Chapter 1 (တစ်ကမ္ဘာလုံးဆင့်ကဲပြောင်းလဲခြင်း ၀၁)【Volume 1】

45 10 0
                                    

【Volume 1】

Chapter 1 (တစ်ကမ္ဘာလုံးဆင့်ကဲပြောင်းလဲခြင်း ၀၁)

"ပေကျင်းမြို့စံတော်ချိန် ညနေ ၄ နာရီ ၂၇ မိနစ်တွင် ပြင်းအား ၈.၃ မြေငလျင်တစ်ခုက တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ်ရဲ့ ကော်အာမော့ဒေသတွင် ကီလိုမီတာရာနှင့်ချီအောင် လှုပ်ခပ်သွားပါတယ်။"

"ယနေ့မွန်းလွဲပိုင်းမှာ ငလျင်ရဲ့သက်ရောက်မှုကို တိုင်းတာမရသေးသော်လည်း ငလျင်ဗဟိုချက်က ပင်လယ်ရေမျက်နှာပြင်အထက်မီတာ ၄၀၀၀ ကျော်တွင် တည်ရှိပြီး မိုင်တစ်ရာခန့် လူတစ်ယောက်မှမရှိပါ။"

ချုံရှသည် အဆက်မပြတ်လာနေသော ငလျင်သတင်းကိုလျင်မြန်စွာကြည့်ရှုလိုက်ပြီး၊ သူကစားနေသောဂိမ်းထဲက ဂိမ်းကစားသူများပင်လျှင် ငလျင်အကြောင်းဆွေးနွေးနေသည့် မှတ်ချက်များတင်နေကြပြီး၊ သူ၏လက်ချောင်းများက ကီးဘုတ်ပေါ်တွင် လျင်မြန်စွာလှုပ်ရှားနေသည်။

(ငလျင်ကအရမ်းကြမ်းတာပဲ၊ ဒီလောက်ဝေးတဲ့နေရာကနေတောင် ငါခံစားမိလို့လန့်နိုးလာတာ။)

(ကော်အာမော့ဒေသက လူမရှိတဲ့ဒေသမလို့ ကံကောင်းသွားတယ်၊ ငလျင်က၈.၃တောင်ရှိတာ၊ အခြားမြို့တွေမှာသာဖြစ်သွားရင် အပျက်အစီးအဆုံးအရှုံးတွေ အများကြီးဖြစ်သွားမှာ၊ ကြောက်စရာကောင်းလိုက်တာ။)

(ဟုတ်တယ်၊ လူမရှိတဲ့ဒေသမလို့ ကံကောင်းသွားတယ်၊ ငါ ယွင်နန်ကနေတောင် ခံစားမိတယ်။)

(ဖွီး။ ယွင်နန်က ဘာမှမဟုတ်သေးဘူး၊ ငါ ပေကျင်းကနေတောင် ခံစားမိတယ်။)

(ငါလည်း ဟဲနန်ကနေခံစားမိတယ်။)

『TK: ယွင်နန်နဲ့ ဟဲနန်က တရုတ်ပြည်ရဲ့ပြည်နယ်တွေဖြစ်ပြီး ပေကျင်းကတရုတ်ပြည်ရဲ့မြို့တော်ဖြစ်တာကြောင့် ယွင်နန်နဲ့ ဟဲနန်တို့ထက် ပေကျင်းက ချင်းဟိုင်နဲ့ပိုဝေးပါတယ်』

ဂိမ်းထဲ၌စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြတာကို ကြည့်လိုက်ပြီး ချုံရှစကားဝိုင်းထဲသို့ ဝင်မပြောချင်တော့ပေ။ သူက သူ့နာရီကိုကြည့်လိုက်ပြီး ညနေ ၆ နာရီရှိနေပြီဖြစ်သည်။ မနေ့ကသူ၏အားလပ်ရက်ဖြစ်တာကြောင့် DOTAကို ညဉ့်နက်သည်အထိကစားနေပြီး မနက် ၄နာရီမှသာ အိပ်ရာဝင်ခဲ့သည်။ ငလျင်လှုပ်ခတ်မှုကြောင့် သူလန့်နိုးလာခြင်းဖြစ်၏။ တုန်ခါမှုကအားပျော့တာကြောင့် သူထင်ယောင်ထင်မှားလို့သာ တွေးခဲ့မိသည်။ သို့ပေမယ့် သူထလာပြီး အင်တာနက်ပေါ်၌ ရှာဖွေကြည့်သည့်အခါမှာတော့ ငလျင်တကယ်လှုပ်ခပ်သွားမှန်း သိလိုက်ရသည်။

Cambrian ခေတ်သို့ ပြန်လည်ရောက်ရှိခြင်း(ဘာသာပြန်)Where stories live. Discover now