Description

2.3K 95 4
                                    

တစ္ဆေသတိုသား

အပိုင်းရေ _ 510

ကျွန်မရဲ့ ဦးလေးက ကျွန်မကို ပြောနေကျ စကားတစ်ခွန်းရှိတယ်။ အဲ့တာက ဘာလဲဆိုတော့ ကျွန်မက အပနှင်သူတစ်ယောက်ဖြစ်ဖိုအတွက် မွေးဖွားလာတာတဲ့။ကျွန်မရဲ့ မွေးကထဲက ပါလာတဲ့ ပင်ကိုအရည်အချင်းကို အပနှင်ဖိုအတွက် အသုံးမချဘူးဆိုရင် အရမ်းနှမြောဖို ကောင်းတယ်လိုတောင် သူက ပြောသေးတယ်။ ကံဆိုးစွာနဲ့ပဲ ကျွန်မ ဦးလေးရဲ့ စကားက သွေးထွက်အောင် မှန်နေတယ်။

ကျွန်မဘဝမှာ အဲ့ဒီလောက် အရှက်မဲ့ပြီး အာသွက် လျှာသွက်ရှိတဲ့ တစ္ဆေမျိုးနဲ့ ပတ်သတ်ရလိမ့်မယ်လို တစ်ခါမှတောင် မတွေးခဲ့မိဘူး။ အဲ့ဒီတစ္ဆေအမျိုးသားက ကျွန်မကို နေ့တိုင်း နေ့တိုင်း အမျိုးမျိုး စလိုက် နောက်လိုက် နားပူနားဆာလုပ်လိုက် ဝေဖန်လိုက် ဆွဲဆောင်လိုက်နဲ့...

သြော်... သူပြောတာ ရှိသေးတယ် ဘာတဲ့ "ကိုယ်အသက်ရှင်နေတုန်းက အရမ်း ကြည့်ကောင်းတဲ့ ယောကျာ်းတစ်ယောက်ဖြစ်ခဲ့တာနော်..ကိုယ့်ကိုသဘောတကျတဲ့ မိန်းကလေးတွေဆို ဝိုင်းဝိုင်းကို လည်နေတာပဲ.. စမ်းချောင်းထဲက ငါးကြင်းမလေးတွေလိုပေါ့ကွာ"တဲ့လေ ထွီ။

သေချာတာပေါ့ ကျွန်မ အဲ့ဒီတုန်းက ခေါင်းပြုတ်ထွက်မတတ် ခေါင်းခါပြပြီး အသေငြင်းခဲ့တာ။ ဒါပေမဲ့ သူက ကျွန်မ လုံးဝ မထင်ထားတဲ့ အရာတစ်ခုကို လုပ်ချပစ်လိုက်တော့....

အပနှင်သူလေးနဲ့ တစ္ဆေကောင်လေးတိုဟာ... အဟမ်းပေါ့နော်။

တစ္ဆေသတို့သားWhere stories live. Discover now