Chapter 2 (တစ်ကမ္ဘာလုံးဆင့်ကဲပြောင်းလဲခြင်း ၀၂)【Volume 1】

15 7 0
                                    

【Volume 1】

Chapter 2 (တစ်ကမ္ဘာလုံးဆင့်ကဲပြောင်းလဲခြင်း ၀၂)

ချုံရှသည် သူ၏ခွဲခြမ်းစိတ်ဖြာခြင်းရလဒ်များကို မကြာခဏဝင်ရောက်လေ့ရှိသည့် Hucker Forum တစ်ခုသို့ တင်ခဲ့သည်။ မမျှော်လင့်ဘဲ မနက်လေးနာရီ၊ငါးနာရီအချိန်မျိုးမှာ သူသည်တုံ့ပြန်မှုတွေကို အလျင်အမြန်ရခဲ့သည်။ Forum မှကျွမ်းကျင်သူအချို့ရှိသည့် ခွဲခြမ်းစိတ်ဖြာခြင်းအဖွဲ့ကို ဆက်လက်ဝင်ရောက်လိုက်သည်။ အစားအစာပုပ်သိုးမှုကို တွေ့ရှိသောသူများက Forumကြီးများတွင် Post များတင်ပြီး message များ ပြန်လည်တုံ့ပြန်လာရန် ဆွဲဆောင်ကြသည်။ တစ်နာရီအတွင်းမှာပင် အစာပုပ်သိုးမှုသည် ကွေ့ကျိုးမှ ဟူပေသို့ ပျံ့နှံ့သွားပြီး မြောက်ပိုင်းဒေသ ပေကျင်းနှင့် ထျန်းကျင်း အထိပျံ့နှံ့သွားသည်။ နောက်ဆုံးလေးနာရီအကြာက အချက်အလက်များအရ နောက်ထပ်သုံးနာရီလေး၊နာရီအကြာတွင် ချင်းဟိုင်နှင့် အရှေ့တောင်ဘက် ကမ်းရိုးတန်းသုံးပြည်နယ်လုံးကို ထိခိုက်လိမ့်မည်ကို တွေ့ရှိရသည်။ အစားအစာ လျင်မြန်စွာ ပုပ်သိုးမှုသည် ကပ်ဘေးတစ်ခုပင်ဖြစ်သည်။ ချင်းဟိုင်ရှိ ကော်အာမော့ဒေသ ငလျင်ဗဟိုချက်သည် တစ်နိုင်ငံလုံးကို အလွန်ကြောက်စရာကောင်းသောနှုန်းဖြင့် ပျံ့နှံ့သွားပြီး ဘာဖြစ်သွားတယ်ဆိုတာကို မည်သူမျှမသိကြပေ။

ထို့နောက် အင်တာနက်ပေါ်တွင် အပင်များကြီးထွားမှု မြန်ဆန်လာတာကို တွေ့ရသည်။ Netizen တစ်ဦးသည် သူ၏အိမ်အပြင်ဘက်နံရံက ဓာတ်ပုံနှစ်ပုံကို တင်ခဲ့သည်။ ပထမတစ်ခုက လွန်ခဲ့သောသုံးရက်က ရိုက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဒုတိယမြောက်ဓာတ်ပုံတွင် bougainvillea သည် သူ၏သုံးထပ်တိုက် villa ၏နံရံတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ Netizen များက bougainvillea က နေ့ချင်းညချင်း ကြီးလာသည်ဟု ဆိုကြသည်။ သူနိုးလာသောအခါ နေရောင်ကိုတောင်မမြင်ရတော့ဘဲ Bougainvillea က ပြတင်းပေါက်တွေကိုလုံး၀ဖုံးကွယ်ထားပြီး၊ အပြင်ဘက်နံရံကတော့ နှစ်ပေါင်းများစွာ စွန့်ပစ်ခဲ့သည့် သရဲအိမ်နဲ့တူနေတော့သည်။

[TK: Bougainvilleaကို မြန်မာနိုင်ငံမှာတော့ အနံ့မရှိတာကြောင့် စက္ကူပန်းလို့ခေါ်ကြပါတယ်၊ ပန်းကသာမန်အလှဆင်တဲ့ပန်းပါ၊ အိမ်အပြင်ဘက်မှာပွင့်ကြလေ့ရှိပါတယ်၊ မြင်ဖူးရုံပဲရှိတာကြောင့် ကိုယ်တိုင်စိုက်တာလား၊ သူ့အလိုလိုပွင့်တာလားဆိုတာကိုတော့ မသိပါဘူး၊ ဒါပေမယ့် အရမ်းဆော့လို့တော့ကောင်းပါတယ် အနံ့မရှိလို့အရမ်းသဘောကျတယ်၊ အများဆုံးတွေ့လေ့ရှိကြတဲ့အရောင်ကတော့ ခရမ်းနုရောင်ပဲဖြစ်ပြီး ပန်းရောင်၊လိမ္မော်ရောင်၊အဝါရောင်၊အဖြူရောင်၊ပန်း-ခရမ်းရောင် အစရှိတဲ့အရောင်တွေလည်းရှိပါတယ်]

Cambrian ခေတ်သို့ ပြန်လည်ရောက်ရှိခြင်း(ဘာသာပြန်)Where stories live. Discover now