Arc 1_5

25 2 0
                                        

   "ဝါးးးး ပျင်းလိုက်တာ dodoကလည်းပြောတောဖြင့်မြန်မြန်ပြန်လာပါမယ် host.. ခုကျ လေးရက်တောင်ကြာပြီးပြအရိပ်ယောင်ကိုမတွေ့ရဘူး.. အရေးထဲကမှ ဒုဇာတ်လိုက်ကလည်း တုတ်တုတ်တော်မလှုပ်ဘူး အဲ့လောက်ထိ ကြိုးစားပြီး flirt နေတာကို နည်းနည်းလေးတောင် ငါ့ကိုစိတ်ဝင်စားတဲ့ပုံမပေါ်ဘူး •/° မြန်မြန်ပြည့်မှ ဒီကမ္ဘာက mission အောင်မှာပါဆိုနေ... ဟူးးးး dodoကလည်းသူ့အကူညီတောင်းမလို့ဆိုမှ မပေါ်လာတက်တော့ဘူး"

Dodo တစ်ယောက် အစည်းဝေးအပြီး ပြန်လာချိန် သူ့ host ရဲ့မကျေနပ်သံတွေကြောင့် ကြောက်နေရသည်။

*ဘယ်လိုလုပ်မလဲဟ ငါ့ host ရီးက စိတ်တိုနေတာ ငါ့အခုပြန်ရောက်နေတာသိရင် စိတ်တိုပြီး လည်ပင်းထညစ်နေရင် ဘယ်လိုလုပ်ရပါ့ ... အာ မဟုတ်သေးပါဘူး ငါလေးက system လေ ၊ လည်ပင်းညစ်တာလောက်နဲ့တော့မသေပါဘူး*

"Ho~~s~~t!! ကျွန်တော်ပြန်ရောက်ပြီဗျ"

"............."

"Host လို့ hostရေ"

"အော် အေအေ ပြန်လာသေးလို့တော်ပါသေးတယ် ၊ ပျောက်သွားပြီးလို့တောင်ထင်နေတာ"

"အာ host စိတ်မဆိုးပါနဲ့ဗျာ ကျွန်တော်တို့ system မှာ ပြဿနာလေးတွေရှိနေလို့ပါဗျ၊ System God ရဲ့အကို အမှောင် သခင်ကပြဿနာထပ်ရှာပြန်ပြီး ကျွန်တေယ်တို့မှာ အစည်းဝေးထိုင်ပြီး ပြန်ရှင်းနေရတယ်ဗျ "

"အမှောင်သခင် ... ?"

"ဟုတ်တယ် host အမှောင်သခင်က တစ်အားပြဿနာရှာလွန်းတယ် ဒါမဲ့ ဘယ်သူ့မှမတားဆီးရဲဘူးဗျ အမှောင်သခင်က တစ်ကယ်ကြောက်ဖို့ကောင်းတယ် သူ့အနားရောက်ရင် ကြက်သီးထစမြဲ၊ ပြောရင်းဆိုရင်းနဲ့တောင်ကြက်သီးထလာပြီဗျ"

"Dodoလေးပြောမှဘဲ ကိုယ်တောင်ကြက်သီးထလာသလိုဘဲ"

"ပြီတော့... "

"Host အတွက် mission ကပိုခက်ခဲလာလောက်တယ်ဗျ"

"ဟင် ဘာလို့လဲ "

"အမှောင်သခင်က ဒီပုံရိပ်ယောင် ကမ္ဘာ ထဲက ဇာတ်ကောင်တစ်ခုထဲမှာရှိနေတယ်၊ ပြဿနာက ဘယ်ဇာတ်ကောင်လဲဆိုတာမသိတာဘဲဗျ၊ host သတိထားသင့်တယ်"

Host^ Phuphu^Tempat cerita menjadi hidup. Temukan sekarang