိုလိမ့်ဒီလိမ့်လုပ်လိုက်၊ခဏလောက်ငြိမ်ရုံရှိသေးထပ်ပြီးဟိုလိမ့်ဒီလိမ့်လုပ်လိုက်နဲ့ အနမ်းခံရလို့ ဂေါက်သွားတာများလားမသိ၊ရေချိုးခန်းထဲဝင်ပြီးရင်လည်းရေမချိုးဘဲမှန်ရှေ့မှာ ပါးဆွဲဆိတ်လိုက်၊ရိုက်လိုက်၊မျက်လုံးကိုပိတ်ဖွင့်ပိတ်ဖွင့်လုပ်လိုက်နဲ့ တစ်ကယ်ဂေါက်သွားသည်ထင်၏။
..................................
Phuwin တော်တော်လေးကိုဒုက္ခရောက်နေသည်။ရှင်းရှင်းပြောရရင် အရင်ဘဝတုန်းက Ran နဲ့တောင်လက်ကိုင်၊ဖက်တာမျိုးကလွဲပြီးပါးကိုတောင်မနမ်းဖူးပါ၊အနမ်းလည်းမခံရဖူးဘူး၊အခုကပုံရိပ်ယောက်ကမ္ဘာတစ်ခုကအဲ့ဘိုးတော်ဆီမှာfirst kiss လေးပါသွားတာမဟုတ်ပါလား၊mission လုပ်နေတဲ့အတောတွင်းကြုံကိုကြုံလောက်မှာပါလို့ကြိုတင်တွေးတောထားပေမဲ့လို့ ဒီလောက်မြန်မယ်လို့မထင်ထားတာကို။
အဲ့ဘိုးတော်က နှစ်သက်မှုရာခိုင်နှုန်းကျမတိုးလားဘဲ၊တစ်ရားဝင်တောင်မတွဲရသေးဘဲနဲ့ငါ့ကိုနမ်းသွားတာ။
"အားးးးးးးးးးးး"
"Fuck ဘဲ အသားယူတဲ့ဘိုးတော်ကြီးး"
"ဟူးးး စိတ်ကိုတည်ငြိမ်အောင်လုပ်ဟူးးး
အကောင်းဘက်ကဘဲတွေး ဘာဘဲဖြစ်ဖြစ်ရာခိုင်နှုန်းတိုးလာဖို့အခြေနေကောင်းတယ်လို့ပြောရမှာဘဲလေ 100ပြည့်တာနဲ့ mission အောင်ပြီနည်းနည်းလေးသည်းခံလိုက်ရင်ရပြီ phuwin နည်းနည်းလေးဘဲ နည်းနည်း......."
