Part _ 7 (uni )

1.3K 75 5
                                    


ရှန်တသည် ဟိုညကအဖြစ်ကို ရှက်ရွံ့နေသေးကာ
ကိုလေးရော ပိုးပိုးနှင့်ပါ မျက်နှာချင်းဆိုင်ရမှာ
စိုးရိမ်နေမိသည်။

ကျောင်းကို တစ်ရက်ပျက်လိုက်သော ကောင်းမှုကြောင့် ဒီနေ့ကတော့ စောစော သွားကာ စာပြန်ကူးရတော့မည်။

ပိုးပိုး နှင့် ကျောင်းသွားနေကြပေမယ့် ပိုးပိုးကိုမြင်ရင် ရှက်ရွံ့စရာအကြောင်း တွေးမိလာပြီးလူက ရူးချင်လာသလို ဖြစ်ရသည်မို့ ကို့ဘာသာဘဲ သွားလိုက်ပါတော့မယ်လေ

" CEO ဘာလို့ ဒီအထိလိုက်လာတာလဲ ဟို ရပ်ကွက်က သိပ်မသန့် .."

"ကိုယ်က မင်းနေတဲ့နေရာကိုစိတ်မဝင်စားပါဘူး
မင်းကို လွမ်းလို့လိုက်လာတာ "

" အာ ကျွန်တော် ဒီည ဒီည အလုပ်ပြန်လာပါ့မယ်
ညီလေးက နေမကောင်းသလို ဖြစ်နေလို့ မနေ့ညက စောင့်ကြည့်ပေးနေလို့ပါ "

" ရပါတယ် oric လေးရာ ကိုယ်က အလုပ်လာခိုင်းတာမဟုတ်ဘူး မင်းမျက်နှာလေးကို သက်သက်လွမ်းလို့လာကြည့်တာ "

ရှန်တသည် သူများစကားပြောတာတွေ
ခိုးနားမ‌ေထာင်တတ်ပေမယ့် အခုတော့ ကိုလေးတို့ပြောနေသည်ကို နားစွန်နားဖျားကြားကာ ဆက်နားထောင်မိသည်။

လွမ်းလို့ ကိုလေး အလုပ်ရှင်က ကိုလေးကို ??
ဒါဘာအဓိပ္ပာယ်လဲ ဒါက ချစ်သူတွေဘဲ ဒီလိုပြောတာ မဟုတ်ဘူးလား ။

ကိုလေး က ceoလို့ ခေါ်တဲ့ လူကို ရှန်တမမြင်ဖူးသော်လည်း အသံအရတော့ အသက်ကြီးသည့်အထဲ မပါသေးပေ။

ဘယ်လိုမှကို စဉ်းစားမရတာကတော့ ကိုလေးမျက်နှာကို လွမ်းသည်တဲ့ ကိုလေး သူဌေးက ။

ခိုးနားထောင်နေသော နံရံအကွယ်က ရှေ့သို့ခြေလှမ်းနည်းနည်းထပ်လှမ်းလိုက်ရိုက်တော့ ထိုလူကိုမြင်ရလောက်သည်။အတွေးမဆုံး ရှန်တခြေလှမ်းဖွဖွနင်းကာ ချောင်းကြည့်လိုက်သည်။

oh ကိုလေး သူဌေးက မော်ဒယ်ကျနေတာဘဲ ။ ရှည်လိုက်တဲ့ အရပ်ကြီး ဟိုညက လူအတိုင်းဘဲ ။
ကျစ် ငါက ဘာလို့ အဲ့လူအကြောင်းတွေးမိသွားပြန်တာပါလိမ့် လူယုတ်မာကြီး

ကိုလေးက ကံကောင်းလိုက်တာ သဘောကောင်းတဲ့အလုပ်ရှင်နဲ့တွေ့ရတယ် မျက်နှာကလည်း အပြစ်ပြောစရာမရှိအောင်ကို ပြည့်စုံနေတာဘဲ မိုက်ချက်။
ဟိုညကလူလောက်မချောပေမယ့် တော်တော်ရုပ်ဖြောင့်တာဘဲ။

My Fascinated Man(ongoing)Where stories live. Discover now