Part _ 9 ( uni )

1.7K 70 2
                                    

Unicode

" ဝိုးး ပစ္စည်းတွေအရောင်းသွက်ချက်ကတော့ တကယ်ကို မာယာမျက်ရှင်ဆိုတာ ပြိုင်ဘက်ကင်းပါဘဲ "

" အဟင်းဟင်း လူကြီးမင်းဝမ်က မြှောက်ပင့်နေပြန်ပါပြီ "

" ဧည့်သည်တွေ စုံနေတာဘဲ "

မာယာသည် အသံလာရာသို့ လှမ်းကြည့်လိုက်ရာ ခပ်ပြုံးပြုံးမျက်နှာနှင့်ဝင်လာသော ခွန်လုံအား တွေ့လိုက်ရသည်။

ခွန်လုံ၏ လုပ်ငန်းလုပ်ပုံကိုင်ပုံကို သူမနှစ်သက်ပါသည်။ တစ်ခုဘဲ သူ့ဘေးက မျောက်မကသာ အနှောင့်အယှက်ဖြစ်နေတာ ။

" တို့နဲ့ ကိစ္စပြီးနေပါပြီ စကားစမြည်ပြောနေကြတာ "

" ဟုတ်တယ်မောင်ခွန်လုံ တစ်ခွက်လောက်သောက်ကြပြီး စကားဝိုင်းလေးလုပ်ကြရင် မကောင်းဘူးလား"

" သိပ်ကောင်းပါတယ် လူကြီးမင်းဝမ် "

" ဒီနေ့တော့ ရှင့်ဘေးက တစ်ယောက်မပါဘူးနော် "

ခွန်လုံသည် မာယာအပြောကြောင့် တစ်ချက်စဉ်းစားလိုက်ပြီး

" ဪ လူစီသော်ခေတ်လား "

"အင်း "

" သူကဘာသိဘာတတ်မှာမို့လဲ သူကအပျင်းပြေကစားစရာအရုပ်သက်သက်ပါ "

မာယာသည်ခွန်လုံ အပြောကြောင့် မျက်ခုံးပင့်မိသွားကာ စိတ်ကြီးဝင်နေသောလူစီသော်ခေတ်အား သနားစိတ်တောင်ဖြစ်မိသည်။ ခွန်လုံသာ စွန့်ပစ်လိုက်ရင် သူမဘဝက အမှိုက်ပုံက ပစ္စည်းဟောင်းသာသာ ဖြစ်နေမှာ။

" ဒါနဲ့ မောင် ခွန်လုံ မင်းအမျိုးကို ရှာနေတာ တွေ့ပြီလား "

ခွန်လုံသည် မျက်တောင်တစ်ချက်ခတ်လိုက်ပြီး လူကြီးမင်းဝမ်အား အပြုံးဖြင့် ဖြေလိုက်သည်။

" တူလေးကို မတွေ့သေးပါဘူး လူကြီးမင်းဝမ် "

ထို့နောက်အေးဆေးစွာပင် လက်ဖက်ရည်ခွက်အား ‌ယူကာ သောက်လိုက်သည်။

" ဟိုဟာ စိတ်တော့မရှိပါနဲ့ တခြားသူကိစ္စ စပ်စုတာတော့ မဟုတ်ဘူး ခွန်လုံမှာ တူရှိတာတဲ့လား "

" ရပါတယ် မာယာ ကိုယ့်မှာ တစ်ဦးတည်းသောသွေးရင်းဖြစ်တဲ့ တူလေးရှိပါတယ် ဒါမယ့် သူပျောက်နေတာ နှစ်ချီနေပြီ "

My Fascinated Man(ongoing)(1 Month ရပ်နား)Where stories live. Discover now