"ဟုတ်ကဲ့ဗျ မမ""

အပေါ်ဆုံးထပ်တဲ့လား၊ ကြည့်ရတာ အပေါ်ဆုံးထပ်ကို သွားမှ ဒုဇာတ်လိုက်နဲ့တွေ့ရမဲ့ပုံကြီး၊ ဒါမဲ့ ဒီလို ဆေးရုံကြီးဆိုတော့ လက်လွတ်စပယ် တော့ ဝင်ခွင့်ရမည်မဟုတ်ပေ၊ အကြံထုတ်..

"အာ မမဗျ"

"အင် ငယ်လေး"

"ဟို ဒုဥက္ကဌ တို့ ဥက္ကဌ တို့က ဒီဘက်ကိုလာလာစစ်လားဗျ"

"အွန်းး ဥက္ကဌ ကတော့ တော်ရုံမလာဘူး ကြာကြာတစ်ခါမှလာလာကြည့်တာ ၊
ဒါမဲ့ ဒုဥက္ကဌ က မမတို့ အဖွဲ့ကလေ
ငယ်လေး  နှလုံးအထူးကု ဒေါက်တာပေါ့၊ မမတို့နဲ့လည်း ခင်တယ်လေ"

"ဟုတ်လားဗျ ကောင်းတာပေါ့ ဟိဟိ"

"ငယ်လေးက ဘာလို့သိချင်ရတာလဲ ပြောပြအုံး"

"ဘားဟုတ်ပါဘူး ဒီတိုင်း"

ဘုတ်!!!

အ့!

အင့်!

နွေးမမနဲ့စကားပြောနေရင်း ‌အရှေ့ကိုသေချာမကြည့်လျှောက်လိုက်မိတာပင်၊ လူတစ်ယောက်နဲ့ ဝင်တိုက်မိကုန်ပြီ။

"‌sorry ပါဗျ အဆင်ပြေရဲ့လားဗျ"

"ရပါတယ် ဟင် နန်း.."

နွေးခုမှရှေ့ကလူကိုသေချာကြည့်မိပါ၏၊ တစ်ကယ့်ကိုချောသည်လို့ပြောရမယ်၊အရပ်ကလည်းရှည်၊ body ကလည်းတောင့်တောင့်ဖြောင့်ဖြောင့်ပင်၊ ဂျူတီကုတ်နဲ့ဆိုတော့ ဆရာဝန်ဖြစ်လောက်၏။

"အာ.. ကိုမဟာ.. ဒါလေးက နန်းရဲ့ချစ်မောင်လေးလေ၊ ကိုမဟာ ကိုနန်းပြောနေကျ နန်းရဲ့ငယ်လေး"

*ကိုမဟာ.. What ဒီရှေ့ကအကိုက ဇာတ်လိုက်ကြီးပေါ့ ၊ ဟုတ်လား dodoလေး ..*

*ဟုတ်ပါတယ် host ဇာတ်လိုက်မှဇာတ်လိုကြီးစစ်စစ်..ရေမရောဘူး..*

မဟာ တစ်ယောက်ရှေ့ကကောင်လေးကိုကြည့်မိသည်၊ နန်းရဲ့‌မောင်လေးတဲ့လေ၊ ဒါကြီးက ..သူဒီကောင်လေးကိုကောင်းကောင်းဆက်ဆံပေးရမည်။ အနာဂတ်ယောက်ဖလေးပင်ဟုတ်ပါသလား၊ ဂလု..

"အာ... ဟုတ်လား နန်းပြောနေကျမောင်ငယ်လေးကို တစ်ကယ်လည်းချစ်ဖို့ကောင်းတာပါဘဲ၊ နန်းတို့မောင်နှမလေးတွေက ဒီလောက်ချစ်ဖို့ကောင်းကြတာ မွေးမိခင် အန်တီက တော်တော်လေးလှလောက်မယ်ထင်တယ်"

Host^ Phuphu^Where stories live. Discover now