အပိုင်း 96

Comenzar desde el principio
                                    

ထိုစကားကိုကြားသော် လျန်ဖန်းက ပခုံးတွန့်ပြပြီးပြော၏။

"ငါက နှစ်ခါဝင်ပြီးသွားပြီ။ ပထမတစ်ခေါက်တုန်းက အဲဒါကိုခံနိုင်ရည်မရှိလို့ ခြေလှမ်းဆယ်လှမ်းပဲလှမ်းနိုင်ခဲ့တယ်။ ဒုတိယအခေါက်ကျတော့ မီတာရှစ်ဆယ်အထိရောက်သွားတယ်။ ငါသွားနိုင်တာတော့ ဒီလောက်ပဲ"

ဤကိစ္စနှင့်ပတ်သက်ပြီး ယဲ့ချိုးပိုင်က သူ့အားအထင်သေးမည်ကို လျန်ဖန်းက စိုးရိမ်နေသည်။ ထို့ကြောင့် သူ အလောတကြီးရှင်းပြလိုက်သည်။

"ဒီမီတာရှစ်ဆယ်ကို လျှော့မတွက်နဲ့နော်။ မီတာခြောက်ဆယ်ကိုရောက်ပြီးသွားရင် မင်းရဲ့ဓားဆန္ဒက ဓားသိုင်းတာအိုမဟာပညာရှင်တွေနဲ့ယှဉ်နိုင်သွားပြီ"

"ကောင်းပြီ။ မင်း အဲဒီကိုရောက်ရင် သိပါလိမ့်မယ်။ ဒါက မင်းရဲ့ပထမဆုံးအကြိမ်ဆိုတော့ တအားအဝေးကြီးအထိမသွားသင့်ဘူး"

ယဲ့ချိုးပိုင်က ပြုံးရုံသာပြုံးနေပြီး ဘာမှပြန်မပြောချေ။

သူတို့ အထိပ်ပိုင်းဆီသို့ ရောက်လာလေသည်။

လှိုဏ်ဂူအဝတွင် လူအိုကြီးနှစ်ယောက် ရှိ၏။

ထိုလူနှစ်ယောက်၏အဆင့်ကို သူ တပ်အပ်မပြောနိုင်သော်လည်း မပီဝိုးတဝါးဓားဆန္ဒများကမူ လျစ်လျူရှုထားရန်မဖြစ်နိုင်ပေ။

ယဲ့ချိုးပိုင် လှမ်းကြည့်လိုက်လေရာ သူ့နှလုံးခုန်သံများမှာ စည်းချက်တစ်ချက်လွဲသွားရသည်။

ထိုလူနှစ်ယောက်ဟာ အထိန်းတော်မင်ထက် သေချာပေါက် ပိုသန်မာလေသည်။

နယ်မြေလေးခုအဆင့်သတ်မှတ်ချက်စာရင်းဆိုသောအရာမှာ တစ်ကမ္ဘာလုံးရှိ အစွမ်းထက်သိုင်းပညာရှင်များကို မှတ်တမ်းတင်ထားနိုင်ခြင်းမရှိဟန်ပင်။

လျန်ဖန်းက ရှေ့ကိုလျှောက်သွားပြီး အကြီးအကဲနှစ်ယောက်ကို တစ်စုံတစ်ခုပြောလိုက်လေရာ ထိုအကြီးအကဲနှစ်ယောက်က ယဲ့ချိုးပိုင်ကို လှည့်ကြည့်လာကြသည်။

"ကောင်းပြီ။ ဒီလောက်ဆို လုံလောက်ပါတယ်"

"ဒါပေမဲ့ မင်း ထပ်မနေနိုင်တော့ဘူးလို့ ခံစားရရင် ချက်ချင်းနောက်ပြန်ဆုတ်ရမယ်နော်"

ငါ့တပည့်တွေက ဘုရင်တွေ Donde viven las historias. Descúbrelo ahora