"မဟုတ်တာ ကိုမဟာရယ် ခစ်ခစ် ငယ်လေး ဒီဖက်ကကိုမဟာဧကတဲ့ မမတို့အဖွဲ့က ဒေါက်တာဘဲ "

"အာ ဟုတ်ကဲ့ဗျ အကိုမဟာဧက ကျွန်တော် မမရဲ့ မောင်လေး နွေးသစ္စာပါဗျ"

"ကောင်လေးက လူလိမ္မာလေးဘဲ၊ စကားပြောယဉ်ကျေးနေတာ နန်းရဲ့မောင်လေးလို့မပြောရဘူး"

"ဟုတ်ကဲ့ဗျ"

နွေးလည်းရှေ့က မမနဲ့ဇာတ်လိုက်ကြီးတို့နောက်လိုက်ရင်း အခြေနေကြည့်ကြည့်သည်၊တစ်ကယ့်ကို ဒုဇာတ်လိုက်ကြီးကိုမတွေ့သေး၊ဒုက္ခဘဲ တွေ့မှာ ပေါ်တင် flirt လို့ရမည်မဟုတ်ပါလား၊ ဒီမှာဘဲတစ်နေကုန်နေလို့မရ တက္ကသိုလ် သွားရရပေအုန်းမည်။ 10 နာရီ အတန်းချိန်ရှိသဖြင့်ပြန်သွားရမည်သာ။

*Dodo လေး နည်းနည်းကူညီပါအုံး ဒုဇာတ်လိုက်ကရောက်နေပြီဆို.. အပေါ်ထပ်မှာရှိနေတာလား *

*အာ.. ပစ်မှတ်က ခွဲခန်းဝင်နေတယ် host .. အော် ပြီးသွားပြီး.. ခဏဘဲ စောင့်ပါ host ပစ်မှတ်က သေချာပေါက် ဒီကိုရောက်လာပါလိမ့်မယ်*

*အွန်းပါ*

5 min later..

"ငယ်လေး သွားသေးဘူးလား အတန်းချိန်လွတ်မယ်နော် .. "

"40 မိနစ်တောင် လိုသေးပါတယ်ဗျ
သားလည်း ဟိုစူးစမ်းဒီစူးစမ်းချင်လို့
ဟိုကို စောစောသွားရင်လည်း ပျင်းလို့"

"ဒါမဲ့ ငယ်လေး မနက်စာမစားလာဘူးလေ.. ဆာနေမှာပေါ့.. "

"ကောင်လေး မင်းမနက်စာမစားရသေးဘူးလား ရော့ ဒီပေါင်မုန့်လေးတွေ အစာပြေစားလိုက်.. အဆာမခံရဘူး"

"ဗျာ.. ရပါတယ်ဗျာ မလို.."

"ယူစားထားပါ အားနာရင် နောက် အကိုအကူညီလိုရင် ကူပေးပေါ့ ဟုတ်ပြီးလား"

"ဟုတ်...."

".. ဒေါက်တာရှိန်းဆက် လူနာအခြေနေကဘယ်လိုလဲ
အဆင်ကောပြေလား"

နွေးဇာတ်လိုက်နဲ့စကားပြောနေတုန်းတစ်ဖက်က nurse မလေးအသံကြောင့်လှည့်ကြည့်မိသည်။ သေချာပေါက် ကိုရှိန်းလို့ခေါ်လိုက်ပါသည်၊ ဒုဇာတ်လိုက်ရဲ့ နာမည်ပင်မဟုတ်ပါလား၊ ကြည့်မိတော့ ဝိုးးးးးး
ချောချက်ကလက်လန်တယ်၊ ရှည်လျားတဲ့အရပ်အမောင်း၊ body တောင့်တောင့်၊ jaw line တွေနဲ့ ကျောက်စိမ်းရောင်မျက်ဝန်းတွေ၊ အရည်အပြုံးမရှိ တင်းတင်းစေ့ထားတဲ့ နှာခမ်းနီညိုရောင်၊ နှာတံစင်းစင်းလေးတွေ.. တော်တော်ကိုမှချောမောခန့်ညားလွန်းလှပါသည်။

Dodo ကတော့သူ့hostကိုမနိုင်ဘူးဆိုသည့်အကြည့်ဖြင့်ကြည့်နေသည်။သူ့ host ကလေ တွေ့သမျှလိုက်ငမ်းနေတာဘဲ ကြည့်ပါအုံး ပစ်မှတ်ဆီက အကြည့်ကိုမခွာဘူး

"ရှိန်းဆက် ဒီဖက်လာအုန်းဟ"

ဇာတ်လိုက်ရဲ့ခေါ်သံအပြီးဒီဖက်ကိုလာနေတဲ့ ဒုဇာတ်လိုက်ကြီးပင်၊ နွေးတစ်ယောက် ရတဲ့အချိန်လေးကိုအရယူပြီးပေါ်တင် flirt ရပါမည်။

"ဒေါက်တာရှိန်း လာပါအုံး မိတ်ဆက်ပေးမယ် ဒါက နန်းရဲ့မောင်ငယ်လေး နွေးသစ္စာတဲ့လေ၊ ငယ်လေး ဒါက ဒေါက်တာ ရှိန်းဆက်ကိုကို တဲ့
မြတ်တော်ဝင်ဆေးရုံရဲ့ ဒုဥက္ကဌ ဆိုလည်းဟုတ်တယ်"

"အင် တွေ့ရတာ ဝမ်းသာပါတယ်"

အားးပါးးပါးး အသံကြီးက ခက်ရှရှဩဩလေး လူကြီးလူကောင်ဆန်လိုက်တာ

"ဟုတ်ကဲ့ဗျ ကျွန်တော်က နွေးသစ္စာပါဗျ
ဒေါက်တာနာမည်က ရှိန်းဆက်ကိုကိုနော် အရှည်ကြီးဘဲ အတိုကောက် ကိုကို လို့ဘဲခေါ်ပါရစေဗျ"

"..........."

"............"

"............"

"ပြီးတော့ ကိုကို ကအရမ်းချောတာဘဲ
ခုနကတည်းကလည်း နွေးကိုကို့ဆီကကိုအကြည့်မလွဲနိုင်ဘူးဗျ၊ အရမ်းခန့်ညားတာဘဲ ကျွန်တော့ ကိုကို့ ကို မြင်မြင်ချင်းချစ်မိပြီးထင်ပါရဲ့ ကိုကို့ ကို ဒီနေ့ကစပြီး ပိုးပန်မှာမို့ နွေးကို စဉ်းစားပေးပါနော်"

ရှိန်းဆက်"________"

နန်းသစ္စာ "_______"

မဟာဧက"________"

Dodo_* ငါ့ host ရဲ့ flirt နည်းကလည်း၊ တစ်ကယ်မနိုင်တော့ဘူး*

~^Kitt^

1320 words

....🎀💦💘

Host^ Phuphu^Where stories live. Discover now