Part 13

755 29 0
                                    

Unicode

လွန်ခဲ့သော သုံးရက်ခန့်က .....

" အင်ပါယာပွဲကို လာမယ်ထင်လား "

ထန်တိုင်းမိုးပြိုက ဆေးလိပ်တချက်ဖွာလိုက်ကာ အပြင်ဘက်သို့ ငေးရင်းစိုင်းမော်အား  မေးလိုက်သည်။

" သိရသလောက် သတင်းအရဆို သူ့နာမည်ပြောင်က အပုန်းကောင်းတဲ့ကျားတဲ့ အင်ပါယာပွဲတွေကလွဲလို့ ကျန်တဲ့ဘယ်နေရာမှာမှ သူ့ကိုမတွေ့နိုင်ဘူး မြေအောက်ကိစ္စတွေအားလုံးကို လူယူံနဲ့ဘဲလုပ်တယ် ဘယ်တော့မှလူလုံးထွက်မပြဘူး တော်ရုံဘယ်သူမှမသိဘူးတဲ့သူ့ကို ကျားနက်ဂိုဏ်းလို့သိကြပေမယ့် တကယ့်ခေါင်းဆောင်ကိုမသိကြတာ  "

" အပုန်းကောင်းတဲ့သူတွေပေါ်တဲ့ပွဲလို့ အင်ပါယာပွဲကို ဘာလို့ခေါ်လဲသိသွားပြီ "

" ဒါနဲ့ Boss မြေအောက်ခန်းကိုရှင်းပြီးပါပြီ အလောင်းကိုလည်း ရှင်းပြီးပြီမို့ ကျန်တဲ့အစီအစဉ်ဘဲဆွဲဖို့ကျန်ပါတော့မယ် "

" အဆုံးထိဝန်မခံဘူးထင်တာ နောက်ဆုံး ကျားနက်တက်တူးဆိုတာလေးတော့ ပြောသွားသေးတာဘဲ "
(A/N Part 8အစမှာ စစ်မေးထားတဲ့တစ်ယောက်ကို ပြောချင်တာပါ )

" ဘာတွေဘဲဖြစ်လာလာ ရှန်တခေတ်ကို မထိခိုက်စေနဲ့ "

ထန်တိုင်း အလေးအနက်ပြောလိုက်သည်။ သူ၏စိတ်ထဲ ရန်သူရဲ့သားဖြစ်တာတောင် ဘာလို့သက်ညှာပေးနေမိတာပါလိမ့် ။

********

အင်ပါယာပွဲ ....

ထန်တိုင်းသည် လင်းစစ်အား လှုပ်ရှားရန်အချက်ပေးလိုက်သည်။ပွဲထဲတွင် ထိုလူရှိသည်။ ကျားနက်ဦးခေါင်းတက်တူးနှင့်လူ သူအတည်ပြုဖို့လိုသည်။
သူ့မိဘတွေ၏ မတော်တဆမှုက ဒီလူနှင့်ပက်သက်နေလား ။

လင်းစစ် ထန်တိုင်းဆီမှ အချက်ပြမှု ရသည်နှင့် ကိစ္စများ စလုပ်ရန်ပြင်လိုက်သည် ။
ကြိုတင်ပြင်ဆင်ထားသော အဝေးထိန်းကိရိယာနှင့် လျှပ်စစ်မီးများအား မှိတ်ချရန် အရင်လုပ်ဖို့လိုသည်။

ကျားနက်တက်တူးရှိသောလူဘေးတွင်လည်း သူတို့၏လူများ ရောက်နေလေပြီ။ ဒါပေမယ့် ထိုသူ၏ လူယုံဖြစ်ပုံရသော ကောင်၏အကြည့်များက စူးရဲပြီး သတိအပြည့်နှင့် ဖြစ်နေ၍ မသိမသာ လှုပ်ရှားနေရသည်။

My Fascinated Man(ongoing)Место, где живут истории. Откройте их для себя