Part 11

772 22 0
                                    

Unicode

" ခင် ခင်ဗျား မယုတ်မာနဲ့နော် အားး လွှတ် ကျွန်တော့်ကို လွှတ် "

" ရှန်တ ရှန်တ ဟဲ့ ဘာဖြစ်တာလဲ "

" ဟင် "

ယောင်းမကြီးကိုလက်တစ်ဖက်က ကိုင်ကာပြူးတူးပြဲတဲ ကြည့်နေသော မိပိုးကို မြင်မှ
ရှန်တသည် အိပ်မက်မက်နေမှန်းသတော့သည်။
ရှက်စရာကောင်းလိုက်တာဘာတွေယောင်အော်မိလိုက်လဲ မသိဘူး

" ငါ အိပ်မက်မက်ပြီးယောင်နေတာ "

" အေးလေ မယုတ်မာနဲ့တွေရောဘာတွေရော ဘာတွေမက်လို့လဲ ငါ့ပြောပြ "

" ဟာ ဒီတိုင်း မမှတ်မိတော့ပါဘူး ဝါးတားတားဘဲ "

" ဟုတ်လို့လား အမ်းးငါ့အထင် ဟိုဟာဒီဟာပြုကျင့်ခံရ ..."

" ဟာ ဘာကိုပြုကျင့်ခံရမှာလဲ ပေါက်ကရတွေနင်ထင်နေသလို မဟုတ်ဘူးနော် လုံးဝမဟုတ်ဘူး "

" ဟားဟားးဖြေးဖြေးပြောပါဟယ် မျက်နှာကြီးကရဲလာပြီ ရှက်နေသလိုဘဲနင်က "

" ပေါက် ပေါက်ကရ ကြက်ဥကြော်နေတာမလား မြန်မြန်သွား တူးတော့မယ် "

ပိုးပိုးသည် မျက်မှန်ဝိုင်းကြီးအားပင့်တင်ကာ တဟီးဟီးတဟားဟားနှင့် ယောင်းမကြီးကိုင်ကာပြေးထွက်သွားသည် ။

အားးရှက်လိုက်တာစောစောစီးစီး ကောင်းကျိုးမပေးတဲ့ နှာဘူးကောင်ကြီး ရှန်တသည် စိတ်ထဲတွင်
ထန်တိုင်းအားကျိန်ဆဲလိုက်သည် ။

တစ်ဖက်တွင်တော့

" အ "

ဘယ်သူငါ့အကြောင်းပြောနေပါလိမ့်
ထန်တိုင်းမိုးပြိုသည် အလကားနေရင်း ကိုက်မိသွားသောလျှာကြောင့် ရှုံ့မဲ့မိသွားသည်။

" သဘက်ခါပြန်ဖို့ လေယာဉ်တစ်ခါတည်း စီစဉ်ထား စိုင်းမော် ဟိုကလေးကကျောင်းရှိတယ် "

" Boss အမကို အဖော်မပြုပေးတော့ဘူးလား သူကနောက်ရက်စာချုပ်ကိစ္စလုပ်ပေးရဦးမှာ"

"သူက ငါ့ထက်ပိုကြမ်းပါတယ် သူအဆင်ပြေမှာပါ"

ထန်တိုင်းအသိဆုံးဘဲလေသူ့အမ မာယာမျက်ရှင်ဆိုတာဘယ်လိုလူလဲဆိုတာ

My Fascinated Man(ongoing)Where stories live. Discover now