CHAPTER 17

229 26 1
                                    

Ning Tang က ပြောလိုက်သည်။
" ငါတို့ ဈေးကပြန်လာတာ၊ ပုစွန်ခြောက်နည်းနည်းနဲ့
အခြားနည်းနည်းကို အဖေ၊ အမေ၊ ဦးလေး နဲ့ ဒေါ်လေး‌တို့ကို ပို့ပေးမလို့"

Ning Xue က ခေါင်းညိတ်လိုက်သည်။ အစ်မကြီးတစ်ယောက် လေသံနဲ့
" သားသမီး ၀တ္ထရား ကျေပွန်တာ ကောင်းတယ်"

စကားပြောပြီးနောက် သူမက Ning Tang နောက်ကနေလိုက်ပြီး အထုတ်တွေ သယ်ထားသည့် Dawa ၊ Erniu နဲ့ Sawa တို့ကိုသဘောမကျစွာ တစ်ချက်ကြည့်လိုက်လေသည်။
" အထုတ်တွေက နင်သယ်လို့ရတယ်၊ ဒါပေမယ့် ကလေးတွေက အရမ်းငယ်သေးတယ် ဘာလို့ကလေးတွေကို ပစ္စည်းအများကြီး သယ်ခိုင်းတာလဲ?"

Ning Tang က ကြက်သေ သေသွားသည်။
ရေမြင်းတွေနဲ့ ပုစွန်တွေက အရွယ်အစား သေးသေးလေးတွေ ပြီးတော့ အလေးချိန်လည်း သိပ်မရှိဘူး။
သူတို့အတွက် သယ်ဖို့ သိပ်မခက်ခဲဘူး ပြီးတော့
ကလေးသုံးယောက်ကတောင်မှ မကျေမနပ်မပြောဘူး။ Ning Xue တစ်ယောက်ကသာ နစ်နာနေပုံရတယ်။

Ning Xue က ရှေတိုးလိုက်ပြီး Dawa ရဲ့ ခေါင်းကို ကြင်နာစွာ ထိလိုက်ပြီး သူ့လက်ထဲက အထုတ်တွေကို ယူချင်ခဲ့တယ်။
" အဒေါ်က သားအမေရဲ့ ၀မ်းကွဲပဲ၊ သား အဒေါ့်ကို အဒေါ်လို့ ခေါ်လို့ရတယ် ပြီးတော့ ဈေးကနေ အများကြီးသယ်လာရတာ ပင်ပန်းနေမှာပေါ့။ လာ အဒေါ် မင်းကို ကူသယ်ပေးမယ်"

Dawa က သူမနဲ့ နီးစပ်သွားပြီး သူမကို တိုင်တန်းမယ်လို့ တွေးလိုက်ပြီး Dawa က သူ့ရဲ့ လက်နှစ်ဖက်လုံးကို သူ့နောက်ကျောမှာ ထားပြီးတော့ သူမကို သတိထားပြီးကြည့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့ဘူး။
" မပေးဘူး၊ သား ဒါတွေကို မင်းကို မပေးဘူး"

စကားပြောပြီးနောက် Dawa က Ning Tang ကို စိတ်လှုပ်ရှားစွာ ကြည့်ပြီး
" သား ဒါတွေကို သူမကို မပေးလိုက်ဘူး။ ဒါတွေကို သား ဘာသာ သား သယ်နိုင်တယ်"

Ning Tang က Ning Xue ရဲ့ အကူအညီကို အကြောင်းပြချက်အဖြစ်သုံးပြီး သူ့ကို တရုတ်ဆီးသီး မပေးမှာကို သူက ကြောက်လန့်နေလေသည်။

Ning Xue က သူမရဲ့ လက်ကို ဆန့်ထုတ်နေပြီးအဲ့မှာပဲ ရပ်နေတယ် ပြီးတော့ Ning Tang က Dawa ရဲ့ တုံ့ပြန်မှုကြောင့် ရယ်မိမလို ဖြစ်သွားလေသည်။ သူမက ပြန်ဖြေလိုက်သည်။
" ဟုတ်ပါပြီ၊ မင်း သူမကို မပေးဘူး၊ မင်း ဘာသာ မင်း သယ်တယ်"
သူမက Ning Xue ကို ကြည့်လိုက်ပြီး
" နင်တွေ့ပြီလား ငါ သူတို့ကို သယ်ခိုင်းတာ မဟုတ်ဘူး၊ အဲ့တာက Dawa က သူဘာသာသူ သယ်မယ်လို့ တောင်းဆိုလို့ပဲ"

၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေးOpowieści tętniące życiem. Odkryj je teraz