အပိုင်း 133

891 66 0
                                    

အခန်း ၁၃၃ : ရေခဲဓားသွားဝိညာဉ်

ထိုအချိန်တွင် စံအိမ်တော်၌..

ဟုန်ရင်က ပြန်ရောက်လာပြီဖြစ်ပြီး မုဝမ်အာနှင့် စကားစမြည်ပြော၍ရယ်မောနေချေသည်။

လုချန်ရှန်းကမူ နင်းချန်ရှင်းနှင့်အတူ ပြန်ရောက်လာသည်။ သူ(မ) ရှေ့ကိုတိုးသွားပြီး​ နှုတ်ဆက်လိုက်သည်။

"ဆရာ"

လုချန်ရှန်းကလည်း ခေါင်းညိတ်ပြလျက် မေးလိုက်သည်။

"ကိစ္စက ဖြေရှင်းပြီးပြီလား"

ဟုန်ရင်ကခေါင်းညိတ်ပြ၍ ပြုံးလိုက်၏။

"ဆရာ့ကျေးဇူးတွေကြောင့်ပါ"

"အိုး.. တတိယဆရာတူမောင်လေးလည်း ပြန်ရောက်နေတာပဲ"

နင်းချန်ရှင်းကမူ ဘာမှမကြားလိုက်သည့်အလား တုံ့ပြန်လာသည်။ သူက ဘေးတစ်ဖက်တွင်ထိုင်ချလိုက်ပြီး တစ်စုံတစ်ခုကိုစဉ်းစားနေသည့်အလား မျက်မှောင်ကြုတ်ထားလေသည်။

လုချန်ရှန်းက သူ့အစားပြောပေးလိုက်၏။

"ကဲ မင်းရဲ့ဆရာတူမောင်လေးကို အခုတော့ သွားမနှောင့်ယှက်နဲ့ဦး။ သူက တစ်ခုခုကိုစဉ်းစားနေတုန်းမို့"

ဟုန်ရင်လည်း နားလည်သဘောပေါက်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

တစ်ခါတစ်ရံတွင် ကျင့်ကြံအားထုတ်မှု၌ မဖြေရှင်းနိုင်သောပြဿနာတစ်စုံတစ်ရာနှင့်ရင်ဆိုင်ရသည့်အခါ သူတို့ကိုယ်ပိုင်ကမ္ဘာလေးထဲမှာပင် ပိတ်မိနေတတ်ပေသည်။

သူ သူ(မ)ကိုသတိမထားမိသည်မှာ မဆန်းပေ။

ထိုအချိန်၌ မုဝမ်အာက စာအုပ်ပိုက်လျက်ပြေးလာပေသည်။ သူ(မ)က အပြုံးလေးဖြင့် ပြောလာ၏။

"ဦးလေး... ကျွန်မ ဆေးအသစ်ဖော်စပ်ထားတယ်"

လုချန်ရှန်းလည်း သိချင်စိတ်ဖြင့်လှည့်ကြည့်ပြီး မေးလိုက်မိသည်။

"ဘာဆေးလဲ"

မည်သို့ပင်ဖြစ်စေ သူသည် သူ့ကိုယ်ပိုင်အကြံဉာဏ်ဖြင့် ဆေးဖော်စပ်မွမ်းမံသူဖြစ်သည်။ ဤကမ္ဘာပေါ်ရှိ ဆေးဖော်စပ်နည်းများကို သူ လုံးဝမမြင်ဖူးဟုပင် ဆိုနိုင်သည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now