CHAPTER 14.2

198 24 0
                                    

Dawa နဲ့ Erniu တို့က တရုတ်ဆီးသီး တွေကို သူတို့ရဲ့ပါးစပ်ထဲ ထည့်လိုက်ပြီး စားနေရင်းခေါင်းညိတ်လိုက်သည်။
တစ်ခုစားပြီးနောက် Dawaက စိတ်မကျေနပ်သေးဘူး။ သူက Ning Tang လက်ထဲမှာ ရှိနေသည့် တရုတ်ဆီးသီး အိတ်ကြီးကို မျက်စိကျနေသေးသည်။
" မိထွေး၊ သားစားချင်သေးတယ်"

Ning Tang က သူမ သူတို့ကို နောက်တစ်ခုပေးလို့ ရသေးတယ်လို့ တွေးလိုက်တယ် ဒါပေမယ့် သူမက ခေါင်းခါလိုက်သည်။
" မရှိတော့ဘူး"
" မဟုတ်တာတွေ!" Dawa က အော်လိုက်သည်။
" အဲ့ဒီမှာ တစ်အိတ်လုံး ရှိနေသေးတယ်!"

Erniu က သူမရဲ့ လက်တွေကို တင်ပါးပေါ် တင်လိုက်ပြီး
" မိထွေး ရှင်ပြောတော့ သမီးတို့စားချင်တာရှိရင်
မေးလို့ရတယ်ဆို။ ရှင် လိမ်နေတာပဲ"
" ငါမလိမ်ဘူး" Ning Tang ကပြောလိုက်သည်။
" ငါ ပြောတာက မင်းတို့စားချင်တာရှိရင် ပြောလို့ရတယ် ဒါပေမယ့် မင်တို့ပြောတာနဲ့ အဲ့ဒါတွေကို ပေးမယ်လို့ ပြောလို့လား?"
သူမက Dawa နဲ့ Erniu ကို ကြည့်လိုက်သည်။
" ငါ ပြောလို့လား?"

Dawa၊ Erniu နဲ့ Sawa တို့က တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီး မြေပြင်ပေါ် ထိုင်လိုက်ပြီးနောက် ခေါင်းမာစွာ ပြုမူနေသည်။
"  သားတို့ဂရုမစိုက်ဘူး သားတို့စားချင်သေးတယ်"
သူတို့က ပြောလိုက်သည်။

ဟ! Ning Tang က သူတို့ရဲ့ ခေါင်းမာမှုကြောင့်
မယိမ်းယိုင်သွားဘူး။

သူမက စင်အမြင့်ပေါ်မှာ တရုတ်ဆီးသီး တွေကို တင်ထားလိုက်ပြီး သူမက လက်ချိတ်လိုက်ကာကြောင်အိမ်ကို မှီလိုက်ပြီး Dawa၊ Erniu နဲ့ Sawa တို့ ခေါင်းမာစွာ ပြုမူနေတာကို ကြည့်နေလိုက်သည်။

Ning Tang ရဲ့ သဘောထားကို မြင်ပြီး ကလေးသုံးယောက်က သူတို့ ခေါင်းမာစွာ ပြုမူနေရုံနဲ့ သူတို့ တရုတ်ဆီးသီး တွေကို မရနိုင်ဘူးဆိုတာကို သိသွားလေသည်။

ကလေးတွေက မြေပြင်ပေါ်က ထကာ သူတို့ရဲ့ အောက်ပိုင်းတွေကို ပုတ်လိုက်ပြီး အရမ်းမပျော်ရွှင်နေဘူး။

Ning Tang က ရယ်လိုက်ပြီး
" မင်းတို့စားချင်ရင် မင်းတို့ လုပ်နိုင်တယ်...."

သူမက စားပွဲပေါ်က မဆေးရသေးသည့် ပန်းကန်တွေကို ညွှန်ပြလိုက်ပြီး လက်တစ်ချောင်းထောင်ကာ
" တစ်ပန်းကန်ဆေးရင် တရုတ်ဆီးသီး တစ်ခုရမယ်။
အဲ့ဒါက ကောင်းမွန်တဲ့ သဘောတူညီမှုပဲ မဟုတ်ဘူးလား?"

Dawa က တရုတ်ဆီးသီး ရဲ့ ချိုမြိန်မှုကို သတိရသွားပြီး လက်နှစ်ချောင်းထောင်လိုက်သည်။
" တစ်ပန်းကန်ဆေးရင် တရုတ်ဆီးသီး နှစ်ခု"
ပြီးတော့ သူက လက်နှစ်ချောင်းချလိုက်ပြီး လက်သုံးချောင်း ထောင်လိုက်သည်။
" မဟုတ်ဘူး မဟုတ်ဘူး တရုတ်ဆီးသီး သုံးခု"

Erniu က သဘောတူလိုက်သည်။
" ဟုတ်တယ်၊ တစ်ပန်းကန်ဆေးရင် တရုတ်ဆီးသီး သုံးခုပဲ"

Sawa က အစာစားချင်စိတ် နည်းပါးတယ် ပြီးတော့  တရုတ်ဆီးသီး တစ်ခုက သူ့အတွက် လုံလောက်တယ်။ သူက သူဘယ်လောက်ရလဲ ဂရုမစိုက်ဘူး။

" မင်းတို့နှစ်ယောက်က မြေကြီးပေါ်ထိုင်ပြီးတော့ ဘာလို့ ဈေးနှုန်းမြင့်နေတာလဲ?"
Ning Tang ကပြောလိုက်သည်။
" မရဘူး၊ တရုတ်ဆီးသီး နှစ်ခုက အများဆုံးပဲ"

Dawa က သူ့ရဲ့လက်တွေကို သူ့နောက်ကျောမှာထားပြီး ခေါင်းရမ်းလိုက်သည်။
" သားက သုံးခုလို့ပြောတာ၊ သုံးခုပဲ"

Ning Tang ကပြောလိုက်သည်။
" ဒါဆိုထားလိုက်တော့၊ ငါ့ဘာသာငါပဲ ဆေးတော့မယ်"

အဲ့ဒါကို ကြားကြားချင်း Dawa ၊ Erniu နဲ့ Sawa တို့က ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး
Ning Tang ကို အမြန်ရပ်တန့်လိုက်လေသည်။
" ကောင်းပြီ၊ တရုတ်ဆီးသီး နှစ်ခုပဲ"
" ဟွန့်၊ ငါအခု စိတ်ပြောင်းသွားပြီ၊။ ငါ တရုတ်ဆီးသီး တစ်ခုပဲ ပေးတော့မယ်"

Dawa က လန့်ပြီး‌ ကြောက်သွားသည်။
" မင်းအခုပဲ တရုတ်ဆီးသီး နှစ်ခုပေးမယ်လို့ ပြောလိုက်တယ် မဟုတ်ဘူးလား?!"

Ning Tang က သူမကိုယ်သူမ ညွှန်ပြပြီး
" ငါက မိန်းမတစ်ယောက်ပဲ။ မိန်းမတွေက ပြောင်းလဲလွယ်ကြတယ်ဆိုတာ မင်းမသိဘူးလား?"

*****
Paid group ၀င်ချင်ရင် Chat box လာပါနော် ❤️❤️❤️

၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေးWhere stories live. Discover now