CHAPTER 9

275 27 0
                                    

တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုခေါ်မလဲဆိုတာ အတည်ပြုဖို့ နာရီ၀က်လောက်ကြာသွားပြီး Shen Lie က နာရီကြည့်လိုက်တဲ့အခါ 7:30 တောင်ရှိနေပြီဖြစ်သည်။

Shen Lie က အင်္ကျီလက်ကို လိပ်တင်လိုက်သည်။
" ကိုယ် ထမင်းချက်လိုက်ဦးမယ်။"

Shen Lie က မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေသည့်အချိန် Ning Tang က ဘာမှလုပ်စရာမရှိဘဲ အိမ်ထဲကို လျှောက်ကြည့်နေခဲ့သည်။

အိမ်က စုစုပေါင်းနှစ်ထပ်ရှိပြီး ပထမထပ်မှာ ဧည့်ခန်း၊ မီး‌ဖိုချောင်၊ ရေချိုးခန်းနဲ့  rosewood
ပရိဘောဂတွေကို ဧည့်ခန်းထဲမှာထားထားကာ စားပွဲအရှည်ကြီးနဲ့ ခုံတွေပါရှိနေသည်။ နံရံမှာ ချိတ်ဆွဲထားသည့် နာရီလည်းရှိနေသည်။

ဒုတိယထပ်မှာ အခန်းသုံးခန်းရှိသည်။ Ning Tang က အမြန်တစ်ချက်ကြည့်လိုက်ပြီးအနီးကပ်မကြည့်တော့ဘူး။

ဒုတိယထပ် အပေါ်မှာ ထပ်ခိုးရှိသည်။ ဖြစ်နိုင်တာက နေရာ ကျယ်စေဖို့ ခေါင်မိုးကို အစားထိုးထားထားပြီး ထပ်ခိုးကို သွားဖို့ တံခါးလေးမှာ သော့ခတ်ထားလေသည်။ Ning Tang က အပေါ်ကိုတက်မသွားနိုင်ဘဲ အဝေးကခြံထဲကနေပဲ မော့ကြည့်နိုင်လေသည်။ ဘစိတ်၀င်စားစရာ ဘာမှမရှိဘဲ ဗလာဖြစ်နေတယ်။

အားလုံးခြုံကြည့်လိုက်ရင် နှစ်ထပ်အိမ်လေးက
ကျယ်ဝန်းပြီး အတော်လေးသန့်ရှင်းပြီးသေသပ်နေပြီးတော့ Ning Tang က အတော်လေးစိတ်ကျေနပ်နေတယ်။

ဘာပဲဖြစ်ဖြစ် အနာဂတ်မှာ သူမက ဒီနေရာမှာနေရမှာ ဖြစ်ပြီး သက်တောင့်သက်သာနေနိုင်တာက
ပိုကောင်းတာ သေချာတယ်။

သူမ ဒုတိယ အထပ်ကို လှည့်ပတ်ကြည့်ပြီးတဲ့အချိန်
Shen Lie က ထမင်းဟင်းချက်ပြီးပြီ ဖြစ်သည်။

အိမ်မှာ ဆန်ခေါက်ဆွဲအနည်းငယ်ကျန်သေးပြီး Shen Lie က အန်တီ Lou စီကနေ ခရုလက်ဆောင် လက်ခံရရှိထားသေးသည်။ သူက ရိုးရှင်းစွာ ခေါက်ဆွဲတစ်အိုးချက်ပြီး ခရုတွေကို ပေါင်းလိုက်လေသည်။

ဒါ့ကြောင့် စားပွဲပေါ်တွင် ခေါက်ဆွဲပါးပါး ပန်းကန်လုံးငါးလုံးနဲ့ ပန်းကန်ပြားကြီးတစ်ခုနဲ့ ပေါင်းထားသည့် ခရုတွေကို တင်ထားလေသည်။

၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေးWhere stories live. Discover now