Part 17

1.1K 47 6
                                    

Unicode

ခွန်လုံစိတ်ထဲတမျိုးထူးဆန်းနေလေသည်။
လူက‌ေမမြို့ဘက် ရောက်နေကာ မာယာမျက်ရှင်ရဲ့နေရာ လားရှိုးဘက်မှာရှိထားသည်ကိုသိသည့်အတွက် သွားကြည့်ချင်နေသည်။

သူနဲ့မာယာမျက်ရှင်နဲ့က တရင်းတနှီးပက်သက်ရ
သည့်ဆက်ဆံရေးမျိုးတော့မဟုတ်။ သို့သော်လည်း စိမ်းသက်နေသော သူစိမ်းလည်းမဟုတ်ချေ။

သွားရောက်လည်ပတ်သည် ဆိုလျှင်လည်း လက်ခံချင်စရာကောင်းသည့် အကြောင်းပြချက်ဖြစ်ပေလိမ့်မည်။

မနှစ်ကလောက်ကတော့ တစ်ခါရောက်ဘူးသလိုဘဲ ။
လူကြီးမင်းဝမ်နဲ့ အကျိုးတူလုပ်ငန်း စလုပ်သည့်အချိန်ထင်သည် ။

ခပ်လှမ်းလှမ်းမှနေပင် ရှုပ်ထွေးနေသော အမည်းရောင်ဝတ်စုံပြည့်လူများကိုတွေ့လိုက်ရသည်။ ထို့နောက်ကားများ ကျားနက်တံဆိပ်နှင့်ကားများကို ခွန်လုံအခုမှ မြင်ဖူးသွားသည်။

တခုခုဖြစ်နေတာမဟုတ်လား ဒီအခြေအနေက ။

" Sry ပါ စကားဝိုင်းကို နှောင့်ယှက်သလိုဖြစ်သွားလား "

ခွန်လုံရဲ့အရှိန်အဝါတစ်ခုကြောင့် ဝတ်စုံပြည့်လူများမှာ ဘာမှမပြောရဲပေ ။ ထို့ကြောင့်လွယ်ကူစွာ အိမ်ထဲသို့ ဝင်ခွင့်ရသွားလေသည်။

မြေအောက်လောကတွင် နာမည်သာကြားဘူးပြီး လူလုံးထွက်မပြတတ်သော ကျားနက်၏ခေါင်းဆောင်ဟုထင်ရသော လူနှင့်မာယာမျက်ရှင်တို့၏ အခြေအနေသည် တင်းမာနေလေသည်။

" ဒီဘက်က မောင်ရင်က "

" ကျွန်တော့်နာမည် ခွန်လုံပါ "

ခွန်လုံ ခွန်လုံဆိုတာ အဲ့မိသားစုများလား ။
ဦးထွန်းဝနလှိုင် ခပ်တွေတွေစဉ်းစားလိုက်သည်။

" လမ်းကြောင်းက နှောင့်ယှက်ခံနေရပါတယ် ။ ခုချိန်ပြန်ဖို့သင့်ပါပြီ "

Mark က ဦးထွန်းဝနလှိုင်နားနား ကပ်ကာ တိုးတိုးတိတ်တိတ်ပြောလိုက်သည်။ ဦးထွန်းဝနလှိုင် မျက်နှာတချက်ပျက်သွားသည်ကို အမြန်ပြန်ထိန်းကာ ထရပ်လိုက်သည်။

" ဧည့်သည်လည်း ရောက်လာပြီဆိုတော့ ဒီလောက်နဲ့ဘဲပြန်တော့မယ် မာယာမျက်ရှင် သေချာစဉ်းစားလိုက်ဦးနော် "

My Fascinated Man(ongoing)(1 Month ရပ်နား)Where stories live. Discover now