Part 47

229 22 0
                                    

အခန်း(၄၇)- ဓာတ်ပုံ

ရုံချီက နှာခေါင်းရှုံ့ပြီး ချာခနဲ လှည့်ထွက်လာသည်။ထို့နောက် စူးမြောင်အာနှင့်အတူ အပေါ်ထပ်သို့ လိုက်တက်လာသည်။ အခန်းတံခါးကို တွန်းဖွင့်ကာ မီးဖွင့်ပြီးသည့်နောက်တွင် ရင်းနှီးပြီးသား ဆိုဖာတစ်လုံးပေါ်သို့ ခြေပစ်လက်ပစ်လှဲလိုက်သည်။ ကျော့မိသားစု၏

စံအိမ်တွင် ကြုံတွေ့ခဲ့ရသမျှ အဖြစ်အပျက်များသည် စူးမြောင်အာအတွက် အိပ်မက်ဆိုးမက်နေသကဲ့သို့ ရှည်ကြာလွန်းလှသည်။

"အား..."

စူးမြောင်အာ ဟိုဘက်သည်ဘက် လှည့်လိုက်သည့်အခိုက်အတန့်တွင် ခါးမှ ဆစ်ခနဲ နာကျင်မှုကို ခံစားလိုက်ရသည်။

အိုင်းယား ရုံချီလုပ်လိုက်တာ တကယ်နာသွားပြီ..

"ဘာဖြစ်တာလဲ"

ရုံချီက ချက်ချင်း လှမ်းမေးသည်။

ကြည့်စမ်း ကြည့်စမ်း..မေးရဲတဲ့

သတ္တိရှိသေးတယ်ပေါ့!

စူးမြောင်အာတစ်ယောက် သုန်မှုန်နေသော မျက်နှာဖြင့် စိတ်ဆိုးမာန်ဆိုး မေးလိုက်သည်။

"ရှင် ကျွန်မခါးကို ဘာဖြစ်လို့ ဆွဲဆိတ်တာလဲ"

ရုံချီက အတန်ငယ် စဥ်းစားပြီးမှ ပြန်ဖြေသည်။

"ဘာဖြစ်လို့ဆွဲဆိတ်တာလဲဟုတ်လား..

မေးရဲတယ်နော် သူက မင်းကို ဆွဲဆောင်ဖို့ ချဥ်းကပ်လာတာပါလို့ ပြောတုန်းက မင်းရဲ့ မျက်နှာက အရမ်းကို

စိတ်လှုပ်ရှားသွားသလိုမျိုးကြီးလေ..မင်းက သူ့ကို အဲ့ဒီလို မျက်နှာမျိုးနဲ့ ကြည့်နေမှတော့ ကိုယ် မင်းကို လှမ်းမဆွဲဘဲ နေနိုင်ပါအုံးမလား"

စူးမြောင်အာ လန့်သွားပြီး ကိုယ့်မျက်နှာကိုယ် တို့ထိကြည့်လိုက်သည်။

"အဲ့ဒီလောက်တောင် သိသာသွားလား"

ရှက်လိုက်တာ အား!

ရုံချီသာ မပြောလျှင် သူမကိုယ်တိုင်ပင် သိလိမ့်မည်မဟုတ်ပေ။ ယခုမူ ရုံချီစကားကြောင့် ချက်ချင်း ရှက်စိတ်မွှန်သွားရသည်။

တစ္ဆေသတို့သားKde žijí příběhy. Začni objevovat