Part 16

851 43 11
                                    

Unicode

ဝှစ်

ပြင်းထန်သော လက်သီးက Mark ရဲ့ဝမ်းဗိုက်ဆီသို့ အားပြင်းစွာ ဝင်ရောက်လာသည် ။
၁၀နှစ်အရွယ်mark၏ ပိန်ပါးသော ခန္ဓာလေးသည် လက်သီးအားကြောင့် ယိုင်လဲကျသွားလေသည်။

" မင်းအဖေ သေသွားရုံနဲ့ မင်းတို့လွတ်မယ်ထင်နေလား "

" ခင်ဗျားကဘယ်သူလဲ "

" မကြာခင် မင်းရဲ့သခင်ဖြစ်လာမယ့်သူပေါ့ "

ဦးထွန်းဝနလှိုင်အပြောကို ထိုကောင်လေးသည် မည်သည်မှ ပြန်မပြောဘဲ သူ့ကိုသာ စူးရဲသောမျက်ဝန်းများဖြင့် မမှိတ်မသုန်စိုက်ကြည့်နေလေသည်။

" မင်းအသက်ဆက်ရှင်ဖို့နည်းလမ်းက တစ်ခုဘဲရှိတယ် ငါ့ဆီမှာငါ့ရဲ့သစ္စာခံခွေးလုပ်ဖို့ဘဲ "

" ကျွန်တော်ကမလုပ်ဘူးဆိုရင်ကော "

" အဟင်းဟင်း အမေတူသားဘဲ အကြောတင်းချက်က မင်းအမေတုန်းကလည်း သေခံနီးတောင် မာနမလျှော့ခဲ့တာ နောက်ဆုံးရလဒ်ကတော့ အသက်ပျောက်သွားတာဘဲလေ "

" ခင်ဗျား ... "

" ဒီနိုင်ငံမှာ မင်းနဲ့မင်းညီလေး ဘယ်လိုရှင်သန်ရပ်တည်မလဲ မင်းရဲ့အခုအသက်လေးနဲ့ မင်းညီလေးကို အဆုံးထိကာကွယ်နိုင်မယ်ထင်လား အဲ့မေးခွန်းတွေရဲ့ အဖြေကို အခုsecအတွင်းစဉ်းစားလိုက်။ အဖြေထွက်လာလိမ့်မယ် "

" အခု ကျွန်တော့်ညီလေးဆီပြန်သွားရဦးမယ် "

Markသည်ခုချိန်တွင် ကျန်တာများမတွေးနိုင်။
သူ၏တစ်ဦးထဲသောညီလေးသည် ဗိုက်ဆာနေလေသည်။ မြေပေါ်တွင် မှောက်ကျနေသော ရေဘူးလေးက သူ့ကိုသနားဖွယ်ကြည့်နေသလို။

သောက်စရာဝယ်ပြန်လာသောာ markကို ဘယ်ကမှန်းမသိသော လူကြီးများကရောက်ချလာပြီး လက်နှစ်ဖက်ကိုတဖက်တချက်ဆွဲထားကာ လက်သီးနှင့်စတင်ထိုးပြီး ရိုက်နှက်တော့သည်။

၁၀ နှစ်ဆိုသော်လည်း markက သေးသေးညက်ညက်မဟုတ် ခန္ဓာကိုယ်ထွားသောအထဲတွင်ပါသည်မို့ ဝိုင်းချုပ်ကာထိုးနှပ်နေသော်လည်း ၁၃/၁၄ အရွယ်ကို ထိုးနှပ်နေသလိုပုံပေါက်နေလေသည်။

My Fascinated Man(ongoing)Where stories live. Discover now