အပိုင်း ၉ [Uni + Zaw]

492 33 0
                                    

(Unicode)

အဓိကမင်းသားကို ငါမလိုဘူး။

အပိုင်း (၉)

Author - 라닐슨생

Translator - Galene

*******

စာအိတ်ထဲမှာ စာရွက်ဖြူတစ်ရွက် ရှိပေမဲ့ ဘာမှ မရေးထားဘူး။

"ဟင်"

တစ်ခုခုများ မှားနေလားလို့ ငါစာရွက်ကို လှန်လိုက်တဲ့ အခါမှ ကြမ်းပြင်ပေါ် ကို တစ်ခုခု ပြုတ်ကျသွားတယ်။

လုပ်ငန်းကတ်တစ်ခုနဲ့ တူတယ်။

[မဒမ်ပလာဒါ]

"ဒါက ဘာကြီးလဲ"

ငါသေချာကြည့်လိုက်တဲ့အခါမှ ဝတ္ထုထဲက အကြောင်းကို ခပ်ရေးရေး မှတ်မိလာတယ်။

အဲရင်နဲ့ ရူးဘတ် လက်ထပ်ပြီးတဲ့နောက်မှာ ခိုးလီက မေ့လဲသွားတော့ အရှင်က သယ်လာပေးပြီးနောက်မှာ ရူးဘတ်ဆီ ပြန်ရောက်လာတယ်။

သူတို့နှစ်ယောက်က တစ်ညလုံး အချိန်အတူတူ ကုန်ဆုံးပြီးတဲ့နောက်မှာ...ဒီအကြောင်းကို တွေးကြည့်မှပဲ ဇာတ်လိုက်မင်းသားက ဘယ်လောက်ချမ်းသာတယ် ဆိုတာ ငါတွေးမိသွားတယ်။

"ဒါပေမဲ့ ငါ့ကိုတော့ သိပ်မသဒ္ဓါဘူးပဲ"

အဲ့ဒီအစား သူက သူ့ငွေကို မဒမ်ပလာဒါဆီမှာ သုံးလိုက်တယ်။ အခုအချိန်မှာ ရေပန်းစား လူကြိုက်များ နေတဲ့ ဖက်ရှင်တွေနောက်ကွယ်က ပါရမီရှင်ပေါ့။

ဇာတ်လိုက်မင်းသမီးက စင်ဒရဲလားလို လူဝင်မဆံ့တဲ့သူအဖြစ်ကနေ လူမှုရေးနယ်ပယ်က ကြယ်ပွင့်အဖြစ် ပြောင်းလဲသွားတာမလို့ ငါ ယောင်ဝါးဝါး မှတ်မိနေတာပဲ။

ဘာလို့ ဒီလုပ်ငန်းကဒ်က ငါ့ဆီ ရောက်လာရတာလဲ။ ကလစ်ဖို့ဒ်မြို့စားလောင်းရဲ့ ဇနီးကို သူ့လုပ်ငန်းကို မိတ်ဆက်ပေးမလို့လား။

ဘာပဲဖြစ်ဖြစ်ပါလေ ငါ အခုတွေးကြည့်ရင်တောင် အဖြေမထွက်နိုင်သေးဘူး။ ငါ အဓိက ဇာတ်လိုက် နှစ်ယောက်နဲ့ မဒမ်ပလာဒါရဲ့ အကြောင်းကို မေ့ထားလိုက်ပြီး ပိုအရေးကြီးတဲ့ ကိစ္စတွေကို အာရုံစိုက်ရမယ်။

အဓိကမင်းသားကို ငါမလိုဘူး [ဘာသာပြန်]Where stories live. Discover now