CHAPTER 8

280 32 0
                                    

Shen Lie က သူတို့နှစ်ယောက်ကို အဲ့မိန်းမကြီးနဲ့ မိတ်ဆက်ပေးလိုက်သည်။
" ဒါက အစ်မ Luo၊ ပထမယူနစ်ရဲ့ နိုင်ငံရေးကော်မရှင်ရဲ့ ဇနီး "

" မင်းတို့ အစ်မကို အစ်မ Luo လို့ခေါ်လို့ရတယ်"
အစ်မ Luo က ပြောလိုက်ပြီးတော့ Ning Tang နဲ့ Ning Xue ကို မေးလိုက်လေသည်။
" မင်းတို့က ခေါင်းဆောင် Shen နဲ့ တပ်မှူး  Su တို့ရဲ့ ဇနီးတွေမလား။ မှန်တယ်မလား?"

Shen Lie နဲ့ Su Junyan က မျက်မမြင်ချိန်းတွေ့ဖို့အတွက် ခွင့်ယူပြီး သူတို့ရဲ့ အိမ်ထောင်ရေး အစီရင်ခံစာကို တင်သွင်းတာက ကျွန်းမှာ လျှို့ဝှက်ချက်‌တော့ မဟုတ်ဘူး။ အထူးသဖြင့် အစ်မ Luo
ယောင်္ကျားက နိုင်ငံရေး ကော်မရှင်ဖြစ်ပြီးတော့
အိမ်ထောင်ရေး အစီရင်ခံစာအားလုံးကို သူက ပထမဆုံး အတည်ပြုပေးရတာဖြစ်သည်။
Ning Tang နဲ့ Ning Xue တို့က( Shen Lie နဲ့ Su Junyan)သူတို့ရဲ့တစ်ဖက်စီမှာ နီးကပ်စွာ ရပ်နေခဲ့သည် ဒါကြောင့်
အဲ့ဒါက သိသာကာ မျက်စိရှိတဲ့ လူတိုင်းမြင်နိုင်တယ်။ အစ်မ Luo သိလျက်နှင့် မေးခွန်းမေးလိုက်သည်။

Ning Xue က ပင်လယ်လှိုင်းမူးခြင်းကို ခံစားနေရပြီး နားချင်နေခဲ့တယ် ဒါပေမယ့် အစ်မ Luo က သူမကို ရပ်လိုက်လေသည်။ သူမက အနည်းငယ် မပျော်ရွှင်ဖြစ်‌နေခဲ့ပြီး အစ်မ Luo ရဲ့ စိတ်နေစိတ်ထား နဲ့ အသွင်အပြင်က ရိုးရှင်းနေတာကိုကြည့်ပြီးတော့ သူက သူမကို နိမ့်ချစွာကြည့်လိုက်လေသည်။

ဒါကြောင့် အစ်မ Luo က မေးတဲ့အချိန် သူမက အေးစက်စွာ တုံ့ပြန်လိုက်သည်။
" Mm "
နောက်တစ်ဖက်မှာတော့ Ning Tang က ပိုပြီး
တက်ကြွပြီး ပြန်ဖြေလိုက်သည်။
" ဟုတ်ပါတယ်။ ကျွန်မ နာမည်က Ning Tang ပါ။ အစ်မ ကျွန်မကို Xiao Ning လို့ ခေါ်လို့ရတယ်။"

Ning Tang က အစ်မ Luo တစ်နေ့ခင်းလုံး
သယ်ထားတဲ့ ပုံးကိုကြည့်လိုက်သည်။ အနီရောင်
ပလပ်စတစ်ပုံးထဲမှာ အသေး၊ အနက်၊ မီးခိုးရောင် အခွံတွေနဲ့ ပြည့်နေပြီးတော့ အဲ့ဒါတွေက ဗုဒ္ဓလက်နဲ့ တူနေလေသည်။ သူမက မေးလိုက်လေသည်။
" အန်တီ ဘာတွေကို သယ်ထားတာလဲ?"

အစ်မ Luo က Ning Tang က သူမ တစ်နေ့ခင်းလုံး လုပ်နေတဲ့ အရာကိုစိတ်၀င်စားနေတာကိုသိ သွားပြီးတော့ သူမက အဲ့အကြောင်းကို ပြောဖို့အတွက် စိတ်အားထက်သန် သွားသည်။
" Xiao Ning၊ နင်က ကုန်းတွင်းပိုင်းကဆိုတော့
ဒါကို နင် အရင်တုန်းက မမြင်ဖူးလောက်ဘူး။"
ဒါကို ခရုလို့ ခေါ်တယ်တယ်။ အဲ့ဒါကို စားလို့ရတယ်။"

၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေးWhere stories live. Discover now