အပိုင်း 135

538 45 1
                                    

အခန်း ၁၃၅ : မိုးမခပင်ရေ.. ဒီတော့ ငါ့ရဲ့ဆေးဝါးဖော်စပ်နည်းက တအားလွန်ကဲနေတာပေါ့

ဝိညာဉ်ရေးရာလက်နက်များမှာ ကောင်းကင်ဘုံ၊ မြေကမ္ဘာ၊ အနက်ရောင်နှင့် အဝါရောင်ဟူသော အဆင့်သတ်မှတ်မှုမျိုးမရှိချေ။ ၎င်းတွင် အဆင့်နိမ့်၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့်နှင့် ထိပ်တန်းအဆင့်ဟူ၍သာရှိသည်။
ဝိညာဉ်ရေးရာလက်နက်များအထက်တွင်ရှိနေသည်မှာ ဧကရာဇ်လက်နက်များဖြစ်၏။ သို့သော် ဤဘုံ၌ ဧကရာဇ်လက်နက်ဟူ၍ မရှိခဲ့ဖူးပေ။ ဧကရာဇ်လက်နက်ဖန်တီးရာတွင် သတ်မှတ်ချက်များမှာ ပြင်းထန်လှသည်။ ဤဘုံထဲရှိဝိညာဉ်ရေးရာချီစွမ်းအင်များအားလုံး ခမ်းခြောက်သွားသည်အထိ စုပ်ယူပြီးသွားလျှင်တောင် ၎င်းကိုထုတ်လုပ်ဖို့မဖြစ်နိုင်ပေ။

ဤကမ္ဘာထဲတွင် ကောင်းကင်ဘုံအဆင့်ရတနာတစ်ပါးကတင် အဆင့်မြင့်လှပြီဟု ဆိုနိုင်လေသည်။ ဝိညာဉ်ရေးရာလက်နက်များအဖို့တော့… ထိုအဆင့်အထိရောက်နိုင်ဖို့မှာ ခက်ခဲလွန်းလှသည်။

ထိုအချိန်တွင် ယဲ့ချိုးပိုင်က သူ့မျက်လုံးများကိုဖွင့်လာပြီး မှော်နက်မိစ္ဆာဓားသွားကို ကောက်ကိုင်လိုက်သည်။ ထိုစဉ် မှော်နက်မိစ္ဆာဓားသွားသည် ပြောင်းလဲမှုအနည်းငယ်ဖြစ်သွား၏။ အလယ်နားတွင် ဓားသွားတစ်လျှောက်ပြေးလွှားနေသော ရေခဲပြာရောင်ပုံစံတစ်ခုရှိသလို ခပ်ဖျော့ဖျော့ထုတ်လွှတ်နေသော ရေခဲဓားဆန္ဒလည်း ရှိနေချေသည်။

လက်ရှိယဲ့ချိုးပိုင်မှာ မှော်နက်မိစ္ဆာဓားကိုအသုံးပြုလိုက်ချိန်၌ ယခင်ကထက် အဆပေါင်းများစွာ သန်မာအားကောင်းနေသည်ဟု ဆိုနိုင်လေသည်။

ယဲ့ချိုးပိုင်က ဓားကိုပွတ်သပ်ရင်း ပြုံးလိုက်မိသည်။

"ငါ့နောက်ကိုလိုက်ခဲ့ပါ။ ငါက မင်းကိုတောက်ပနိုင်မဲ့အခွင့်အရေးပေးမယ်"

ဝီ…ဝီ….

မှော်နက်မိစ္ဆာဓားသည်  နားအူလောက်သည့်အသံတစ်သံကို ထုတ်လွှတ်လာသည်မှာ ယဲ့ချိုးပိုင်၏စကားကို ခွန်းတုံ့ပြန်နေသည့်အလားပင်။

ထို့နောက် ယဲ့ချိုးပိုင်က သူ့ဓားကိုအဝေးပို့လိုက်ပြီး မျက်စိမှိတ်ထားဆဲဖြစ်သောမုကျီချင်းကို ကြည့်လိုက်သည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now