အပိုင်း ၂၇ [Uni + Zaw]

181 12 0
                                    

(Unicode)

အဓိကမင်းသားကို ငါမလိုဘူး။

အပိုင်း ၂၇

Author _ 라닐슨생

Translator _ Galene

**********

တောင်ရဲ့ အလယ်ပိုင်းလောက်မှာ တောင်ကနေ ထွင်းထုထားသလိုမျိုး ကျယ်ပြန့်တဲ့ မြေပြန့်ကြီးတစ်နေရာရှိတယ်။ ရထားလုံးက အဲ့ဒီနေရာမှာပဲ ချောချောမွေ့မွေ့ရပ်တန့်သွားတော့တယ်။

ငါတို့ရှေ့က အရင်ရောက်တဲ့ ရထားလုံးတွေထဲမှာ အရောင်အသွေးအစုံအလင်နဲ့ မိန်းကလေးတွေက ဘေးမှာ သူရဲကောင်းတွေ၊ ပါတနာတွေနဲ့ ရောက်လာကြတာကို တွေ့ရတယ်။

ခဏလောက် ငါ ဆင်းဖို့ တွန့်ဆုတ်နေမိတယ်။ မျိုးရိုးမြင့်မိန်းကလေးတစ်ယောက်က တံခါးကို ကိုယ်တိုင်ဖွင့်ပြီး ဆင်းဖို့ဆိုတာ ရှက်ဖို့နည်းနည်းကောင်းနေတယ်။

ဒါက အသုံးမဝင်တဲ့ စည်းမျဉ်းတစ်ခုပဲ။ စိတ်ပျက်ဖို့ကောင်းပေမဲ့လည်း မလိုက်နာဘဲလည်း နေလို့မရဘူး။

ငါ့ကို ဘယ်သူက လိုက်ပို့ပေးမှာလဲ။ လီယာကလည်း အရင်ဆင်းပြီး ဘေးပတ်လည်ကို ကြည့်နေတယ်။

"လီယာ၊ ငါ့ကို လိုက်ပို့ပေးပါဦး"

"ခဏလေးပါ၊ မဒမ်။ နည်းနည်းလောက်စောင့်ပါဦး"

လီယာနဲ့ပဲဖြစ်ဖြစ်၊ ရထားထိန်းနဲ့ပဲဖြစ်ဖြစ် ငါ ဘယ်လိုဆင်းတယ်ဆိုတာက ငါ့အတွက် သိပ်အရေးမကြီးပေမဲ့ နန်းတော်မှာ တော်တော်ကြာကြာအလုပ်လုပ်ခဲ့တဲ့ လီယာအတွက်တော့ မတူလောက်ဘူး။

စောင့်နေရတာ နည်းနည်းကြာလို့ စိတ်တိုနေရတဲ့အချိန်မှာပဲ ရင်းနှီးနေတဲ့မျက်နှာကို မြင်ရတော့တယ်။ အဲဒီ ယောက်ျားရဲ့ ငွေရောင်ဆံပင်တွေက လေထဲမှာ တလွင့်လွင့်နဲ့ ငါ့ကို မြင်တဲ့အခါမှာ ချက်ချင်း ဒီဘက်ကို လှည့်လာတော့တယ်။

မိန်းကလေးတွေရဲ့ တီးတိုးပြောနေသံကို ငါကြားရတယ်။

လက်ထပ်ကာစ ကလစ်ဖို့ဒ်မြို့စားလောင်းနဲ့ သူ့အမျိုးသမီးက တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးကောင်းမရှိဘူးဆိုတာက သတင်းဟောင်းတောင် ဖြစ်နေပြီ။

အဓိကမင်းသားကို ငါမလိုဘူး [ဘာသာပြန်]Where stories live. Discover now