အပိုင်း ၂၀ [Uni + Zaw]

440 31 1
                                    

(Unicode)

အဓိကမင်းသားကို ငါမလိုဘူး။

အပိုင်း ၂၀

Author _ 라닐슨생

Translator _ Galene

**********

ငါ ပါတီကို ပြန်သွားတော့မယ့် အချိန်မှာပဲ ငါ့နောက်ကနေ တစ်ယောက်ယောက်ပြေးသွားတာကို ကြားလိုက်ရတယ်။ ရွှေရောင်ဝတ်စုံနဲ့ အညိုရောင်ဆံပင်တွေက လေအဝှေ့မှာ ဖြတ်ခနဲပဲ။

ငါ အီနော့ချ်ကို တစ်ချက် ကြည့်လိုက်တယ်။

"ကြွက်တစ်ကောင် ခိုးနားထောင်နေတယ် ထင်တယ်။ သိပ်တော့ကိစ္စမရှိပါဘူး"

အီနော့ချ်က သူ ပျောက်သွားတဲ့ နေရာကို ကြည့်လိုက်ရင်း သူ့ပါးစပ်ထောင့်စွန်းက ကွေးတက်သွားတယ်။ သူ့ကို ဒီလို မျက်နှာအမူအရာမျိုးနဲ့ တွေ့ရတာ ပထမဆုံးပဲ။

ငါ့ရှေ့က အီနော့ချ်ကို ကြည့်နေရင်းနဲ့ ဝတ္ထုထဲမှာ တွေ့ရတဲ့ သူ့ပုံစံစရိုက်က အကုန်မဟုတ်ဘူးဆိုတာ ငါ သိလာရတယ်။

မကြာခင်ပဲ ငါတို့ ပါတီခန်းမထဲကို ပြန်ဝင်ခဲ့ကြတယ်။ သီချင်းသံတွေက ဖွင့်ထားပြီး လူတွေက ကခုန်သူတွေက ကခုန်၊ စကားပြောတဲ့ သူတွေက စကားပြောနဲ့ လှုပ်ရှားသက်ဝင်နေကြတယ်။

အရှင့်သားအီနော့ချ်မှာက တွေ့ရမယ့် လူတွေ တော်တော်များတာကြောင့် ငါ သူ့နားက အဝေးကို လျှောက်လာလိုက်ပြီး ပါတီဟောခန်းမထဲမှာ လျှောက်ပတ်ကြည့်မိတယ်။

မျက်နှာချင်းဆိုင်ထောင့်မှာ ရူးဘတ်နဲ့ ခိုးလီက စကားပြောနေတယ်။ ခိုးလီက မျက်ရည်လည်ရွဲ ဖြစ်နေတာကို ရူးဘတ်က သူ့ကို နှစ်သိမ့်ပေးနေတာပဲ။

ငါ အထက်တန်းလွှာတစ်စုနားကို ချဉ်းကပ်လိုက်တယ်။ သူတို့ထဲက အမျိုးသမီးတချို့က ငါ တော်ဝင်စာကြည့်တိုက်မှာ တွေ့ခဲ့တဲ့ သူတွေ။ မြို့စားကတော် ရက်ပ်ဟယ်ရဲ့ ယပ်တောင်က တဖျပ်ဖျပ်၊ အပြုံးက တလက်လက်နဲ့။

"အိုး မိုင် မဒမ်။ ဒါက မဒမ်ပလာဒါရဲ့ ဝတ်စုံ မဟုတ်လား။ လှလိုက်တာ"

"ကျေးဇူးတင်ပါတယ်၊ မြို့စားကတော်။ ဒီနေ့ အမွှေးနံ့က မဒမ်ရဲ့ အလှကို ပိုပေါ်လွင်စေသလိုပဲ"

အဓိကမင်းသားကို ငါမလိုဘူး [ဘာသာပြန်]Where stories live. Discover now