Chapter 96 ( part 2 )

Start from the beginning
                                    

"ဦး​နှောက်မှာ ပြဿနာရှိ​နေတာမဟုတ်​လောက်ဘူး ၊ နားမှာ ပြဿနာရှိ​နေတာပဲဖြစ်ရမယ် ၊ သူများ ဟွန်းတီး​နေတာ​တောင် သူ မကြားမိဘူးတဲ့​လေ ၊ ဘက်ထရီဘီးနဲ့တိုက်မိ​ရော"

ရွှီကျစ်က အနီးအနားကို​ဝေ့ကြည့်ပြီး ;

"အဲ့ဒီလူ​ရော...."

ဒါရိုက်တာ​ဝေက ​မေးတစ်ချက်ဆတ်ပြ၍ ;

"သွားခိုင်းလိုက်ပြီ ၊ ပစ္စည်းလိုက်ပို့တဲ့​ကောင်​လေးတစ်​ယောက်ပါ ၊ သမီးအ​ဖေက သူများကို အခက်​တွေ့​အောင်မလုပ်ချင်တာနဲ့ ပိုက်ဆံနည်းနည်းပါးပါး​ပဲ​လျော်ခိုင်းပြီး လွှတ်​ပေးလိုက်​တော့တာ"

ရွှီကွမ်းကျိမှာ စိုးရိမ်​ကြောင့်ကြစိတ်တစ်ချက်​လေးမှမရှိ ၊ ​အေး​အေး​ဆေး​ဆေးနှင့် ;

"ဘယ်လိုပဲ​နေ​နေ လက်​ထောက်​ဆေးရုံအုပ်ချိုက်က ​ဖေ​ဖေ့အတွက် ​ဆေးကုန်ကျစရိတ်ဖိုးရ​အောင် စာရင်းသွင်း​ပေးမယ်တဲ့ ၊ အလုပ်က ပြန်တဲ့အချိန်ဖြစ်တာဆို​တော့ အလုပ်​ချိန်တွင်းမ​တော်တဆဖြစ်တာလို့ သတ်မှတ်​လို့ရ​လောက်တယ်"

​နေ့လည်ခင်းတွင်​တော့ ​လောင်ချိုက်မှ အ​ဆောက်အဦး​အောက်ထပ်တွင် လှည့်ပတ်စစ်​ဆေးမည်ဖြစ်ပြီး ဒါရိုက်တာ​ဝေသည်လည်း အလုပ်သွားရဦးမည်ဖြစ်​သော​ကြောင့် ​ဆေးရုံ​လူနာ​စောင့်အဖြစ် ရွှီကျစ်နှင့်ချန်လုကျိုးသာ ကျန်​နေခဲ့သည်။

'​ဝေလင်'တစ်​ယောက်မှာ တစ်​မနက်ခင်းလုံး မန့်ဟွကာတွန်းစာအုပ်ဖတ်​နေသည့်တိုင် စာမျက်နှာ ၂၀ ​ကျော်မှမတက် ၊ အ​​ရှေ့တစ်မျက်နှာဖတ်ပြီးတိုင်း အ​နောက်တစ်မျက်နှာကို အပြန်ပြန်အလှန်လှန်ကြည့်​နေရသည့်အပြင် ပါးစပ်ဖျားမှတတွတ်တွတ်ရွတ်​နေသည်မှာလည်း ;

"​အေ့ ဒီတစ်​ယောက်က ဘယ်သူလဲ ၊ အ​ရှေ့ပိုင်းတုန်းက ​ပေါ်လာဖူး​​သေးလားမသိဘူး"

ချန်လုကျိုးနှင့်ရွှီကျစ်မှာ လူနာကုတင်နှစ်ခုကြားမှ ခုံတန်း​ပေါ်တွင်ထိုင်​နေခြင်းဖြစ်ပြီး ရွှီကျစ်က ​လောင်ရွှီ၏ကုတင်ဘက်လှည့်၍ စကား​ပြော​နေသည့်အချိန်တွင် အရပ်ရှည်ရှည်တစ်​ယောက်မှာဖြင့် သက်​သောင့်သက်သာထိုင်ရင်း တစ်ချက်ချက်၌လည်း အာရုံစူးစိုက်၍ ကာတွန်းစာအုပ်ဖတ်​နေသည့်ဝေလင်အတွက် ​ရေငှဲ့​ပေး​နေလိုက်​သေးသည်။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now