Part 15

960 39 2
                                    

Unicode

" ဘယ်ကခွေးလေခွေးလွင့်တွေရောက်နေတာလဲ "

အသံလာရာဆီသို့ ပိုးပိုးရော အားလုံးပါ လှမ်းကြည့်လိုက်သည်။ကားနှစ်ခုရပ်ထားရာ နေရာကြားတွင် စီးကရက်မီးခိုးများ မှုတ်ထုတ်ကာ ထိုင်နေသော ဇက်။

အများကြားထင်းနေစေသည့် ရေညှိစိမ်းရောင်ဆံပင်။

" မင်းကဘယ်သူလဲ ဘယ်သူဖြစ်ဖြစ် လာမရှုပ်ဖို့ ကြိုပြောမယ် "

" အဟက် ရယ်ရတယ် "

ကိုလေးလို နားဆွဲရှည်ရှည်များနှင့်ထိုလူက မထီမဲ့မြင်ပုံနှင့် ပြုံးလိုက်ကာ ထရပ်လာသည်။

" ဒီဘားက ငါပိုင်တာလေ အဲ့တော့ ဒီပိုင်နက်က ကိစ္စတွေကို ငါ့မှာရှုပ်ပိုင်ခွင့်ရှိတယ်မလား "

" အဲ့ဆို ဒီကောင်မကို ဒီနေရာကခေါ်သွားမယ် မင်းနေရာမှာမဟုတ်တဲ့အတွက် မင်းလည်းစောက်ဇယားလာရှုပ်လို့မရတော့ဘူးပေါ့  ဟုတ်တယ်မလား "

" မဟုတ်ဘူး "

" ဘာစောက်ဒွန့်တက်နေတာလဲ မင်းက "

" မင်းတို့ခေါ်သွားမယ့်လူက ငါ့လူလေ အဲ့တော့ ငါနဲ့ဆိုင်သေးတာပေါ့ ခွေးကောင်ရ "

ခွပ်

ပြောရင်း ဇက်က ထိုလူ့မျက်နှာအား ပိတ်ထိုးလိုက်သည်။

" မင်း "

လေးယောက်တစ်ယောက်နှုန်းနှင့် ပိုးပိုးမျက်စိရှေ့တွင် ရန်ပွဲအသေးစားလေးဖြစ်သွားသည် ။

" ကောင်မ ငါတို့ပြန်လာခဲ့မယ် "

မျက်ခွက်များဖူးယောင်စွာဖြင့် သစ်မိုးပန်းချီ၏ ခွေးများသည် ကျိန်းဝါးကာ ထွက်သွားကြသည်။

ပိုးပိုး လဲကျနေသော ဇက်အနားပြေးသွားကာ

" ဟို အဆင်ပြေရဲ့လားရှင့် အရမ်းနာနေလား "

" Imm ရပါတယ် ကိုယ့်ကိုမှတ်မိလား "

ကောက်ခါငင်ကာမေးလိုက်သော ဇက်ကို ပိုးပိုး ပြူးကြောင်‌ေကြာင်ပြန်ကြည့်လိုက်သည်။

" ဟို ပိုးပိုးမမှတ်မိဘူးရှင့် အာ ဒီက ဒီဘားရဲ့သူဌေးဆိုတော့လေ ဒီကိုခဏခဏရောက်ဖြစ်မှာပေါ့နော် ဒါပေမယ့် ပိုးပိုးက ပတ်ဝန်းကျင်ကို သိပ်သတိမထားမိလိုက်တဲ့အတွက် ကိုယ့်သူဌေးမှန်းတန်းမသိဘူးဖြစ်သွားတာ တောင်းပန်ပါတယ် "

My Fascinated Man(ongoing)जहाँ कहानियाँ रहती हैं। अभी खोजें