အခန်းထဲက ကိုယ်လုံးပေါ်မှန်လေးက ထူးထူးဆန်းဆန်း တြီဂံ ပုံစံလေးကိုမှ အနားဘေးတွေမှာအဝါရောင်ဖျော့ဖျော့
မီးလင်းနေသည်။ အင်းး ဝမ်ယန်ရှင်းက အဝါရောင် crazy လားမသိ။ တစ်ခန်းလုံး အဖြူ၊ရွှေရောင်၊အဝါနုနု အဲ.. သုံးရောင်ဘဲတွေ့တယ်။
"Wowwww......"
" ချောချက်က အေးချမ်းပြီးတည်ငြိမ်တဲ့ မင်းသားလေးကျနေရော.."
အနက်ရောင်ဆံနွယ်တွေကိုအကုန်သပ်တင်ထားတာကြောင့် နှဖူးရှင်းရှင်းလေးကအတိုင်းတိုင်း၊နှာတံဖြောင့်ဖြောင့်၊ အသည်းပုံသဏ္ဌန်နှာခမ်းစိုစိုလေးနဲ့ ဆွဲဆောင်မူရှိတဲ့ အနက်ရောင်မျက်စံတွေနဲ့ မျက်တောင်ရှည်ရှည်လေးတွေပါတယ့်မျက်ဝန်းတွေကို မျက်မှန်နဲ့ဖုံးထားတာကရုပ်ကိုတည်ငြိမ်စေသယောင်။ မျက်မှန်ကိုချွတ်ကြည့်တော့ ရှင်းရှင်းလင်းလင်းမြင်ရနေဆဲ.. အင်းး အလုပ်အတွက်တပ်တာထင်ပါ၏။
ဒါပေမဲ့ phuwin ကတပ်ဖို့စိတ်ကူးမရှိပါ။ဘေးဘီကိုထပ်ဝေ့ကြည့်မိတော့
2 နာရီနဲ့မိနစ် 20 .. ဆက်ခံသူတစ်ယောက်က company ကိုမသွားဘူးလား။
"အာ~~ ဒီနေ့က Sunday ဘဲ"
မှတ်ဉာဏ်တွေအတိုင်းပြန်ကြည့်မိတော့
ဝမ်ယန်ရှင်းဟာ ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့ နာရီဝက်လောက်ကမှ Church ကျောင်းမှပြန်လာပြီး အနားယူနေတာပင်၊
"အင်းး ဆိုတော့ ဒီနေ့က လုပ်စရာဘားမှမရှိသေးဘူး "
မနက်ဖြန်တော့ company ကို 7 နာရီအတိထွက်ရမည်ဖြစ်သည်။
____________________________
"တီလ်းးးး တီးးးး "
[星星🤍] ရှင်းရှင်း ဆိုပြီးဘေးမှာ အဖြူရောင် heart ကလေးနဲ့ဖုန်း contact ကိုကြည့်ပြီး phuwin ပြုံးလိုက်မိသည်။
"Hello "
"ယန်ယန် အခုဘယ်မှာလဲ ..? ဘုရားကျောင်းကပြန်ရောက်နေပြီလား ငါလာတွေ့မလို့.."
"ပြန်ရောက်ပါပြီ မင်းကငါ့ကိုဘာလို့လာတွေ့မှာလဲ ကိစ္စရှိလို့လား"
"ယန်ယန် မင်းစိမ်းကားလှကြီလား ငါ့ကမင်းကိုကိစ္စရှိမှလာတွေ့ရမှာပေါ့ ဟုတ်လား မင်း ...သား ...လေး"
"အာ~~ ဟဲဟဲ အဲ့လိုတော့မဟုတ်ပါဘူး သူငယ်ချင်းကလည်း ... ဒါမဲ့လို့ ငါပြောတာမှန်နေတာဘဲမဟုတ်ဘူးလားလို့ မင်းငါ့ကိုလာတွေ့မယ်ဆိုကတည်းက တစ်ခုခုတော့ပြောမှာဘဲလေ ကိစ္စကရှိပြီသား မင်းဘာပြောမလို့လဲလို့ငါကကြိုသိချင်လို့မေးတာလေကွာ"
"........ ? "
"အွန်းး ငါဗိုက်ဆာသလိုဘဲ ရေခဲမုန့်စားချင်တာ ငါတို့အပြင်ထွက်စားရအောင်လေ မင်းငါ့ကိုလာခေါ်"
"ဟမ်..? ဗိုက်ဆာတာကို ဘာကိစ္စရေခဲမုန့်စားမှာလဲ ယန်ယန် မင်းတစ်ခုခုဖြစ်လို့လား မင်းသရေစာတွေစားရတာမကြိုက်ပါဘူး ထူးထူးဆန်းဆန်း"
"အာ~~ မင်ရှင်း မင်းကလည်း လူဘဲ အကြိုက်ပြောင်းတက်တာဘဲကို အရင်ကမကြိုက်လည်း အခုစားချင်တယ်ကွာ "
"အွန်းအွန်း ငါလာခေါ်မယ် "
"အင်..."
တီး!!!!!
Phuwin လည်းအပြင်သွားရမှာဆိုတော့ အဝတ်လည်းဖို့ပြင်လိုက်သည်။မူလဝမ်ယန်ရှင်းက ဝတ်စုံပြည့်တွေဘဲဝတ်တာများသည် ဒါမဲ့အခုဝမ်ယန်ရှင်းက style ပြောင်းပစ်တော့မည်။ company သွားချိန်လောက်ဘဲ ဝတ်စုံပြည့်ကိုဝတ်ပြီး ကျန်တဲ့အချိန်တွေမှာတော့ ဝတ်ဖို့စိတ်ကူးမရှိပေ။ အချိန်တိုင်း ဝတ်စုံပြည့်ကြီးဝတ်နေတာ ရုပ်ရင့်သလိုခံစားရသည်။ပြီးတော့..
"ငါ့တို့ရဲ့ ရှင်းရှင်းလေကယန်ယန်ကိုပိုကြွေသွားအောင် cute type change ပြစ်မယ် ဟိဟိ "
ပြောလည်းပြောရင်း phuwin ဗီရိုထဲကိုမွေနှောက်ကြည့်နေသည်။
"ဟွန်း!!! ဘာလဲဟ company သွားဖို့ ဝတ်စုံပြည့်တွေကြီးဝယ်ထားတာလား တွေ့မှတွေ့တော့လည်း ဆွယ်တာတွေ နွေရာသီကြီးဘယ်လိုသွားဝတ်မှာလဲ... T shirt လေးတစ်ထည်တောင်မရှိဘူးဟူးး ဘာသွားဝတ်ရမှာလဲ.."
"Dodo လေးရေ ကူညီပါအုံးလို့ "
"အော် ကျွန်တော့်ကိုသတိရလို့တော်သေး"
"အယ် ဟဲဟဲ dodo လေးကလည်း host က သတိရပါတယ်ဗျာ ရလို့လည်း အခု ခေါ်လိုက်တာမဟုတ်ဘူးလား.."
"ပြော ပြော ဘာကူညီရမှာလဲ"
"ပေါ့ပေါ့ပါးပါးလူငယ်ဆန်ဆန် ဝတ်စုံလေးတစ်စုံလောက်ပေးပါအုံး အခုလောလောဆယ်ဝတ်စရာမရှိလို့"
"အွန်းး ချောကလက်ရေခဲမုန့် "
"ဟမ် ..? "
"အလကားမရဘူးလေဗျာ host ကကျွန်တော့်ကိုချောကလက်ရေခဲ့မုန့်ပြန်ကျွေး"
"အော် ဟုတ်ပါပြီ ချစ်တီးကလားကြလို့"
"ရော့ဗျာ"
________________________
1120 words 💗
^Kitt^
Arc 2_2
Start from the beginning
