Part 42

153 19 0
                                    

အခန်း(၄၂)- ငါမင်းရဲ့အဖေလုပ်မယ်လေ

"လိမ္မာတယ်"

သူမ ခေါင်းညိတ်ပြလိုက်သည့် အခိုက်အတန့်တွင် ရုံချီ၏ မျက်ဝန်းနက်များမှာ ဝင်းခနဲ လက်သွားသည်။ ထို့နောက် ရုံချီက သူမ၏ နှုတ်ခမ်းကို အလစ်နမ်းပြီး ဆိုဖာပေါ်သို့ လျင်မြန်စွာ ပြန်တက်သွားသည်။

နမ်းပြန်ပြီ!

စူးမြောင်အာသည် သူမကို နမ်းသွားပြီး ဘာမှမလုပ်ထားသည့်ဟန် မသိချင်ယောင်ဆောင်နေသော ရုံချီကို

မျက်စောင်းထိုးလိုက်သည်။ ထို့နောက် ရှက်ကိုးရှက်ကန်းဖြင့် စောင်ဆွဲခြုံပြီး ရှုပ်ထွေးနေသော စိတ်ခံစားချက်များအကြား အိပ်ပျော်ရန် အတင်းကြိုးစားလိုက်သည်။

သူမ ရုံချီနှင့် စကားဆက်မပြောရဘဲ အိပ်ပျော်လိမ့်မည်ဟု မထင်ထားသော်လည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့သည်။ သူမ အိပ်မောကျနေသည့်အချိန်တွင် တစ်စုံတစ်ဦးက ပခုံးကို လှုပ်၍ လာနှိုးသည်။

"မြောင်မြောင် ထတော့"

"ဟင်"

စူးမြောင်အာသည် အိပ်တစ်ဝက် နိုးတစ်ဝက်ဖြင့် ပြန်ထူးရင်း မျက်လုံးဖွင့်ကြည့်လိုက်ရာ ရုံချီကို တွေ့လိုက်ရသည်။ ထိုအချိန်မှသာ ရုံချီက သူမကို ညဥ့်သန်းခေါင်အချိန်တွင် ဖြေရှင်းရမည့် ပြဿနာရှိသေးကြောင်း ပြောခဲ့ခြင်းကို ပြန်အမှတ်ရသွားတော့သည်။ မထင်မှတ်ဘဲ သူမ အိပ်ပျော်သွားသည့်အချိန်က နှစ်နာရီ

အတိအကျဖြစ်ပြီး တစ်မိနစ် တစ်စက္ကန့်မျှ ကျော်လွန်ခြင်းမရှိပေ။

လက်ရှိအချိန်ကား နံနက်သုံးနာရီအတိပင်။

"ကျွန်မတို့ဘယ်သွားကြမလဲ"

"ကျော့မိသားစုရဲ့ ဘိုးဘွားခန်းမဆောင်"

စူးမြောင်အာသည် အိပ်ရာပေါ်မှ ချက်ချင်းထလာပြီး ဖိနပ်ကောက်စီးကာ ရုံချီနှင့်အတူ ဘိုးဘွားခန်းမဆောင်သို့ ထွက်လာခဲ့သည်။ ကျော့မိသားစု၏ ဘိုးဘွား

ခန်းမဆောင်သို့ သွားရာလမ်းကို စူးမြောင်အာ မှတ်မိနေဆဲဖြစ်သည်။ သို့သော် သူမတို့ ပြန်ရောက်သွားချိန်တွင် ဘိုးဘွားခန်းမဆောင်၏ တံခါးဟာ သော့အိမ်ဖြင့် လုံခြုံစွာ ပိတ်ထားပြီး စွန့်ပစ်ခံ နေရာတစ်ခုကဲ့သို့ အလိပ်လိုက်တက်နေသော ဖုန်မှုန့်များနှင့် ဖုံးလွှမ်းနေသည်။ ဤတစ်ကြိမ်တွင် သူမကိုယ်တိုင် ဖွင့်စရာမလိုတော့ချေ။ ရုံချီက တစ္ဆေစွမ်းအားကို အသုံးပြုပြီး လွယ်လင့်တကူ ဖွင့်လိုက်သည်။ တံခါးပွင့်သွားချိန်တွင် အတွင်း

တစ္ဆေသတို့သားWhere stories live. Discover now