Arc 1_4

21 2 3
                                        

     ရှိန်းဆက် အရေးကြီးတဲ့ ခွဲစိတ်မူအပြီး နားနေဆောင်ကိုပြန်ပြီးခဏတစ်ဖြုတ်လှဲနေမိသည်။ဒါပေမဲ့ အချိန်အကြာကြီးယူလို့မဖြစ်ပေ၊ လုပ်စရာတွေကများသည်မဟုတ်ပါလား။

  မနက်ကစံအိမ်ကနေမထွက်လာခင် အဖေနဲ့စကားများခဲ့တာမို့လို့လားမသိ၊ပင်ပန်းလို့လားမသိ၊စိတ်တစ်ကယ်မကြည်နေပါ။သေချာတာကတော့ အလုပ်ပြီးရင် စံအိမ်ကိုလည်းမပြန်ချင်ပါ၊ဘားမှမရှိတဲ့စံအိမ်ကြီးကိုဘာလို့ပြန်ရပါမည်နည်း။ဒီရက်ထဲတော့ ကိုယ့်တိုက်ခန်းနဲ့ကိုယ်သက်သက်ဆီနေဖို့အစီစဉ်ဆွဲရမည်။အဖေသဘောမတူလဲကိစ္စမရှိ၊ရှိန်းဆက်ကိုကိုဆိုတဲ့ကောင်ကသူ့ကိုချုပ်ချယ်တာမျိုးအမုန်းဆုံးဘဲ၊ အခုဆို ကိုယ့်ခြေထောက်ကိုယ်ရပ်တည်နိုင်တဲ့အခြေနေမှာလည်းရှိပြီမို့ ပိုလိုတောင်ဘယ်သူ့ကိုမှဂရုမစိုက်ပါ။

ခဏတစ်ဖြုတ်အနားယူပြီနောက် လူနာစစ်ဖို့ပြန်သွားရသည်။ နှလုံးကုသဆောင်ကိုရောက်တော့ နန်းရယ်မဟာရယ်...ပြီးတော့ ကောင်လေးတစ်ယောက်၊ဘယ်သူပါလိမ့် ။ ပုံမှန်ဆိုလည်း နန်းနဲ့မဟာကိုအမြဲတမ်းတစ်ပူးပူးတစ်တွဲတွဲမြင်ရတက်၏။ အဲ့ချိန်ဆို ရှိန်းဆက်တစ်ကယ်မကြိုက်သလိုခံစားရသည်။ကိုယ်ကိုယ်တိုင်လည်း ကိုယ့်ခံစားချက်နဲ့ပတ်သက်ပြီးမသေချာပေမဲ့ နန်းကိုအနည်းငယ်တော့စိတ်ဝင်စားနေမှန်းသိသည်။ဒါကြောင့်လဲ ..မဟာကိုတစ်ခါတစ်လေ အမြင်ကတ်မိသည်။ နန်းကထူးခြားပါသည်။ တစ်ခြားမိန်းကလေးတွေနဲ့မတူဘဲ ဖြူစင်ရိုးသားသည်။သဘောကောင်းသည်။ ပိုသေချာတာက ဂုဏ်တွေစည်းစိမ်တွေမမက်တက်။

ဒီနေ့တော့ အရင်နေ့တွေနဲ့မတူ ကောင်လေးတစ်ယောက်ပါတွေ့ရသည်။ ထိုချိန် ဒီမနက်ခွဲစိတ်မူအကြောင်းလာမေးတဲ့ဆရာမလေးနဲ့စကားစမည်ပြောနေတုန်း မဟာခေါ်သံကြောင့်သွားမိသည်။

သွားနေတုန်း အဲ့ဒီသူစိမ်းကောင်လေးဆီဘဲအကြည့်ပို့မိပါသည်။သူလေးကကိုယ့်ကိုပေါက်ထွက်မတက်စိုက်ကြည့်နေတော့ နည်းနည်းတော့ နေရခက်လာသလိုပါပင်၊နန်းရဲ့မိတ်ဆက်ပေးမှုကြောင့် အနှီသူစိမ်းကောင်လေးသည် နန်းရဲ့မောင်ငယ်လေးပင်၊ ယောင်္ကျားလေးတစ်ယောက်ကို ချောတယ်လို့သုံးနှုန်းသင့်မှန်းသိပေမဲ့ သူစိမ်းကောင်လေးကတော့ လှတယ်လို့ပြောရင်ပိုမှန်မည်။ သူလည်း နည်းနည်းပါးပါးနှုတ်ဆက်လိုက်တော့ ပြုံးပြီးပြန်နှုတ်ဆက်လာတဲ့ သူစိမ်းကောင်လေးမှာ ချစ်စရာပါးချိုင့်လေးတွေ ရှိနေသည်။ ဆက်ပြောလာတဲ့စကားတွေကြောင့် ပိုအံ့သြမိပြန်သည်။ "ကိုကို့ကိုမြင်မြင်ချင်ချစ်မိသွားပြီထင်ပါရဲ့"တဲ့လေ။အရင်ကလည်း တော်တော်များများရဲ့ချစ်ရေဆိုခြင်းခံရဖူးပေမဲ့လို့..သူစိမ်းကောင်လေးနဲ့ကျမှ..ထူးဆန်းနေသလိုပင်။

Host^ Phuphu^Onde histórias criam vida. Descubra agora