Part _ 10 ( Uni )

1.5K 67 5
                                    

Unicode

" ခင်ဗျား ဘာပြောတယ် မလိုက်နိုင်ဘူးနော် "

" ရွေးချယ်ခွင့်မရှိဘူးလေ မင်းမှာ "

ရှန်တခေတ်သည် ရန်လိုနေသော ပါပီလေးလို ဂူးဂူးဂါးဂါး‌ဖြစ်နေပေမယ့် ထန်တိုင်းကတော့ အေးဆေးပင် လက်တော့ပ်ကြည့်မပျက်ပြန်ပြောနေလိုက်သည်။ သူ့ကို သေရွာသို့ခေါ်နေတာလည်း
မဟုတ်ပေ ။

" သိတာမကြာသေးတဲ့ ခင်ဗျားနဲ့ ပြီးတော့ ခင်ဗျားကဟိုဟာပါ အာ ထားတော့ဗျာ သူစိမ်းတစ်ယောက်နဲ့ နယ်စပ်လိုနေရာကို မလိုက်နိုင်ဘူးဗျာ ရောင်းစားရင်ဘယ်လိုလုပ်မလဲ ခင်ဗျားက လူဆိုးမှန်းမသိ လူကောင်းမှန်းမသိ "

ဘယ်နှယ့်ပြောရက်တာလဲ သူနဲ့ ‌လောက်ကိုင်ဘက်ကိုလိုက်ရမယ်တဲ့ ဆုတောင်းလေ ပူဖောင်းတောင်အလကားမရဘူး

" ကိုယ်ကမင်းကို ရောင်းစားမယ်လို့ထင်နေတာလား "

" ဟုတ်တယ် ကျွန်တော့်ကလီစာတွေထုတ်ရောင်းနိုင်တယ်လေ လုံးဝမလိုက်ဘူး "

" သဘောတူစာချုပ်မှာ ကိုယ်ဘာပြောပြောမင်းလက်ခံရမယ်လို့ပါတယ်နော် "

" ခင်ဗျား ဒါသက်သက်အနိုင်ကျင့်တာ "

ထန်တိုင်းသည် မတတ်နိုင်ဘူးလေဆိုသည့်ပုံစံနှင့် ပခုံးတွန့်ပြသည်။

" ကိုလေး စိတ်ပူနေလိမ့်မယ် ဦးမော်ရော ပိုးပိုးရော "

အသံလေးတိုးဝင်ကာ သနားစဖွယ်ပြောလိုက်သော
ရှန်တကြောင့် ထန်တိုင်းသည် ကြည့်လက်စ စကော့ရှယ်ယာဈေးကွက်အားရပ်ကာ

" ဒီမှာ ငတုံးလေး ကိုယ့်ပုံစံကိုကြည့် လူကုန်ကူးတဲ့ ပုံပေါက်လား "

အင်း လူနည်းနည်းလောက်တော့ ကူးမိရင် ကူးမိမှာပေါ့ မမှတ်မိတော့ဘူး

" အဲ့ အဲ့ ဒါမျိုးက အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်လို့ရတာ မဟုတ်ဘူး "

" ဟ ငါသာ မင်းကိုရောင်းစားချင်ရင် ပထမစတွေ့တည်းက ဆေးခတ်ပြီး နယ်စပ်ပို့လိုက်ပြီ အခုက တကယ် ငါနဲ့လိုက်ဖို့ အဖော်လိုနေတာ မင်းကြည့်ကြည့်စမ်းပါ ငါကမင်းထင်ထားတာထက်ပိုချမ်းသာတယ် မင်းကိုရောင်းစားစရာမလိုဘူး "

My Fascinated Man(ongoing)Where stories live. Discover now