Chapter 3 (တစ်ကမ္ဘာလုံးဆင့်ကဲပြောင်းလဲခြင်း ၀၃)【Volume 1】

20 8 0
                                    

【Volume 1】

Chapter 3 (တစ်ကမ္ဘာလုံးဆင့်ကဲပြောင်းလဲခြင်း ၀၃)

ထိုလူက ချုံရှကို တွန်းလိုက်ပြီးနောက် ချုံရှသည် ကျိုးနွံသောချွေးမလေးလို ပုံမှန်အတိုင်းဘေးတွင်ရပ်ကာ ထိုစစ်သားသည်တိတ်ဆိတ်စွာ သူ၏ရေခဲသေတ္တာကို လှန်‌လောကြည့်ပြီး အလုံပိတ်အစားအစာတွေကို ကျောပိုးအိတ်ထဲသို့ ထည့်လိုက်သည်။

ချုံရှက ခဏလောက်တွန့်ဆုတ်နေပြီး မေးလိုက်သည်။
"ပင်းကော၊ မင်းနာမည် ဘယ်လိုခေါ်လဲ? ဘယ်ကနေလာခဲ့တာလဲ?"

ပင်းကောကတော့ သူ့ကိုလျစ်လျူရှုထားသည်။
"မင်းအသက်ဘယ်လောက်လဲ?… အာ… မင်းကိုကြည့်ရတာ ငါ့ထက်ငယ်မယ့်ပုံပဲ၊ မင်းက စစ်သားဟုတ်တယ်မလား? ငါ့ရဲ့ဦးလေးနှစ်က ဘာလို့ ငါ့ကို ပေကျင်းဆီ သွားခိုင်းစေချင်ရတာလဲ? သူက ဖုန်းပိတ်ထားတာဆိုတော့ မင်းက တကယ်ပဲ ငါ့ရဲ့ဦးလေးနှစ် ပို့လိုက်တာရောဟုတ်ရဲ့လား?"

နောက်ဆုံးတော့ ထိုလူက သူ၏ခေါင်းကိုလှည့်လိုက်ပြီး ချုံရှက ကြောက်ရွံ့တုန်လှုပ်သွားသည်။ နောက်စက္ကန့်အနည်းငယ်အတွင်း သူ့ရှေ့တွင် စာရွက်ပျံဝဲလာသည်။ ချုံရှသည် စာကိုယူ၍ ဖွင့်လိုက်၏။ စာက သူ့ဦးလေးနှစ်၏လက်ရေးဖြင့်ရေးထားသောစာဖြစ်ပေမယ့် စာရွက်ကတော့ fax machine ဖြင့် ထုတ်ထားမှန်း သိသာလှသည်။
စာထဲမှာပြောထားသည်က—
"ရှောင်ရှ၊ မင်းစိတ်ထဲမှာ မေးခွန်းတွေ အများကြီးရှိနေမယ်လို့ ငါထင်တယ်၊ ငါရှင်းပြဖို့ အချိန်သိပ်မရဘူး။ ယွင်နန်က မလုံခြုံဘူး။ ရဲဘော်ချန်ထျန်းပိနဲ့ အတူလိုက်သွားပြီး ပေကျင်းမှာ ငါ့ကိုလာရှာလိုက်၊ လမ်းမှာ ဘာ‌တွေပဲဖြစ်ဖြစ် အရှုံးမပေးပါနဲ့၊ ငါ့ကိုရှာဖို့ ပေကျင်းကို‌ရောက်အောင်လာခဲ့နော်၊ မင်းက ငါ့ရဲ့တစ်ဦးတည်းသောဆွေမျိုးပါ၊ ငါတို့တွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

— ချုံကျန့်ကျုံး"

ချုံရှသည် ထိုစာကြောင်းတိုများကို သုံးကြိမ်‌လောက်ထပ်ခါထပ်ခါဖတ်လိုက်သည်။ ဦးလေးနှစ်၏လက်ရေးကိုသူမမှတ်မိသော်လည်း စကားအနေအထားအရ သူ၏ဦးလေးနှစ်နှင့် အလွန်ဆင်တူသည်။ ဤစစ်သားက ဟန်ဆောင်‌နေတာမဟုတ်ဘူးလို့ သူခံစားရသည်။ ပထမအချက်၊ သူက အရေးမပါသူတစ်ယောက်သာ ဖြစ်သည်။ ဒုတိယအချက်၊ သူသွားမယ်၊မသွားဘူးဆိုတာက သူကိုယ်တိုင်ဆုံးဖြတ်လို့ရသည့်အရာမျိုး မဟုတ်ပေ။

Cambrian ခေတ်သို့ ပြန်လည်ရောက်ရှိခြင်း(ဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang