"တကယ်ကြောက်နေတာလား"
ချန်လုကျိုး မလှုပ်မယှက်ထိုင်နေရင်း ရယ်ရခက်ခက်၊ငိုရခက်ခက်နှင့် ပြန်ဖြေလာခဲ့သည်။
"တီဗွီပိတ်လိုက်ပါတော့လား ၊ ကိုယ် အကြောက်လွန်ပြီးသေသွားမှာ မစိုးရိမ်ဘူးလား"
အရင်တစ်ကြိမ် သူ့ပါးစပ်ဖျားမှနေ၍ 'သူစိမ်းတစ်ယောက်လိုပါပဲ'ဟူသော စကားတစ်ခွန်းကို ပေါ့ပေါ့ပါးပါးပြောထွက်လာပြီးကတည်းက ချန်လုကျိုး၏စိတ်အခြေအနေဟာ သက်သောင့်သက်သာရှိမနေမှန်း ရွှီကျစ် ခံစားမိရသည်ပေ။ တခါတရံနှစ်ယောက်သား စာအုပ်ဖတ်နေကြသည့်အချိန်တွင် သူဟာ ရုတ်တရက်ခေါင်းမော့ကြည့်ရင်း အမေးပြုလာတတ်သေး၏။
"ရွှီကျစ် ၊ ကိုယ် တကယ်ပဲ အရမ်းညံ့နေလားဟင်"
အကယ်၍များ အခြားတစ်စုံတစ်ယောက်ကသာ ဤစကားကိုကြားလျှင် ချန်လုကျိုးတစ်ယောက် တမင်သက်သက် ဟန်ဆောင်ပန်ဆောင်လျှောက်ပြောနေသည်ဟုပင် ထင်မိလိမ့်မည်။ အထက်တန်းကျောင်းတွင် နိုင်ငံအဆင့် သင်္ချာထူးချွန်ဆုများနှင့် ရူပဗေဒထူးချွန်ဆုများရထားသည့်တစ်ယောက် ၊ အမှတ်(၁)အထက်တန်းကျောင်းလုံးတွင် နာမည်အကြီးဆုံးတစ်ယောက် ၊ ပြည်နယ်အဆင့်ပထမရထားသည့်ကျောင်းသားကပင် ပြိုင်ဘက်အဖြစ် သတ်မှတ်ခံထားရသည့်သူ ၊ ပြိုင်ဘက်တစ်ယောက်ကိုပင် သူငယ်ချင်းအဖြစ် ပြောင်းလဲထားနိုင်သည့်လူ ၊ သူ့အား သဘောကျသည့်မိန်းကလေးများ မရေမတွက်နိုင်အောင်ရှိသည့်လူတစ်ယောက် ၊ အကယ်၍များ ချန်လုကျိုးထံမှ ဤစကားတစ်ခွန်းကို ဟိုယခင်ကသာ ကြားလိုက်ရပါလျှင် ဘယ်လိုအခြေအနေကြောင့်များ ယခုလိုမေးလာမှန်း ရွှီကျစ် စဥ်းစားမရဖြစ်လောက်မည်ပေ။ သို့သော် လက်ရှိအချိန်တွင်တော့ သူမ နှလုံးသားတစ်ခုလုံးဟာ သူ့အတွက် နာကျင်နေရပေတော့၏။
"ချန်လုကျိုး ၊ ငါ ပြောမယ့်စကားတွေက အများကြီးစိတ်သက်သာရာရသွားစေမှာမဟုတ်ပေမယ့်ပေါ့.....လောင်ရွှီက ငါ့ကို အရမ်းချစ်ပေမယ့် ဒီလောကကြီးထဲမှာရှိတဲ့အဖေတိုင်းက လောင်ရွှီ မဟုတ်ဘူး ၊ တာဝန်ယူစိတ်မရှိတဲ့မိဘတွေအတွက် နင့်ကို ဒီလောကထဲခေါ်လာပေးတဲ့တံခါးတစ်ချပ်လိုပဲ သတ်မှတ်လိုက် ၊ ဒီတံခါးတစ်ချပ်ကိုဖြတ်ကျော်လာပြီးတာနဲ့ အဲ့ဒီအနောက်က လောကကြီးက နင်နဲ့ ဘာမှကိုမဆိုင်တော့ဘူး ၊ နင် လုပ်ရမယ့်အရာက အရှေ့ကိုဆက်လျှောက်လမ်းသွားဖို့ပဲ"
YOU ARE READING
Lets Fall In Love [ ဘာသာပြန် ]
Romanceလမင်းကြီးဝိုင်းသည်ဖြစ်စေ မဝိုင်းတော့သည်ဖြစ်စေ ဘယ်ဟာကမှ အရေးမကြီးဘူး ကိုယ်တစ်ယောက်လုံး မင်းဘေးနားမှာရှိနေပေးမယ်~~~~ 3.7.2024
Chapter 97 ( part 2 )
Start from the beginning