Part 18

340 38 0
                                    

အပိုင်း(၁၈)- အချောဆုံးမျက်နှာပိုင်ရှင်

"ဘယ်ကိုသွားမလို့လဲ နေပါအုံး စူးမြောင်အာမှာ ရှင့်ထက် အဆတစ်ရာလောက် ပိုချောတဲ့ ရည်းစားရှိတယ်လို့ ပြောနေတာမဟုတ်ဘူးလား... ကျွန်မ အရမ်းသိချင်သွားပြီ နေ့လည်စာက နောက်မှ စားလို့ရတာပဲ အခု ကျွန်မတင်မဟုတ်ဘူး တစ်ခန်းလုံးပါ သိချင်နေကြတာလေ"

ချွေ့ထင်းထင်းက စူးမြောင်အာကို တမင်အခက်တွေ့အောင်လုပ်ပြီး လူအများရှေ့တွင် လှောင်ပြောင်ချင်နေပုံရသည်။

စူးမြောင်အာသည် ဘေးကျပ်နံကျပ်ဖြစ်နေသော အခြေအနေတွင် ဘာဆက်လုပ်သင့်ကြောင်းကို မတွေးတတ်တော့ဘဲ နေရာမှ ထွက်ပြေးပြီး ငိုချင်စိတ်ပေါက်လာရတော့သည်။

သို့သော် ထိုအချိန်တွင်" စူးမြောင်အာရေ နင့်ရည်းစားရောက်လာတယ်"ဟူသော အသံကျယ်ကြီးက အခန်းဝမှ ရုတ်တရက် ဟိန်းထွက်လာလေသည်။

စူးမြောင်အာ:... ... .

စူးမြောင်အာ စိတ်ထဲ၌ ကျိန်ဆဲမိသွားရသည်။

သောက်ကျိုးနည်းမို့လို့ ဘယ်သူက ဒီအချိန်ကြီးမှာ မီးလောင်ရာလေပင့်လာလုပ်နေတာတုန်းဟ!

ချွေ့ထင်းထင်းကား စူးမြောင်အာ၏ ချစ်သူကို အင်မတန် စိတ်ဝင်စားနေပြီး ပိန်ချိုင့်နေသော မျက်နှာ၊ ငါးမျက်လုံးကဲ့သို့ အင်မတန် ကြည့်ရဆိုးသော မျက်လုံးများနှင့် ရုပ်ဆိုးပန်းဆိုး ယောကျာ်းတစ်ယောက် တံခါးဝတွင် ပေါ်လာပါစေဟု ကြိတ်ဆုတောင်းနေပုံရသည်။

စူးမြောင်အာကိုယ်တိုင်လည်း မည်သူက သူမ၏ချစ်သူအဖြစ် ရောက်လာကြောင်းကို သိချင်နေသည်။

မကြာမီတွင် အခန်းဝသို့ အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ် ယောကျာ်းတစ်ဦးရောက်လာသည်။ ထိုယောကျာ်းကို နောက်တစ်ကြိမ် ပြန်မြင်ရသည့်အခိုက်အတန့်တွင် စူးမြောင်အာတစ်ယောက် မိုးကြိုးပစ်ချခံရသကဲ့သို့ ခံစားလိုက်ရလေသည်။

စာသင်ခန်းတစ်ခန်းလုံးတွင် တဝိုးဝိုးတဝါးဝါးအော်သံများနှင့် ဆူညံပွတ်လောရိုက်သွားသည်။

ရောက်လာသည့်လူက ယမန်နေ့ညက သူမနှင့်အတူ ရဲကားစီးခဲ့သော အလောင်းကောင်ထိန်းချုပ်သူ ကိုယ်လူချောယဲ့ချွင်ပေတည်း။

တစ္ဆေသတို့သားWhere stories live. Discover now