အပိုင်း ၂၃ [Uni + Zaw]

372 28 2
                                    


(Unicode)

အဓိကမင်းသားကို ငါမလိုဘူး။

အပိုင်း ၂၃

Author – 라닐슨생

Translator _ Galene

**********


ဝတ္ထုထဲက ပွဲလမ်းသဘင်တွေ အကြောင်းကို စာရွက်ရဲ့ ထောင့်တစ်နေရာမှာ ငါ ရေးချထားမိတယ် ထင်တာပဲ။

ဝတ္ထုထဲမှာ အသေးစိတ်ကျကျ၊ ရှည်ရှည်လျားလျားကို ရှင်းပြထားလို့ ငါမှတ်မိနေတာ။ ဒီမှာ အမဲလိုက်ပွဲတွေက အရေးကြီးတယ်။ ဒါပေမဲ့ အမဲလိုက်ပွဲက အရေးကြီးတာထက် အဲ့ဒီမှာဖြစ်တာတွေက ပိုအရေးပါတာ။

အဲ့ဒီပွဲမှာ ခိုးလီရဲ့ လုပ်ဆောင်ရည်က ထူးချွန်ခဲ့တယ်။ သူက အဓိကဇာတ်ကောင်တစ်ယောက်ဆိုတာကို သေချာတွေ့ရတဲ့ အပိုင်းတစ်ခု။

ငါ စိတ်တည်ငြိမ်အောင် အသက်ပြင်းပြင်းတစ်ချက်ရှူမိတယ်။ စာရွက်အသစ်တစ်ရွက် ယူထုတ်လိုက်ပြီး ငါ မှတ်မိသမျှကို ချရေးလိုက်တယ်။

'မွန်းစတားအမဲလိုက်ပြိုင်ပွဲ'

အတိုချုပ်ပြောရရင်တော့ တော်ဝင်မိသားစုနဲ့ မျိုးရိုးမြင့်တွေက မြောက်ဘက်တောင်တန်းတွေဆီကို သွားရင်း မွန်းစတားတွေကို အမဲလိုက်ကြတာပဲ။

မွန်းစတားတွေကိုပဲ အမဲလိုက်ကြတာက ပျော်စရာမကောင်းဘူး။ ဒါကြောင့်လည်း တစ်ကောင်ဖမ်းမိတိုင်း ရတဲ့အမှတ်တွေ ရှိတယ်။ ဒီအမှတ်တွေကို အခြားသူတစ်ယောက်ဆီကို လွှဲပေးလို့ရတယ်။ အများစုကတော့ သူတို့ကြိုက်တဲ့ မိန်းကလေးတွေကိုပဲ ပေးကြတာပေါ့။

အဲဒါကြောင့် ယောက်ျားလေးတွေက ပြိုင်နေကြတဲ့ အချိန်မှာ မိန်းကလေးတွေကလည်း သူ့နည်းနဲ့သူ ယှဉ်ပြိုင်ကြလေ့ရှိတယ်။ ဘယ်မိန်းကလေးမှာ အသန်မာဆုံး သူရဲကောင်းတွေရှိလဲဆိုတာကို သိရတော့ ဒီအချက်တွေက သူတို့ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်တယ်။ အဲ့ဒါ အပြင်ကို ဒီလိုမျိုးပွဲကြီးတွေကို ပြင်ဆင်ဖို့က တော်တော်ငွေကုန်ကြေးကျများတယ်။

အဲရင်က ပွဲမတက်တဲ့အကြောင်းက ဒါကြောင့်ပဲ။ ဒီပြိုင်ပွဲက မဖြစ်မနေ ပါဝင်ရမှာလည်း မဟုတ်ဘူး။

"ရူးဘတ်ရဲ့အမှတ်တွေကို ရနိုင်ရင်ကောင်းမယ်..."

ငါ ဒီတစ်ခေါက် ရချင်တယ်လို့ ပြောတာ မဟုတ်ဘူး။ ဒါပေမဲ့ ဆက်တွေးနေမိရင်း ငါ သူ့ကို သတိရသွားတယ်။

အီနော့ချ်၊ သူက သေချာပေါက် ပါဝင်မှာပဲ။ သူ ဘာလုပ်နေလဲတော့ မသိဘူး။ ခဏခဏရောက်လေ့ရှိတဲ့ စာတွေက ရက်တော်တော်ကြာတဲ့အထိ မရောက်လာဘူး။

"မတွေ့ရတာတောင် ကြာပြီ"

ငါ့ရဲ့ နှလုံးသားထောင့်တစ်နေရာက ကြေမွသွားတဲ့ အချိန်မှာပဲ ငါ့စိတ်ထဲမှာ တွေးစရာတစ်ခုပေါ်လာတယ်။ ငါ တစ်လျှောက်လုံးတွေးနေခဲ့တဲ့ အခွင့်အရေးက ဒါဖြစ်နိုင်တယ်။

"မြောက်ဘက်...မြောက်ဘက်တောင်တန်း"

ဒါက အကြွေးကို တစ်ခါတည်း တန်းကျေအောင် ဆပ်ပြီး ရူးဘတ်ကို ကွာရှင်းလို့ရမယ့် အခွင့်အရေးပဲ။ ငါ ချက်ချင်း စိတ်လှုပ်ရှားလာမိတယ်။

စာကြည့်ခန်းနံရံပေါ်က မြေပုံကို ငါ လှမ်းကြည့်လိုက်တယ်။ မြေပုံပေါ်က ဘာအမှတ်အသားမှ မရှိတဲ့ တောင်စောင်းတစ်နေရာမှာ အရေးကြီးတာ တစ်ခုခု ရှိနေတယ်။

ငါ့ခေါင်းထဲမှာ အစီအစဉ်တစ်ခု ဆွဲလိုက်တယ်။ အဲ့ဒီနောက်မှာပဲ ငါ့အတွေးကြောင့် ငါ တွန့်ခနဲ ဖြစ်သွားရတယ်။ ဒီဝတ္ထုထဲက ငါသိတဲ့အချက်ကို အသုံးချလိုက်ရင် ခိုးလီရဲ့အခွင့်အရေးကို လုယူသွားသလို ဖြစ်သွားလိမ့်မယ်။

ဒါက...အဆင်ပြေပါ့မလား။ ဒါပေမဲ့ အမှန်အတိုင်းပြောရရင် ငါက သူ့ကို စိတ်ပူပေးနေရမယ့် အနေအထား မဟုတ်ဘူး။ ငါက စာဖတ်သူဖြစ်နေတဲ့အချိန်မှာ ခိုးလီက ဇာတ်လိုက်မင်းသမီးတစ်ယောက်ဆိုပေမဲ့ အခုအချိန်မှာတော့ ငါက ငါ့ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ပဲ။

ငါ သိထားတဲ့အချက်တွေကို မသုံးချဘူးဆိုရင် မိုက်မဲရာကျမှာပေါ့။ လက်ရှိအဲရင်အခြေအနေက မျှော်လင့်ချက် သိပ်မရှိဘူး။

ငါ့အတွေးတွေကို သေချာစိစစ်ပြီးတဲ့ အချိန်မှာတော့ ခုနက ရူးဘတ် ငါ့ကို ပစ်ပေးသွားတဲ့ စာအုပ်တွေကို ကြည့်ဖို့ စိတ်ကူးရတယ်။ ငါ ရယ်ချင်လာမိတယ်။

စာရင်းစာအုပ်ဆိုတာထက် ကလေးစာအုပ်တစ်အုပ်နဲ့ ပိုတူနေတယ်။ လူတွေက သူတို့သုံးထားတာတွေကိုပဲ ချမှတ်ထားကြတယ်။ အမျိုးအစားခွဲထားတာတွေ၊ ရေတွက်ထားတာတွေတောင် မရှိဘူး။

"နင့်ရဲ့အသုံးစရိတ်တွေကိုတောင် သေချာချရေးထားရဲ့လား"

ငါစာအုပ်တွေကို လက်ထဲကိုင်ထားရင်း ဂျန်နီကို ချက်ချင်း ခေါ်လိုက်တယ်။

"ဂျန်နီ နင် ဒီလ လစာရပြီလား"

ဂျန်နီက ရုတ်တရက် နားမလည်နိုင်သလို ဖြစ်သွားပေမဲ့ အမှန်အတိုင်း ပြန်ဖြေလာတယ်။

"မရသေးပါဘူး။ ဒီလ နည်းနည်းနောက်ကျမယ်လို့ သူတို့ပြောတယ်"

"...အဲ့ဒီလိုလား။ နင်တစ်ယောက်တည်းလား"

"မဟုတ်ပါဘူး။ ကျွန်မရဲ့အခန်းဖော်လည်း ဒီလိုပဲ ပြောတယ်။ သူလည်း လစာမရလောက်သေးဘူး"

စာအုပ်ထဲမှာတော့ အိမ်စေတွေရဲ့ လစာတွေ ပေးပြီးပြီ ဆိုပြီး မှတ်ထားတယ်။ ဒါပေမဲ့ မတူတာကို တန်းတွေ့တာဆိုတော့ ငါများအထင်လွဲနေတာလား။ ကျန်တာတွေကိုလည်း ပြန်စစ်ကြည့်ရမယ်။

"ပန်းခြံထဲမှာ ပန်းတွေ အသစ်စိုက်ထားတာလား"

ငါ ချက်ချင်း ထွက်ကြည့်လိုက်ပြီး ပန်းခြံတစ်လျှောက် လိုက်ကြည့်မိတယ်။ အခုအချိန်မှာ ပန်းခြံက ငါ့အတွက် ရင်းနှီးနေပြီ။ ငါ ပတ်ကြည့်လိုက်ပေမဲ့ ဘာအသစ်မှ မတွေ့ဘူး။ ငါ အစေခံကောင်လေးကို လိုလိုမယ်မယ် မေးကြည့်ပေမဲ့ သူပြောတာလည်း ဘာအသစ်မှ မစိုက်ထားဘူးတဲ့။

"ဘာလဲ...ဒါက...အလွဲသုံးစားလုပ်တာလား"

တကယ် ခိုးလီက ဒါကို ကိုင်ထားတာလား။ ဒါဆိုရင် သူပိုက်ဆံတွေ ခိုးထုတ်ထားတာလား။

ရူးဘတ်က ဒီကိစ္စမှာ မပါဘူးလား။ ဒါပေမဲ့ စာအုပ်ထဲမှာ နောက်ဆုံး အတည်ပြုထားတဲ့သူက ကလစ်ဖို့ဒ်မြို့စားဆိုပြီး ရေးထားတယ်။ ရူးဘတ်ကလည်း ဒီအကြောင်းကို သိနေနိုင်တယ်။

ရူးဘတ်က ငါ ဒါကို ရှာတွေ့မယ်လို့ မထင်ဘူးလား။ မဟုတ်သေးဘူး။ ဒါက စာရင်းကိုင်ပညာရဲ့ နယ်ပယ်လောက်တောင် မရှိသေးဘူး။ အချိန်ယူပြီး စာရင်းစစ်ကြည့်တဲ့လူတိုင်း ဒါကို သတိထားမိမှာပဲ။

ငါ သတိထားမိမယ်ဆိုတာ သူသိတာတောင် ငါ့ကို ပေးလိုက်တယ်။ ငါတုံ့ပြန်ချက်ကို သိချင်တာလား။

ဒီလိုဆိုရင် မတူတာတွေကို ထောက်ပြရင်လည်း အသုံးဝင်မှာမဟုတ်ဘူး။

အမှန်အတိုင်းပြောရရင် ငါလည်း ဒီအိမ်က ပိုက်ဆံတွေ ဘယ်ရောက်သွားလဲဆိုတာ စိတ်မဝင်စားဘူး။ တကယ်လို့ အခြေအနေက မကောင်းဘူး၊ တစ်နှစ်ကျော်ရင် ကွာရှင်းမယ်ဆိုရင် ငါလိုတာက ကွာရှင်းစရိတ်ပဲ။

ဒါပေမဲ့ ငါ့ရဲ့ အသိစိတ်နဲ့ မာနက ငါ့ကို ဒီအတိုင်း ထားခွင့်မပေးဘူး။

ငါ စာကြည့်ခန်းဘက်ကိုပဲ ပြန်သွားမိတယ်။ အိမ်တော်စီမံခန့်ခွဲရေးအတွက် အသုံးစရိတ်ဆိုတော့ ရှုပ်ထွေးအောင်လုပ်ဖို့ မလိုဘူး။

ငါ့အသိစိတ်နဲ့ ငါ စာရွက်ပေါ်မှာ အကွက်လေးတွေ ဆွဲလိုက်ပြီး လိုက်ဖြည့်လိုက်တယ်။ ဘာမှတော့ သိပ်မလုပ်လိုက်ရဘူး။ အချိန်တွေ၊ ပစ္စည်းတွေကို အမျိုးအစားခွဲပြီးတဲ့နောက်မှာ အသုံးစရိတ်တွေရဲ့ အသေးစိတ်ကို ငါ ချရေးလိုက်တယ်။ ပြီးတော့ နေ့တစ်နေ့စီရဲ့ အဆုံးမှာ စုစုပေါင်းပမာဏကို ပေါင်းထည့်တယ်။

စာရင်းစာအုပ်ထဲမှာ ဝင်ငွေစာရင်းက လွတ်နေတယ်။ ဝင်ငွေအတွက်ဆိုရင် အိမ်တော်က ကောက်ခံရတဲ့ အခွန်ငွေရဲ့ တစ်စိတ်တစ်ပိုင်းကို စီမံခန့်ခွဲမှုစရိတ်အဖြစ် ထည့်ရမှာပဲ။

ငါမသိတဲ့နေရာတွေကို ဗလာအတိုင်းပဲ ထားထားမိတယ်။

ရိုးရှင်းတဲ့အလုပ် ဆိုပေမဲ့ စာရင်းက တော်တော်များ တယ်။ ပြီးသွားတဲ့အချိန်မှာ ငါ့လက်တစ်ခုလုံး မင်တွေပေနေပေမဲ့ ငါတော်တော်ကျေနပ်သွားရတယ်။

ငါ့ပစ္စည်းတွေ ငါသိမ်းလိုက်ရင်း ပထမထပ်ကို ဆင်းသွားလိုက်တယ်။

"ရူးဘတ်က ဘယ်မှာလဲ"

ငါ ဖြတ်သွားတဲ့ အစေခံ တစ်ယောက်ကို မေးလိုက်တဲ့ အချိန်မှာ ရူးဘတ်နဲ့ ရစ်ချက်က ပန်းချီခန်းထဲမှာ ရှိနေကြတယ်လို့ ပြောတာကြောင့် ငါ အဲ့ဒီနေရာကို တန်းသွားလိုက်တယ်။

ငါလုပ်ထားတာတွေကို ကြွားဖို့ သွားပေမဲ့ သူတို့ နှစ်ယောက်က စကားပြောနေကြတာ ကြားလိုက်ရတယ်။ ချက်ချင်း ငါ့ခြေလှမ်းတွေကို ရပ်ပြီး နားထောင်နေမိတယ်။

"သခင်လေး။ ကျွန်တော်က မဒမ်ကို လာတွေ့တာပါ။ ဒါပေမဲ့ အမှန်အတိုင်းပြောရရင် ကောလာဟလတွေကြောင့်လည်း ပါပါတယ်"

"ဘာအကြောင်းလဲ"

"မြို့စားကြီးကိုယ်တိုင်က သခင်လေးကို မေးခိုင်းလိုက် ပါတယ်။ အိမ်ရှေ့စံနဲ့ရော အကုန်အဆင်ပြေနေရဲ့လား သခင်လေး"

"...မင်းဘာပြောချင်တာလဲ"

ရစ်ချက်က တုံ့ဆိုင်းနေပြီးမှ ဆက်ဖြေတယ်။

"ကလစ်ဖို့ဒ်မြို့စားတို့မိသားစုက မျိုးဆက်ပေါင်းများစွာ တော်ဝင်မင်းသမီးတွေ၊ ဧကရီတွေကို မွေးထုတ်ပေးခဲ့တာပါ။ ဒါပေမဲ့ သမီးမရှိတော့ ဒါက မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဒါနဲ့ပဲ ကျွန်တော်တို့ အရှင့်သားကို ထောက်ခံတယ်ဆိုတဲ့ အချက်က မပြောင်းလဲသွားပါဘူး။ ဒါက သခင်ကြီး ပြောချင်တဲ့ အဓိပ္ပာယ်ပါ။"

"ငါသိတယ်" ရူးဘတ်ရဲ့အသံက စိတ်ဆိုးနေတယ်။

"သခင်လေးသိတဲ့အတွက် ဝမ်းသာပါတယ်။ မကြာခင်ကပဲ သခင်လေးနဲ့ ဒုတိယမင်းသားကို ထောက်ခံတဲ့လူတွေက တွေ့နေကြတယ် ဆိုတဲ့..."

"ဒါက အဓိပ္ပာယ်မရှိတာ။ အိမ်ရှေ့စံနဲ့ ငါနဲ့ ရင်းနှီးကြတာ မင်းမသိဘူးလား။ ငါတို့က ငယ်ငယ်လေးကတည်းက သူငယ်ချင်းတွေအဖြစ် ကြီးလာကြတာ"

"ဟုတ်ကဲ့။ ဒါပေမဲ့ သခင်လေးရဲ့ အချစ်တော် လေဒီဗာရီစီယန်က ဒုတိယမင်းသားကို ထောက်ခံတဲ့ လူတွေထဲက တစ်ယောက်ပါ"

"...နယ်ပိုင်မှူးရဲ့သမီးကြောင့် မင်းက ငါ့ကို သံသယဝင်နေတာလား"

ရစ်ချက်က သူ့မကျေနပ်ချက်ကို မဖုံးကွယ်ထားပေမဲ့ စကားလမ်းကြောင်း ပြောင်းလိုက်တယ်။

"စပီးလက်မြို့စားမင်းက ကလစ်ဖို့ဒ်မြို့စားကြီးနဲ့ အနီးကပ်ဆက်ဆံရေးရှိပါတယ်။ သခင်လေးရဲ့ ဇနီးကိုလည်း လျစ်လျူမရှုထားပါနဲ့"

"အဖေက အမြဲ စပီးလက်မြိုစားမင်းကို ငါ့ထက် ပိုအလေးထားတာ..."

"ဒီလိုမပြောပါနဲ့ သခင်လေး..."

"အဲ့ဒီမှာ ဘယ်သူလဲ"

ငါ အဲရင်မိသားစုရဲ့ ဇာတ်ကြောင်းကို ကြားရမယ်လို့ ထင်ထားတာ။ ဒါပေမဲ့ ရူးဘတ်က သတိထားမိသွားတယ်။

ငါ အခုမှ ရောက်သွားသလို မျက်နှာထားမျိုးနဲ့ သူတို့ နားကို ပေါ့ပေါ့ပါးပါးလျှောက်သွားလိုက်တယ်။

"ငါ စာအုပ်တွေကို ကြည့်ကြည့်ပြီးပြီ။ မှားနေတာတွေချည်းပဲ"

"မင်းက ဘယ်လိုကြည့်ရမှန်း သိတာလား"

ငါ သူ့ကို ပြန်ပြောလိုက်မိတယ်။

"သိလို့ပဲ ငါ သေချာပြန်စီထားတာပေါ့"

သူတို့ထိုင်နေတဲ့ ဆိုဖာရှေ့က စားပွဲပေါ်ကို စာရင်း စာအုပ်အသစ်ရော၊ အဟောင်းတွေပါ ပစ်တင်ပေးလိုက်တယ်။

ရူးဘတ်က ငါ့ကို အံ့ဩတကြီး ကြည့်လာတယ်။ ရစ်ချက်ကတော့ စာရွက်တွေကို ကြည့်နေရင်း ရေရွတ်တယ်။

"မဒမ်...ဒါက သေချာစီစဉ်ထားတာပဲ"

ရစ်ချက်ရဲ့ ချီးကျူးစကားက ငါ့ကို နည်းနည်းရှက်သွားစေတာကြောင့် ငါ ဆိုဖာအစွန်နားမှာ ဝင်ထိုင်မိတယ်။ ရူးဘတ်က ရစ်ချက်ရဲ့လက်ထဲက စာရင်းစာအုပ်နှစ်အုပ်ကို လှမ်းယူပြီး ကြည့်လိုက်တယ်။

ငါ သူတုံ့ပြန်လာတာကို ကြည့်နေခဲ့တယ်။ သူ့ကြည့်ရတာ မျက်နှာသေနဲ့ဆိုတော့ ဘာတွေးနေမှန်း ငါမသိရဘူး။ မတူတာတွေကို နင်မသိဘူးလို့တော့ ငါ့ကို မပြောနဲ့နော်။

"အခုအချိန်ကစပြီး မဒမ် စာရင်းတွေကိုင်ရင် ဘာကိစ္စမှရှိတော့မှာ မဟုတ်ဘူး။ ကျွန်တော် မြို့စားကြီး ကို ဒီအကြောင်း ပြန်ပြောပြရမယ်။ အခုအချိန်ကစပြီး မြို့စားရဲ့နယ်ကို မဒမ်တစ်ယောက်တည်း စီမံနိုင်မယ် ထင်တယ်"

"ရူးဘတ်ရှိတာပဲမလား။ ကျွန်မကတော့ ဒီအိမ်တော်ကို စီမံရတာနဲ့တင် တော်တော်များနေပြီ"

"ဒါပေမဲ့ နောက်တစ်ခါ လာတဲ့အခါ သခင်ကြီးက ပြောလိုက်ပါလိမ့်မယ်။ ဒီအကြောင်းကို စဉ်းစားပေးထားပါ။ ကျွမ်းကျင်တဲ့လူက စီမံတာ ပိုမကောင်းဘူးလား"

ငါ ရစ်ချက်ကို ပြုံးပဲပြုံးပြလိုက်တယ်။ ရူးဘတ်က ဒီအကြောင်းကို ဘာမှ မပြောလာတာကိုပဲ ငါ အံ့ဩမိ တယ်။

"ဆာရစ်ချက် မပြန်ခင် ကျွန်မ တစ်ခု တောင်းဆိုစရာ ရှိတယ်"

"ဟုတ်ကဲ့ပြောပါ"

"ကျွန်မကို လက်နက်တစ်ခုလောက် အကြံပေးလို့ ရမလား"

"...လက်နက်လား"

ရူးဘတ်က မျက်မှောင်ကြုတ်ရင်း ငါ့ကို မေးလာတယ်။

"လက်နက်ဆိုတာ မင်းက ဘာကို ပြောတာလဲ။ မင်းက ဓားတစ်ချောင်း ယူသွားမယ်လို့တော့ ငါ့ကို မပြောနဲ့"

"မဟုတ်ဘူး။ အခုမှ ဓားရေးကို သင်ရင် ဘာထူးမှာလဲ။ ငါက မှော်ကျောက်တုံးနဲ့ လက်နက်တစ်ခုကို ပြောနေတာ"

"အိုး၊ ဒီလိုဆိုရင်..."

ရစ်ချက်က သဘောတူသလို ခေါင်းညိတ်တယ်။

မှော်ကျောက်တုံးထည့်ထားတဲ့ လက်နက်က အခြားလက်နက်တွေနဲ့ မတူဘဲ လုပ်ဆောင်ချက်တွေ ကွဲပြားတယ်။ မှော်မီးအစွမ်းတွေ၊ ဆွဲငင်အားကို ဆန့်ကျင်တာတွေ အစရှိတဲ့ စွမ်းဆောင်ရည်တွေ ပါတယ်။

"အခုတလော မိန်းကလေးတွေတောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဒီလိုလက်နက်မျိုး တစ်ခုခုဆောင်ထားကြတယ်လို့ ကြားတယ်"

"ဒါဆိုရင် ဒီအိမ်ရဲ့မြေအောက်ခန်းမှာ အများကြီးရှိတယ်။"

နားထောင်နေတဲ့ ရူးဘတ်က ထလိုက်ပြီး ငါ့ကို သူ့နောက်လိုက်စေသလိုမျိုး ခေါင်းညိတ်ပြတယ်။

ဒီအိမ်မှာ ဒီလိုလက်နက်တွေ ရှိနေမှန်း ငါသိသားပဲ။ ဒါကြောင့်လည်း ငါ ဒီအကြောင်း ပြောလိုက်တာ။

ဒါပေမဲ့ ရူးဘတ်က သူကိုယ်တိုင် ပြောပြလာမယ်လို့ မထင်ထားတာတော့ အမှန်ပဲ။

သူ စိတ်မပြောင်းခင် ငါ သူ့နောက်ကို လိုက်သွားမိတယ်။

အဓိကမင်းသားကို ငါမလိုဘူး [ဘာသာပြန်]Where stories live. Discover now