Description-

196 15 3
                                    

Cambrian ခေတ်သို့ ပြန်လည်ရောက်ရှိခြင်း

Author (s) - Shui Qian Cheng(水千丞)

Translator (s) - TK

Year - 2013

Status in COO - main chapters 293(volume 8) + special chapters 70(volume 3)

💙💙💙
『Volume 1』
တစ်ကမ္ဘာလုံးဆင့်ကဲပြောင်းလဲခြင်း (Chapter 1-49)

『Volume 2』
Cambrian အသိဉာဏ် (Chapter 50-86)

『Volume 3』
ရုပ်သေးကျောက်စိမ်း (Chapter 87-119)

『Volume 4』
ကမ္ဘာကြီးအဆုံးသတ်၏ လျှို့ဝှက်ဆန်းကြယ်မှု (Chapter 120-158)

『Volume 5』
မှော်ဆန်သောတောအုပ် (Chapter 159-182)

『Volume 6』
ချင်းဟိုင်လျှို့ဝှက်ဆန်းကြယ်သောနယ်မြေ (Chapter 183-230)

『Volume 7』
တောင်တရုတ်ပင်လယ်က ပြင်းထန်သောတိုက်ပွဲ (Chapter 231-266)

『Volume 8』
ကမ္ဘာသစ် (Chapter 267-293)

Main Lead: ချုံရှ (Shou)
Male Lead: ချန်ထျန်းပိ (Gong)
Second Couple: ထန်ယန့်ချိုး❤️လျှိုဖုန်းယွီ
Main Characters: တုန့်ရှောင်း၊ ကျွမ်းယောင်

【Main Story End】

『Volume 9』
နဂါးသွေးမျိုးနွယ် (Chapter 294-316)
Side Couples: ရှန်ချန်ကျီ❤️ရှန့်မင်၊ အယ်လ်မာရေး❤️ထန်ထျင်းကျီး
【ဒီနှစ်တွဲက ဒီ novel ရဲ့အရှေ့မှာ သူတို့ရဲ့ main novel ထွက်ထားပါတယ်။ ဒီမှာ side couples အနေနဲ့ပြန်ပါတာပါ။ သူတို့ရဲ့ novel နာမည်က "Adoptive Father (or) Dragon Blood" ဖြစ်ပါတယ်။】

『Volume 10』
အလင်းနှင့်အမှောင် (Chapter 317-334)
Side Couple: ချူရှင်းကျိုး❤️ရုန်လန်

『Volume 11』
တောင်ထိပ်မြို့ (Chapter 335-363)
Side Couple: ဝူရုန်း❤️ချန်ရှောင်

【Side Story End】

Description -

ဘူမိဗေဒသမိုင်း၌လွန်ခဲ့သောနှစ်သန်း ၅၀၀ ကျော်က Cambrian Period ဟုခေါ်သော Paleozoic ခေတ်တစ်ခု ရှိခဲ့ဖူးသည်။ Paleozoic ခေတ်၏ ပထမဦးဆုံးသောကာလဖြစ်သည့် ဤကာလအတွက် ဘူမိဗေဒသုတေသန၌ သိသာထင်ရှားသည့်အဓိပ္ပါယ်မရှိခဲ့ပေ။ သို့ပေမယ့်လည်း paleontological သမိုင်းတွင် အလွန်ရူးသွပ်ဖွယ်ကောင်းပြီးဆန်းကြယ်သောကာလဖြစ်သည်။

Cambrian ခေတ်မတိုင်မီက ကမ္ဘာမြေ၏ မျိုးစိတ်များသည် အလွန်ပင်ငြီးငွေ့ဖွယ်ကောင်းလှသည်။ Cambrian Period စတင်ခဲ့သည့် နှစ်သန်းပေါင်းများစွာအကြာ၌ ဘူမိဗေဒအရတိုတောင်းသောအချိန်အတွင်း ကမ္ဘာပေါ်ရှိမျိုးစိတ်အားလုံးသည် ရုတ်တရက် ကြီးမားစွာပြောင်းလဲလာသည်။ မရေမတွက်နိုင်သော invertebrates(ကျောရိုးမဲ့တိရိစ္ဆာန်များ), arthropods, mollusks, brachiopods, annelids စသည်ဖြင့်ကမ္ဘာမြေ၏မျိုးစိတ်များကိုကွဲပြားစေသည်။ အဲဒီနှစ်သန်းပေါင်းများစွာကို "Cambrian Explosion" ဟုခေါ်သည်။ သန်းပေါင်းများစွာ ဆင့်ကဲပြောင်းလဲလာသည့် နှစ်များအပြီးတွင် ယနေ့ကမ္ဘာသည် မတူကွဲပြားသောဘဝများဖြစ်လာသည်။

Cambrian Explosion၏ အကြောင်းရင်းက ကြီးမားနက်နဲသောအရာဖြစ်ပြီး Darwin ၏ဆင့်ကဲဖြစ်စဉ်သီအိုရီ၏ အကြီးမားဆုံးဝိရောဓိလည်းဖြစ်သည်။

အကယ်၍များ Cambrian Period ကာလသည် ကမ္ဘာပေါ်ရှိလူသားမျိုးနွယ်စုအားလုံး ကမ္ဘာကိုစိုးမိုးနေစဉ်အခါ၌ ဤကမ္ဘာသို့ပြန်လည်ရောက်ရှိလာပါက တစ်ကမ္ဘာလုံးက မျိုးစိတ်များသည် တစ်ဖန်ပြန်လည်ကြီးမားစွာ ပြောင်းလဲလာလိမ့်မည်။ ဤကမ္ဘာဂြိုဟ်သည် မည်သို့သောစိန်ခေါ်မှုမျိုးကိုကြုံတွေ့ရမည်နည်း။ အစာကွင်းဆက်ကြီး ပျက်စီးသွားသောအခါ လူသားများသည် မည်သို့သောကံကြမ္မာကိုရင်ဆိုင်ရမည်နည်း။

TK: ဒီဝတ္ထုကို ရေးသူကတော့ 188 ရဲ့ မိခင်ကြီး shui qing cheng ပေါ့ရှင်၊ ဒီဝတ္ထုနဲ့ universe တူတာရှိပါတယ်။ အဲဒါကတော့ ဒီဝတ္ထုရှေ့မှာ အရင်ထွက်ထားတဲ့ " Adoptive Father (or) Dragon Blood "ဝတ္ထုပါ။ ဒီအထဲမှာလည်း side couples အနေနဲ့ ပါထားပါတယ်။

#TK

Cambrian ခေတ်သို့ ပြန်လည်ရောက်ရှိခြင်း(ဘာသာပြန်)Where stories live. Discover now